သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print

ျမန္မာ COVID-19 ကူးစက္သူ ၉၃,၆၀၀၊ ေသဆံုးသူ ၁,၉၉၈ ဦးရွိၿပီ


ကိုဗစ္ေရာဂါ ရွိ၊ မရွိ စစ္ေဆးေပးေနတဲ့ က်န္းမာေရးဝန္ထမ္းတဦးကို ရန္ကုန္ၿမိဳ႕ရွိ Quarantine စင္တာတခုမွာ ေတြ႔ရ။ (ေအာက္တိုဘာ ၀၈၊ ၂၀၂၀)

[Zawgyi/Unicode]

ျမန္မာႏိုင္ငံမွာ ၿပီးခဲ့တဲ့ ၂၄ နာရီအတြင္း COVID-19 ေရာဂါကူးစက္သူ ၁,၄၁၁ ဦး ထပ္တိုးၿပီး ေသဆုံးသူက ၂၆ ဦး ထပ္တိုးတဲ့အေၾကာင္း က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ဒီကေန႔ည ၈ နာရီ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ဒီကေန႔ညထုတ္ျပန္ခ်က္ပါ ေသဆုံးသူေတြထဲမွာ ၂၂ ဦးက ေရာဂါအခံရွိသူေတြျဖစ္တယ္လို႔ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ဓာတ္ခြဲနမူနာေပါင္း ၁၉,၆၈၀ ခုကို စစ္ေဆးခဲ့တဲ့ထဲက အခုလို ေနာက္ထပ္ ေရာဂါပိုးကူးစက္ထားသူေတြ ေတြ႕ရတာျဖစ္ၿပီး ဒီကေန႔အထိဆိုရင္ စစ္ေဆးခဲ့တဲ့ ဓာတ္ခြဲနမူနာေပါင္း ၁,၂၀၂,၄၁၅ ခု ရွိသြားၿပီျဖစ္ပါတယ္။ ေသဆုံးသူအေရအတြက္က ၁,၉၉၈ ဦး ရွိၿပီျဖစ္ၿပီး ေရာဂါပိုး ကူးစက္သူေပါင္းကေတာ့ ၉၃,၆၀၀ ဦး ရွိသြားပါၿပီ။

ဒီကေန႔ညထုတ္ျပန္ခ်က္မွာ ေဆး႐ုံဆင္းခြင့္ရရွိသူအေရအတြက္ ၁,၂၅၈ ဦးရွိတယ္လို႔ ေဖာ္ျပထားတာေၾကာင့္ေရာဂါေပ်ာက္ကင္းသြားသူေပါင္း ၇၂,၆၀၁ ဦး ရွိသြားၿပီျဖစ္ပါတယ္။

ဒီကေန႔ထုတ္ျပန္ခ်က္အရဆိုရင္ ဓာတ္ခြဲစစ္ေဆးတဲ့အေရအတြက္ဟာ မေန႔ အဂၤါေန႔ကထက္ပိုမ်ားၿပီး ေရာဂါပိုးကူးစက္သူနဲ႔ ေသဆုံးသူအေရအတြက္က ပိုနည္းၿပီးေတာ့ ေရာဂါေပ်ာက္ကင္းသူအေရအတြက္က ပိုမ်ားပါတယ္။

က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာန၊ သတင္းထုတ္ျပန္ေရးအဖြဲ႕ဝင္၊ ဗဟိုကူးစက္ေရာဂါ တိုက္ဖ်က္ေရးဌာနခြဲ ၫႊန္ၾကားေရးမွဴး ေဒါက္တာခင္ခင္ႀကီးက သူ႔ရဲ႕ေဖ့စ္ဘုတ္မွာ မၾကာေသးခင္ အခ်ိန္ပိုင္းအတြင္းက ေရးထားတာအရဆိုရင္ ဒီကေန႔ ဓာတ္ခြဲစစ္ေဆးတဲ့ နမူနာအေရအတြက္ စုစုေပါင္းထဲမွာ ပိုးေတြ႔သူ ၇.၂% ရွိၿပီး ျပန္ေကာင္းလာသူ ၇၇.၆% ၊ ေသဆုံးႏႈန္းက ၂.၁၃% ရွိပါတယ္။

ေသဆုံးသူေတြထဲမွာ ေနာက္ခံေရာဂါရွိသူက ၈၄.၆% ရွိတယ္လို႔လည္း ေဒါက္တာခင္ခင္ႀကီးက ေရးထားပါတယ္။

[Unicode Version]

မြန်မာ COVID-19 ကူးစက်သူ ၉၃,၆၀၀၊ သေဆုံးသူ ၁,၉၉၈ ဦးရှိပြီ

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း COVID-19 ရောဂါကူးစက်သူ ၁,၄၁၁ ဦး ထပ်တိုးပြီး သေဆုံးသူက ၂၆ ဦး ထပ်တိုးတဲ့အကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီကနေ့ညထုတ်ပြန်ချက်ပါ သေဆုံးသူတွေထဲမှာ ၂၂ ဦးက ရောဂါအခံရှိသူတွေဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဓာတ်ခွဲနမူနာပေါင်း ၁၉,၆၈၀ ခုကို စစ်ဆေးခဲ့တဲ့ထဲက အခုလို နောက်ထပ် ရောဂါပိုးကူးစက်ထားသူတွေ တွေ့ရတာဖြစ်ပြီး ဒီကနေ့အထိဆိုရင် စစ်ဆေးခဲ့တဲ့ ဓာတ်ခွဲနမူနာပေါင်း ၁,၂၀၂,၄၁၅ ခု ရှိသွားပြီဖြစ်ပါတယ်။ သေဆုံးသူအရေအတွက်က ၁,၉၉၈ ဦး ရှိပြီဖြစ်ပြီး ရောဂါပိုး ကူးစက်သူပေါင်းကတော့ ၉၃,၆၀၀ ဦး ရှိသွားပါပြီ။

ဒီကနေ့ညထုတ်ပြန်ချက်မှာ ဆေးရုံဆင်းခွင့်ရရှိသူအရေအတွက် ၁,၂၅၈ ဦးရှိတယ်လို့ ဖော်ပြထားတာကြောင့်ရောဂါပျောက်ကင်းသွားသူပေါင်း ၇၂,၆၀၁ ဦး ရှိသွားပြီဖြစ်ပါတယ်။

ဒီကနေ့ထုတ်ပြန်ချက်အရဆိုရင် ဓာတ်ခွဲစစ်ဆေးတဲ့အရေအတွက်ဟာ မနေ့ အင်္ဂါနေ့ကထက်ပိုများပြီး ရောဂါပိုးကူးစက်သူနဲ့ သေဆုံးသူအရေအတွက်က ပိုနည်းပြီးတော့ ရောဂါပျောက်ကင်းသူအရေအတွက်က ပိုများပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန၊ သတင်းထုတ်ပြန်ရေးအဖွဲ့ဝင်၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက သူ့ရဲ့ဖေ့စ်ဘုတ်မှာ မကြာသေးခင် အချိန်ပိုင်းအတွင်းက ရေးထားတာအရဆိုရင် ဒီကနေ့ ဓာတ်ခွဲစစ်ဆေးတဲ့ နမူနာအရေအတွက် စုစုပေါင်းထဲမှာ ပိုးတွေ့သူ ၇.၂% ရှိပြီး ပြန်ကောင်းလာသူ ၇၇.၆% ၊ သေဆုံးနှုန်းက ၂.၁၃% ရှိပါတယ်။

သေဆုံးသူတွေထဲမှာ နောက်ခံရောဂါရှိသူက ၈၄.၆% ရှိတယ်လို့လည်း ဒေါက်တာခင်ခင်ကြီးက ရေးထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG