သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္ကူးစက္မႈေလ်ာ့နည္းေဒသေတြ ဝန္ထမ္းအင္အားျပည့္ ျပန္ဆင္းရမယ္


ရန္ကုန္ၿမိဳ႕ လိႈင္သာယာၿမိဳ႕နယ္မွာ ေတြ႔ရတဲ့ အလုပ္သမား တခ်ိဳ႕။ (ေအာက္တိုဘာ ၁၂၊ ၂၀၂၀)

[Zawgyi/Unicode]

ျမန္မာႏုိင္ငံမွာ ကုိဗစ္ကပ္ေရာဂါ ကူးစက္မႈေတြ အဆုိးဆုံး ႀကံဳေနရတဲ့ ေဒသေတြကလဲြလုိ႔ က်န္ေနရာေတြမွာ ေရွ႕တပတ္ကစၿပီး အစိုးရဝန္ထမ္းေတြ ပုံမွန္အတိုင္း အလုပ္ျပန္ဆင္းရေတာ့မယ့္အေၾကာင္းကို ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ မအိမ့္သႏၱာထြန္းက ေျပာျပေပးပါမယ္။

အစိုးရ႐ုံးစုိက္ရာ ေနျပည္ေတာ္ အပါအ၀င္ အိမ္ျပင္မထြက္ရ အမိန္႔နဲ႔ အက်ဳံးမ၀င္တဲ့ တုိင္းနဲ႔ျပည္နယ္ေတြမွာ အစုိးရ၀န္ထမ္းေတြ ပုံမွန္အတုိင္း အလုပ္ျပန္ဆင္းၾကဖုိ႔႔ COVID 19 ကာကြယ္ထိန္းခ်ဳပ္ ကုသေရးအမ်ိဳးသားအဆင့္ ဗဟိုေကာ္မတီက ညႊန္ၾကားခ်က္ ထုတ္ျပန္လုိက္တာပါ။ ေရာဂါကူးစက္မႈေတြကုိ ထိန္းခ်ဳပ္လာႏုိင္တာေၾကာင့္ ၂ လေက်ာ္ၾကာ ႏွစ္ပတ္႐ုံးတက္၊ ႏွစ္ပတ္ အိမ္မွာ အလုပ္လုပ္ရတဲ့ အစီအစဥ္ကို ႐ုပ္သိမ္းၿပီး မူလအင္အားအတိုင္း အျပည့္အဝ တာဝန္ထမ္းေဆာင္ဖို႔ ဆုံးျဖတ္လိုက္တာ ျဖစ္ေၾကာင္းလည္း မေန႔တုန္းက ထုတ္ျပန္တဲ့ ညႊန္ၾကားခ်က္မွာ ေဖာ္ျပထားပါတယ္။

ကပ္ေရာဂါကူးစက္မႈ အႏၱရာယ္ ရွိေနဆဲ အခ်ိန္မွာ ၀န္ထမ္းေတြ ပုံမွန္အတိုင္း အလုပ္ဆင္းတဲ့အခါ ေရာဂါကူးစက္မႈကို တားဆီးႏိုင္ဖို႔ ကာကြယ္ေရး အစီအမံေတြ ျပင္ဆင္ထားတယ္လို႔လည္း ေရာဂါကူးစက္သူ အတည္ျပဳလူနာ မရွိေသးတဲ့ စစ္ကုိင္းတုိင္း၊ ကေလးဝၿမိဳ႕နယ္ ဒုတိယ အုပ္ခ်ဳပ္ေရးမွဴး ဦးဇင္ဝိုင္းက ေျပာပါတယ္။

“က်ေနာ္တို႔ ၿမိဳ႕နယ္ အေနနဲ႔ကေတာ့ Stay Home ထဲလည္း မပါဘူး၊ လက္ရွိမွာ ပိုးေတြ႕တဲ့ၿမိဳ႕နယ္လည္း မဟုတ္ေသးဘူးခင္ဗ်... က်ေနာ္တို႔ ၿမိဳ႕နယ္က။ ဒါက လူႀကီးေတြက ျပန္တက္ဆိုရင္ေတာ့ တက္ရမွာေပါ့။ အတတ္ႏိုင္ဆုံးေတာ့ ေရာဂါမကူးေအာင္ေတာ့ ျပည္သူေတြနဲ႔ ထိေတြ႕ဆက္ဆံတဲ့ေနရာမွာေတာ့ ထုံးစံအတိုင္းေပါ့။ ၿပီးေတာ့ ႐ုံးကိုလာမယ္ဆိုရင္ ၫႊန္ၾကားခ်က္လည္းရွိတယ္။ လူေတြနဲ႔ တိုက္႐ိုက္ထိေတြမႈ မျပဳလုပ္ရဘူး။ မျဖစ္အေနလိုအပ္မွ လုပ္ရမယ္ဆိုၿပီးေတာ့ေလ။ လာတယ္ဆိုရင္ စာေပးစာယူ ဌာနစိတ္ကို က်ေနာ္က အျပင္ထုတ္ထားတယ္။ အဓိကကေတာ့ ဒီစာေပးစာယူနဲ႔ပဲ သြားၾကမွာေပါ့ဗ်ာ။ က်န္တာေတာ့ တိုက္႐ိုက္ထိေတြ႕ၿပီးလုပ္ရတာကေတာ့ က်ေနာ္တို႔က ဌာနေတြျဖစ္တဲ့အတြက္ စာနဲ႔ပဲသြားတာျဖစ္တဲ့အတြက္ အဆင္ေျပပါတယ္ခင္ဗ်။”

ျမန္မာႏုိင္ငံမွာ ကုိဗစ္ကပ္ေရာဂါ တေက်ာ့ျပန္ ကူးစက္မႈေတြ တုိးလာရာက ၁ လမွာ သီတင္း ၂ ပတ္ ႐ုံးတက္ၿပီး၊ သီတင္း ၂ ပတ္ကုိ အိမ္ကေန အလုပ္လုပ္တဲ့ အစီအစဥ္ကုိ စက္တင္ဘာလလယ္က စၿပီး က်င့္သုံးခဲ့တာပါ။ ကုိဗစ္ေရာဂါကူးစက္မႈေတြ အမ်ားဆုံး ႀကံဳေနရတဲ့ ရန္ကုန္တုိင္းနဲ႔ တေက်ာ့ျပန္ကူးစက္မႈေတြ စတင္ခဲ့တဲ့ ရခုိင္ျပည္နယ္ အျပင္ ေရာဂါကူးစက္မႈမ်ားတဲ့ ျပည္နယ္နဲ႔တုိင္းေတြက ၿမိဳ႕နယ္တခ်ဳိ႕မွာေတာ့ အိမ္ျပင္မထြက္ရ အမိန္႔ထုတ္ထားဆဲ ျဖစ္တာေၾကာင့္ အစုိးရ၀န္ထမ္းေတြ အလုပ္ျပန္ဆင္းရမယ့္ အစီအစဥ္မွာ မပါ၀င္ၾကပါဘူး။

မြန္ျပည္နယ္ ေခ်ာင္းဆုံၿမိဳ႕နယ္ ဒုတိယအုပ္ခ်ဳပ္ေရးမွဴး ဦးရဲထြန္းေနာင္ကေတာ့ ေရာဂါကူးစက္မႈေတြေၾကာင့္ အိမ္ျပင္မထြက္ရ အမိန္႔ထုတ္ထားတဲ့ ေမာ္လၿမိဳင္ၿမိဳ႕နဲ႔ နီးေပမဲ့ ကူးစက္မႈအႏၱရာယ္ မမ်ားတာေၾကာင့္ ၀န္ထမ္းေတြ အလုပ္ဆင္းႏုိင္တဲ့ အေျခအေနမွာ ရွိတယ္လုိ႔ ေျပာပါတယ္။

“က်ေနာ္တို႔ကေတာ့ ပုံမွန္ ေခ်ာင္းဆုံကေတာ့ ေအးလည္းေအးခ်မ္းတယ္။ ကူးစက္မႈကလည္း အဲ့ဒီေလာက္ထိလည္း မမ်ားဘူးေလ။ လုပ္ငန္းကေတာ့ လူကေတာ့ ပုံမွန္ အျပည့္တက္တယ္ဆိုရင္ေတာ့ လုပ္ငန္းက ပိုအဆင္ေျပတာေပါ့။ အရင္တုန္းက ၅၀ ရာခိုင္ႏႈန္းဆိုေတာ့ က်န္တဲ့သူေတြက သူတို႔အတြက္ပါ ပိုႀကိဳးစားရတာေပါ့။ ပိုအင္အားထည့္လုပ္ရတာေပါ့။ ခုက အားလုံးျပန္လုပ္ရမယ္ဆိုရင္ေတာ့ လုပ္ငန္းပိုင္း အဆင္ေျပသြားတယ္။”

မၾကာေသးခင္က လေတြ စလုိ႔ ကုိဗစ္ေရာဂါကူးစက္မႈေတြ တုိးလာေနတဲ့ ျမန္မာႏုိင္ငံမွာ ၿပီးခဲ့တဲ့လဆန္းက ေရြးေကာက္ပဲြေတြ က်င္းပခဲ့တာေၾကာင့္ လူအမ်ားထိေတြ႔ဆက္ဆံမႈေတြ ရွိခဲ့ရာက ေရာဂါကူးစက္မႈေတြ တုိးလာမွာကုိ စုိးရိမ္မႈေတြလည္း ထြက္ေပၚေနတာပါ။ ကပ္ေရာဂါကူးစက္သူေတြကုိ အကူအညီေပးေရး လုပ္ငန္းေတြမွာ ပါ၀င္ေနတဲ့ အေထြေထြေရာဂါ အထူးကု ဆရာဝန္ ေဒါက္တာမိုးေအာင္ေက်ာ္ႏိုင္ကေတာ့ ႐ုံးျပန္ဆင္းတဲ့အခါ ၀န္ထမ္းေတြအေနနဲ႔ က်န္းမာေရး လမ္းညႊန္ခ်က္ေတြကုိ တိတိက်က် လုိက္နာဖုိ႔ လုိတယ္လုိ႔ သတိေပးပါတယ္။

“ခုအခ်ိန္မွာက ဘယ္သူ႔ဆီမွာ ပိုးရွိသလဲဆိုတာ မသိႏိုင္တဲ့ အေနအထားျဖစ္ေနတယ္။ လူတိုင္းလူတိုင္းက ပိုးရွိေနႏိုင္တယ္လို႔ သေဘာထားရမယ္ေနာ္။ ဒါေၾကာင့္မို႔ အခုအလုပ္ေတြသြားလို႔ရၿပီ၊ ႐ုံးေတြဖြင့္ၿပီဆိုေသာ္လည္းပဲ က်န္းမာေရးဝန္ႀကီးဌာနက ၫႊန္ၾကားတဲ့ နည္းေတြအတိုင္းပဲ ေဆာင္႐ြက္မွသာလွ်င္ အမွန္တကယ္ေတာ့ စစ္ေဆးစရာေတြလည္း စစ္ေဆးၿပီးမွ ဖြင့္မယ္လို႔ေတာ့ ဆရာအေနနဲ႔ ထင္တယ္ေပါ့ေနာ္။ အဲ့ဒီေတာ့ အဓိကကေတာ့ မည္သူမဆို မိမိအိမ္က စထြက္ၿပီးကတည္းက Mask ကို စနစ္တ က်တပ္ဆင္ရမယ္။ ေနာက္တစ္ခါ Mask ခြၽတ္ၿပီးေတာ့ အစားေသာက္စားတဲ့အခါ ကိုယ့္ရဲ႕ အနီးပတ္ဝန္းက်င္မွာ ဘယ္သူမွ မရွိရင္ေကာင္းတယ္။ ေနာက္တစ္ခါ အဲကြန္းနဲ႔ အလုံပိတ္အခန္းထဲမွာ အစာစားျခင္း၊ ေရေသာက္ျခင္းေတြကို Mask ျဖဳတ္ျခင္းေတြကို မလုပ္သင့္ဘူးေပါ့ေနာ္။ ဒါဆို ဒီနည္းအတိုင္း လိုက္နာမယ္ဆိုလို႔ရွိရင္ေတာ့ ကူးစက္မႈႏႈန္း ဒီထက္မ်ားလာစရာမရွိပါဘူး။”

အိမ္ျပင္မထြက္ရ ကန္႔သတ္ခ်က္ ထုတ္ျပန္မထားတဲ့ ၿမိဳ႕နယ္ေတြမွာ ဒီလအတြင္း ပုံမွန္အတိုင္း႐ုံးျပန္တက္ရတာအျပင္ စားေသာက္ဆိုင္ေတြလည္း ျပန္ဖြင့္ခြင့္ျပဳထားသလုိ၊ ဆိုင္ထိုင္စားခြင့္ျပဳထားပါတယ္။ က်န္းမာေရးနဲ႔ အားကစား၀န္ႀကီးဌာနရဲ႕ ထုတ္ျပန္ခ်က္အရ ျမန္မာႏုိင္ငံမွာ အခုဆုိရင္ ကုိဗစ္ကပ္ေရာဂါေၾကာင့္ ေသဆုံးသူ ၂,၀၀၀ ေလာက္နဲ႔ ကူးစက္သူ ၉၃,၀၀၀ ေက်ာ္ရွိေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကိုဗစ်ကူးစက်မှုလျော့နည်းဒေသတွေ ဝန်ထမ်းအင်အားပြည့် ပြန်ဆင်းရမယ်

မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ အဆိုးဆုံး ကြုံနေရတဲ့ ဒေသတွေကလွဲလို့ ကျန်နေရာတွေမှာ ရှေ့တပတ်ကစပြီး အစိုးရဝန်ထမ်းတွေ ပုံမှန်အတိုင်း အလုပ်ပြန်ဆင်းရတော့မယ့်အကြောင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအိမ့်သန္တာထွန်းက ပြောပြပေးပါမယ်။

အစိုးရရုံးစိုက်ရာ နေပြည်တော် အပါအဝင် အိမ်ပြင်မထွက်ရ အမိန့်နဲ့ အကျုံးမဝင်တဲ့ တိုင်းနဲ့ပြည်နယ်တွေမှာ အစိုးရဝန်ထမ်းတွေ ပုံမှန်အတိုင်း အလုပ်ပြန်ဆင်းကြဖို့ COVID 19 ကာကွယ်ထိန်းချုပ် ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီက ညွှန်ကြားချက် ထုတ်ပြန်လိုက်တာပါ။ ရောဂါကူးစက်မှုတွေကို ထိန်းချုပ်လာနိုင်တာကြောင့် ၂ လကျော်ကြာ နှစ်ပတ်ရုံးတက်၊ နှစ်ပတ် အိမ်မှာ အလုပ်လုပ်ရတဲ့ အစီအစဉ်ကို ရုပ်သိမ်းပြီး မူလအင်အားအတိုင်း အပြည့်အဝ တာဝန်ထမ်းဆောင်ဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ကြောင်းလည်း မနေ့တုန်းက ထုတ်ပြန်တဲ့ ညွှန်ကြားချက်မှာ ဖော်ပြထားပါတယ်။

ကပ်ရောဂါကူးစက်မှု အန္တရာယ် ရှိနေဆဲ အချိန်မှာ ဝန်ထမ်းတွေ ပုံမှန်အတိုင်း အလုပ်ဆင်းတဲ့အခါ ရောဂါကူးစက်မှုကို တားဆီးနိုင်ဖို့ ကာကွယ်ရေး အစီအမံတွေ ပြင်ဆင်ထားတယ်လို့လည်း ရောဂါကူးစက်သူ အတည်ပြုလူနာ မရှိသေးတဲ့ စစ်ကိုင်းတိုင်း၊ ကလေးဝမြို့နယ် ဒုတိယ အုပ်ချုပ်ရေးမှူး ဦးဇင်ဝိုင်းက ပြောပါတယ်။

“ကျနော်တို့ မြို့နယ် အနေနဲ့ကတော့ Stay Home ထဲလည်း မပါဘူး၊ လက်ရှိမှာ ပိုးတွေ့တဲ့မြို့နယ်လည်း မဟုတ်သေးဘူးခင်ဗျ... ကျနော်တို့ မြို့နယ်က။ ဒါက လူကြီးတွေက ပြန်တက်ဆိုရင်တော့ တက်ရမှာပေါ့။ အတတ်နိုင်ဆုံးတော့ ရောဂါမကူးအောင်တော့ ပြည်သူတွေနဲ့ ထိတွေ့ဆက်ဆံတဲ့နေရာမှာတော့ ထုံးစံအတိုင်းပေါ့။ ပြီးတော့ ရုံးကိုလာမယ်ဆိုရင် ညွှန်ကြားချက်လည်းရှိတယ်။ လူတွေနဲ့ တိုက်ရိုက်ထိတွေမှု မပြုလုပ်ရဘူး။ မဖြစ်အနေလိုအပ်မှ လုပ်ရမယ်ဆိုပြီးတော့လေ။ လာတယ်ဆိုရင် စာပေးစာယူ ဌာနစိတ်ကို ကျနော်က အပြင်ထုတ်ထားတယ်။ အဓိကကတော့ ဒီစာပေးစာယူနဲ့ပဲ သွားကြမှာပေါ့ဗျာ။ ကျန်တာတော့ တိုက်ရိုက်ထိတွေ့ပြီးလုပ်ရတာကတော့ ကျနော်တို့က ဌာနတွေဖြစ်တဲ့အတွက် စာနဲ့ပဲသွားတာဖြစ်တဲ့အတွက် အဆင်ပြေပါတယ်ခင်ဗျ။”

မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ တကျော့ပြန် ကူးစက်မှုတွေ တိုးလာရာက ၁ လမှာ သီတင်း ၂ ပတ် ရုံးတက်ပြီး၊ သီတင်း ၂ ပတ်ကို အိမ်ကနေ အလုပ်လုပ်တဲ့ အစီအစဉ်ကို စက်တင်ဘာလလယ်က စပြီး ကျင့်သုံးခဲ့တာပါ။ ကိုဗစ်ရောဂါကူးစက်မှုတွေ အများဆုံး ကြုံနေရတဲ့ ရန်ကုန်တိုင်းနဲ့ တကျော့ပြန်ကူးစက်မှုတွေ စတင်ခဲ့တဲ့ ရခိုင်ပြည်နယ် အပြင် ရောဂါကူးစက်မှုများတဲ့ ပြည်နယ်နဲ့တိုင်းတွေက မြို့နယ်တချို့မှာတော့ အိမ်ပြင်မထွက်ရ အမိန့်ထုတ်ထားဆဲ ဖြစ်တာကြောင့် အစိုးရဝန်ထမ်းတွေ အလုပ်ပြန်ဆင်းရမယ့် အစီအစဉ်မှာ မပါဝင်ကြပါဘူး။

မွန်ပြည်နယ် ချောင်းဆုံမြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးရဲထွန်းနောင်ကတော့ ရောဂါကူးစက်မှုတွေကြောင့် အိမ်ပြင်မထွက်ရ အမိန့်ထုတ်ထားတဲ့ မော်လမြိုင်မြို့နဲ့ နီးပေမဲ့ ကူးစက်မှုအန္တရာယ် မများတာကြောင့် ဝန်ထမ်းတွေ အလုပ်ဆင်းနိုင်တဲ့ အခြေအနေမှာ ရှိတယ်လို့ ပြောပါတယ်။

“ကျနော်တို့ကတော့ ပုံမှန် ချောင်းဆုံကတော့ အေးလည်းအေးချမ်းတယ်။ ကူးစက်မှုကလည်း အဲ့ဒီလောက်ထိလည်း မများဘူးလေ။ လုပ်ငန်းကတော့ လူကတော့ ပုံမှန် အပြည့်တက်တယ်ဆိုရင်တော့ လုပ်ငန်းက ပိုအဆင်ပြေတာပေါ့။ အရင်တုန်းက ၅၀ ရာခိုင်နှုန်းဆိုတော့ ကျန်တဲ့သူတွေက သူတို့အတွက်ပါ ပိုကြိုးစားရတာပေါ့။ ပိုအင်အားထည့်လုပ်ရတာပေါ့။ ခုက အားလုံးပြန်လုပ်ရမယ်ဆိုရင်တော့ လုပ်ငန်းပိုင်း အဆင်ပြေသွားတယ်။”

မကြာသေးခင်က လတွေ စလို့ ကိုဗစ်ရောဂါကူးစက်မှုတွေ တိုးလာနေတဲ့ မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့လဆန်းက ရွေးကောက်ပွဲတွေ ကျင်းပခဲ့တာကြောင့် လူအများထိတွေ့ဆက်ဆံမှုတွေ ရှိခဲ့ရာက ရောဂါကူးစက်မှုတွေ တိုးလာမှာကို စိုးရိမ်မှုတွေလည်း ထွက်ပေါ်နေတာပါ။ ကပ်ရောဂါကူးစက်သူတွေကို အကူအညီပေးရေး လုပ်ငန်းတွေမှာ ပါဝင်နေတဲ့ အထွေထွေရောဂါ အထူးကု ဆရာဝန် ဒေါက်တာမိုးအောင်ကျော်နိုင်ကတော့ ရုံးပြန်ဆင်းတဲ့အခါ ဝန်ထမ်းတွေအနေနဲ့ ကျန်းမာရေး လမ်းညွှန်ချက်တွေကို တိတိကျကျ လိုက်နာဖို့ လိုတယ်လို့ သတိပေးပါတယ်။

“ခုအချိန်မှာက ဘယ်သူ့ဆီမှာ ပိုးရှိသလဲဆိုတာ မသိနိုင်တဲ့ အနေအထားဖြစ်နေတယ်။ လူတိုင်းလူတိုင်းက ပိုးရှိနေနိုင်တယ်လို့ သဘောထားရမယ်နော်။ ဒါကြောင့်မို့ အခုအလုပ်တွေသွားလို့ရပြီ၊ ရုံးတွေဖွင့်ပြီဆိုသော်လည်းပဲ ကျန်းမာရေးဝန်ကြီးဌာနက ညွှန်ကြားတဲ့ နည်းတွေအတိုင်းပဲ ဆောင်ရွက်မှသာလျှင် အမှန်တကယ်တော့ စစ်ဆေးစရာတွေလည်း စစ်ဆေးပြီးမှ ဖွင့်မယ်လို့တော့ ဆရာအနေနဲ့ ထင်တယ်ပေါ့နော်။ အဲ့ဒီတော့ အဓိကကတော့ မည်သူမဆို မိမိအိမ်က စထွက်ပြီးကတည်းက Mask ကို စနစ်တ ကျတပ်ဆင်ရမယ်။ နောက်တစ်ခါ Mask ချွတ်ပြီးတော့ အစားသောက်စားတဲ့အခါ ကိုယ့်ရဲ့ အနီးပတ်ဝန်းကျင်မှာ ဘယ်သူမှ မရှိရင်ကောင်းတယ်။ နောက်တစ်ခါ အဲကွန်းနဲ့ အလုံပိတ်အခန်းထဲမှာ အစာစားခြင်း၊ ရေသောက်ခြင်းတွေကို Mask ဖြုတ်ခြင်းတွေကို မလုပ်သင့်ဘူးပေါ့နော်။ ဒါဆို ဒီနည်းအတိုင်း လိုက်နာမယ်ဆိုလို့ရှိရင်တော့ ကူးစက်မှုနှုန်း ဒီထက်များလာစရာမရှိပါဘူး။”

အိမ်ပြင်မထွက်ရ ကန့်သတ်ချက် ထုတ်ပြန်မထားတဲ့ မြို့နယ်တွေမှာ ဒီလအတွင်း ပုံမှန်အတိုင်းရုံးပြန်တက်ရတာအပြင် စားသောက်ဆိုင်တွေလည်း ပြန်ဖွင့်ခွင့်ပြုထားသလို၊ ဆိုင်ထိုင်စားခွင့်ပြုထားပါတယ်။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ အခုဆိုရင် ကိုဗစ်ကပ်ရောဂါကြောင့် သေဆုံးသူ ၂,၀၀၀ လောက်နဲ့ ကူးစက်သူ ၉၃,၀၀၀ ကျော်ရှိနေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG