သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အေမရိကန္တဝန္း ဗိုင္းရပ္စ္ကူးစက္မႈ တိုးလာႏိုင္ေခ်ရွိ


ေလာ့စ္အိန္ဂ်လိစ္မွာ ကုိဗစ္လူနာကို ကုသေပးေနတဲ့ က်န္းမာေရးဝန္ထမ္းမ်ား။ (ႏုိဝင္ဘာ ၁၉၊ ၂၀၂၀)

(Zawgyi / Unicode)

အေမရိကန္ႏုိင္ငံတဝန္းမွာ ဗုိင္းရပ္စ္ကူးစက္မႈေတြ ဆက္ၿပီးေတာ့ ျမင့္တက္ေနၿပီး ေဆာင္းရာသီ ခရစၥမတ္ပဲြေတာ္ အားလပ္ရက္ကို ေရာက္ရွိလာေနတာနဲ႔အမွ် မိသားစုေတြ မိတ္ေဆြသူငယ္ခ်င္းေတြ စုေဝးၾကဖို႔ရွိတာေၾကာင့္ ဗုိင္းရပ္စ္ကူးစက္မႈေတြလည္း ပိုၿပီးေတာ့ တုိးလာဖို႔ ရွိေနပါတယ္။

ကယ္လီဖိုးနီးယားျပည္နယ္ ေတာင္ပိုင္းနဲ႔ ျပည္နယ္အလယ္ပိုင္းက San Joaquin ခ်ိဳင့္ဝွမ္းေဒသေတြမွာေတာ့ ဒီေန႔ညကစၿပီး လူေတြအေနနဲ႔ အိမ္ထဲမွာပဲေနၾကဖို႔ ကန္႔သတ္မႈအသစ္ေတြကို ထုတ္ျပန္လိုက္ပါတယ္။ အဲဒီေဒသေတြမွာရွိတဲ့ ေဆး႐ုံေတြရဲ႕ အထူးၾကပ္မတ္ကုသေဆာင္ေတြမွာ ကုသေနတဲ့လူဦးေရ ၁၅ ရာခုိင္ႏႈန္းေအာက္အထိ က်သြားမွ ဒီကန္႔သတ္မႈေတြကို ျပန္႐ုပ္သိမ္းသြားမယ္လို႔ ျပည္နယ္အုပ္ခ်ဳပ္ေရးမွဴး Gavin Newsome က ၿပီးခဲ့တဲ့တပတ္က ေျပာလိုက္ပါတယ္။

ဒါ့အျပင္ ဆန္ဖရန္စစၥကိုၿမိဳ႕ ေဒသတဝုိက္က ခ႐ုိင္ေတြ အေတာ္မ်ားမ်ားကလည္း ေသာၾကာေန႔ကစၿပီး အဲဒီကန္႔သတ္မႈအသစ္အတုိင္း လိုက္နာဖို႔ ဆုံးျဖတ္ခဲ့ၾကၿပီး ဒီေန႔ကစလို႔ လူေတြအေနနဲ႔ အိမ္ထဲကေန အျပင္မထြက္ဘဲ ေနၾကရမွာ ျဖစ္ပါတယ္။

ဒါ့အျပင္ ဒီေန႔ညကစၿပီး စားေသာက္ဆုိင္ေတြမွာ ထုိင္စားတာေတြ တားျမစ္လိုက္သလို ကစားကြင္းေတြ၊ ျပတုိက္ေတြ၊ တိရစၦာန္႐ုံေတြ၊ ငါးျပတုိက္ေတြ၊ ကားနဲ႔ၾကည့္တဲ့ ႐ုပ္ရွင္႐ုံေတြ အပါအဝင္ ခရီးသြားလုပ္ငန္းေတြ၊ ေဖ်ာ္ေျဖေရးလုပ္ငန္းေတြနဲ႔ တျခား စီးပြားေရးလုပ္ငန္းေတြ ပိတ္ရမွာျဖစ္ပါတယ္။

႐ုရွားႏုိင္ငံမွာေတာ့ ဗုိင္းရပ္စ္ကူးစက္မႈေတြကို ထိန္းခ်ဳပ္ႏုိင္ဖို႔အတြက္ ကာကြယ္ေဆးထုိးမယ့္ အစီအစဥ္ကို မေန႔က စတင္လိုက္ပါတယ္။ က်န္းမာေရးဝန္ထမ္းေတြနဲ႔ ဆရာမေတြ အပါအဝင္ ဗုိင္းရပ္စ္ကူးစက္မႈအႏၱရာယ္ အမ်ားဆုံး ရင္ဆုိင္ေနရတဲ့သူေတြကို ဦးစားေပးၿပီး ထုိးသြားမွာျဖစ္တယ္လို႔ ေျပာပါတယ္။

အခုဆုိရင္ ကမာၻတဝန္းမွာ ဗုိင္းရပ္စ္ကူးစက္သူ ၆၆.၆ သန္းေက်ာ္နဲ႔ ေသဆုံးသူ ၁.၅ သန္းေက်ာ္သြားၿပီ ျဖစ္ပါတယ္။ အဲဒီထဲမွာ အေမရိကန္ျပည္ေထာင္စုက ၁၄.၅ သန္းနဲ႔ အမ်ားဆုံးျဖစ္ၿပီး အိႏၵိယက ၉.၆ သန္းနဲ႔ ဒုတိယ၊ ဘရာဇီးက ၆.၅ သန္းနဲ႔ တတိယအမ်ားဆုံး ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

--------------------------

(Unicode)

အမေရိကန်တဝန်း ဗိုင်းရပ်စ်ကူးစက်မှု တိုးလာနိုင်ချေရှိ

အမေရိကန်နိုင်ငံတဝန်းမှာ ဗိုင်းရပ်စ်ကူးစက်မှုတွေ ဆက်ပြီးတော့ မြင့်တက်နေပြီး ဆောင်းရာသီ ခရစ္စမတ်ပွဲတော် အားလပ်ရက်ကို ရောက်ရှိလာနေတာနဲ့အမျှ မိသားစုတွေ မိတ်ဆွေသူငယ်ချင်းတွေ စုဝေးကြဖို့ရှိတာကြောင့် ဗိုင်းရပ်စ်ကူးစက်မှုတွေလည်း ပိုပြီးတော့ တိုးလာဖို့ ရှိနေပါတယ်။

ကယ်လီဖိုးနီးယားပြည်နယ် တောင်ပိုင်းနဲ့ ပြည်နယ်အလယ်ပိုင်းက San Joaquin ချိုင့်ဝှမ်းဒေသတွေမှာတော့ ဒီနေ့ညကစပြီး လူတွေအနေနဲ့ အိမ်ထဲမှာပဲနေကြဖို့ ကန့်သတ်မှုအသစ်တွေကို ထုတ်ပြန်လိုက်ပါတယ်။ အဲဒီဒေသတွေမှာရှိတဲ့ ဆေးရုံတွေရဲ့ အထူးကြပ်မတ်ကုသဆောင်တွေမှာ ကုသနေတဲ့လူဦးရေ ၁၅ ရာခိုင်နှုန်းအောက်အထိ ကျသွားမှ ဒီကန့်သတ်မှုတွေကို ပြန်ရုပ်သိမ်းသွားမယ်လို့ ပြည်နယ်အုပ်ချုပ်ရေးမှူး Gavin Newsome က ပြီးခဲ့တဲ့တပတ်က ပြောလိုက်ပါတယ်။

ဒါ့အပြင် ဆန်ဖရန်စစ္စကိုမြို့ ဒေသတဝိုက်က ခရိုင်တွေ အတော်များများကလည်း သောကြာနေ့ကစပြီး အဲဒီကန့်သတ်မှုအသစ်အတိုင်း လိုက်နာဖို့ ဆုံးဖြတ်ခဲ့ကြပြီး ဒီနေ့ကစလို့ လူတွေအနေနဲ့ အိမ်ထဲကနေ အပြင်မထွက်ဘဲ နေကြရမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ဒီနေ့ညကစပြီး စားသောက်ဆိုင်တွေမှာ ထိုင်စားတာတွေ တားမြစ်လိုက်သလို ကစားကွင်းတွေ၊ ပြတိုက်တွေ၊ တိရစ္ဆာန်ရုံတွေ၊ ငါးပြတိုက်တွေ၊ ကားနဲ့ကြည့်တဲ့ ရုပ်ရှင်ရုံတွေ အပါအဝင် ခရီးသွားလုပ်ငန်းတွေ၊ ဖျော်ဖြေရေးလုပ်ငန်းတွေနဲ့ တခြား စီးပွားရေးလုပ်ငန်းတွေ ပိတ်ရမှာဖြစ်ပါတယ်။

ရုရှားနိုင်ငံမှာတော့ ဗိုင်းရပ်စ်ကူးစက်မှုတွေကို ထိန်းချုပ်နိုင်ဖို့အတွက် ကာကွယ်ဆေးထိုးမယ့် အစီအစဉ်ကို မနေ့က စတင်လိုက်ပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ဆရာမတွေ အပါအဝင် ဗိုင်းရပ်စ်ကူးစက်မှုအန္တရာယ် အများဆုံး ရင်ဆိုင်နေရတဲ့သူတွေကို ဦးစားပေးပြီး ထိုးသွားမှာဖြစ်တယ်လို့ ပြောပါတယ်။

အခုဆိုရင် ကမ္ဘာတဝန်းမှာ ဗိုင်းရပ်စ်ကူးစက်သူ ၆၆.၆ သန်းကျော်နဲ့ သေဆုံးသူ ၁.၅ သန်းကျော်သွားပြီ ဖြစ်ပါတယ်။ အဲဒီထဲမှာ အမေရိကန်ပြည်ထောင်စုက ၁၄.၅ သန်းနဲ့ အများဆုံးဖြစ်ပြီး အိန္ဒိယက ၉.၆ သန်းနဲ့ ဒုတိယ၊ ဘရာဇီးက ၆.၅ သန်းနဲ့ တတိယအများဆုံး ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG