သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်မှာ ကိုဗစ်ကာကွယ်ဆေး အလုံအလောက်ရဖို့ စီစဉ်


Moderna ဆေးကုမ္ပဏီက ထုတ်လုပ်တဲ့ ကိုဗစ်ကာကွယ်ဆေး။ (နိုဝင်ဘာ ၁၈၊ ၂၀၂၀)
Moderna ဆေးကုမ္ပဏီက ထုတ်လုပ်တဲ့ ကိုဗစ်ကာကွယ်ဆေး။ (နိုဝင်ဘာ ၁၈၊ ၂၀၂၀)

(Zawgyi / Unicode)

ဒီလနှောင်းပိုင်းမှာ နိုင်ငံအတွင်း ကာကွယ်ဆေးတွေ ရနိုင်မှာဖြစ်ပေမယ့် အမေရိကန်ပြည်သူတွေ အနေနဲ့ ကိုရိုနာဗိုင်းရပ်စ် ဘေးရန်ကနေ ကင်းဝေးဖို့ အကာအကွယ် အစီအမံတွေ ဆက်လက်လုပ်ဆောင်ဖို့ လိုအပ်နေသေးတယ်လို့ အမေရိကန် ကျန်းမာရေး တာဝန်ရှိသူတွေက တနင်္ဂနွေနေ့မှာ ပြောပါတယ်။

ပြည်သူတွေအနေနဲ့ အရက်ဘားတွေ၊ စားသောက်ဆိုင်တွေနဲ့ အဆောက်အဦအတွင်း စုဝေးတာတွေကို ရှောင်ရှားဖို့နဲ့ နှာခေါင်းစည်းတွေ ဝတ်ကြပါလို့ အမေရိကန် ကျန်းမာရေးဝန်ကြီး Alex Azar က Fox News Sunday အင်တာဗျူးမှာ တိုက်တွန်းသွားပါတယ်။

ကာကွယ်ဆေးထိုးနှံချင်တဲ့ အမေရိကန်တွေအားလုံး ကာကွယ်ဆေး ထိုးနှံနိုင်တယ်လို့လည်း သူက ပြောပါတယ်။

“ကာကွယ်ဆေးထိုးနှံလိုသူ အမေရိကန်တိုင်းအတွက် ကာကွယ်ဆေး လုံလုံလောက်လောက် ရနိုင်ဖို့ ကျနော်တို့ ဆန္ဒပြင်းပြနေကြောင်း၊ ကာကွယ်ဆေး စီမံချက်ဖြစ်တဲ့ Operation Warp Speed ကြောင့် လာမယ့် နွေဦးရာသီမှာ အားလုံးအတွက် ရနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း” ကျန်းမာရေးဝန်ကြီး Alex Azar က ပြောပါတယ်။

ဒါ့အပြင် Pfizer-BioNTech ကုမ္ပဏီက ထုတ်လုပ်တဲ့ COVID-19 ကာကွယ်ဆေးကို အရေးပေါ် အသုံးပြုခွင့်ပြုမပြုကို အမေရိကန် ကျန်းမာရေး အာဏာပိုင်တွေက လာမယ့် ဒီဇင်ဘာလ ၁၀ ရက်နေ့ ဆုံးဖြတ်အပြီး နောက်တပတ်အကြာ ဒီဇင်ဘာလ ၁၇ ရက်နေ့မှာ Moderna ဆေးကုမ္ပဏီက ထုတ်လုပ်တဲ့ ဆေးကို အရေးပေါ်အသုံးပြုခွင့် ပေးမပေး ဆုံးဖြတ်မှာလို့လည်း ပြောပါတယ်။

အမေရိကန် အစားအစာနဲ့ ဆေးဝါးစီမံကွပ်ကဲရေးဌာနက ကာကွယ်ဆေး အသုံးပြုခွင့်ကို အတည်ပြုလိုက်တာနဲ့ တပြိုင်နက် နာရီပိုင်းအတွင်းမှာ ကျန်းမာရေး လုပ်သားတွေဆီ ကာကွယ်ဆေး ထိုးနှံနိုင်လိမ့်မယ်လို့လည်း ကျန်းမာရေးဝန်ကြီး Azer က ပြောပါတယ်။

ကျန်းမာရေးဝန်ထမ်းတွေ၊ အရေးပေါ်ဝန်ထမ်းတွေ၊ သက်ကြီးရွယ်အို အိမ်ဂေဟာတွေမှာ မှီတင်းနေထိုင်သူတွေနဲ့ အိမ်ဂေဟာတွေရဲ့ ဝန်ထမ်းတွေကို ပထမဦးစားပေး ကာကွယ်ဆေးထိုးပေးဖို့ အမေရိကန် ကျန်းမာရေး အာဏာပိုင်တွေက အတည်ပြု ဆုံးဖြတ်ထားပြီး ဖြစ်ပါတယ်။

ထိုးဆေးပေါင်း သန်း ၃၀ ကနေ သန်း ၄၀ ဒီနှစ်အကုန်မှာ ဖြန့်ဖြူးရရှိနိုင်မှာဖြစ်ပြီး နောက်ထပ် သန်းပေါင်းများစွာကို ၂၀၂၁ ခုနှစ် ပထမနှစ်ဝက်မှာ ဆက်လက်ထုတ်လုပ် ဖြန့်ဖြူးသွားမယ်လို့လည်း အမေရိကန် ကျန်းမာရေးဝန်ကြီး Alex Azar က ပြောပါတယ်။

COVID-19 ကြောင့် အမေရိကန်နိုင်ငံမှာ လူပေါင်း ၂၈၁,၀၀၀ ကျော် သေဆုံးခဲ့ရပြီး လူပေါင်း ၁၄.၆ သန်းကျော် ကူးစက်ခံခဲ့ရတယ်လို့ Johns Hopkins တက္ကသိုလ် စာရင်းတွေမှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

-------------------------

(Unicode)











XS
SM
MD
LG