သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

႐ုရွားမွာ Sputnik V ကိုဗစ္ကာကြယ္ေဆး စထိုးေပးေနၿပီ


ေမာ္စကုိၿမိဳ႕မွာ ကို႐ုိနာဗုိင္းရပ္စ္ ကာကြယ္ေဆး Sputnik V ထုိးေပးေနတဲ့ျမင္ကြင္း။ (စက္တင္ဘာ ၁၅၊ ၂၀၂၀)

(Zawgyi / Unicode)

႐ုရွားႏုိင္ငံ၊ ေမာ္စကိုၿမိဳ႕ေတာ္မွာ Sputnik V COVID-19 ေရာဂါကာကြယ္ေဆးေတြကို ေဆးခန္းေပါင္း ၇၀ ကေန ဒီကေန႔စၿပီး အခမဲ့ ထိုးႏွံေပးေနပါၿပီ။ ဒါဟာ ႐ုရွားႏုိင္ငံတြင္း ပထမဆုံးအႀကိမ္အျဖစ္နဲ႔ လူအမ်ားအျပားကို ကာကြယ္ေဆး ထိုးေပးတာျဖစ္တယ္လို႔ ကို႐ိုနာဗုိင္းရပ္္စ္ ကိုင္တြယ္ထိန္းခ်ဳပ္ေရးဆိုင္ရာ ၿမိဳ႕ေတာ္ တာဝန္ရွိသူေတြက ေျပာပါတယ္။

ျပည္တြင္းထုတ္ျဖစ္တဲ့ ဒီကာကြယ္ေဆးကို ပိုးကူးစက္ႏုိင္ေျခ အမ်ားဆုံးရွိတဲ့ ေဆးဝန္ထမ္းေတြ၊ ေက်ာင္းဆရာ ဆရာမေတြနဲ႔ လူမႈဝန္ထမ္းေတြကို အရင္ဆုံး ဦးစားေပးမယ္လို႔ တာဝန္ရွိသူေတြက ေျပာပါတယ္။

ႏုိင္ငံတြင္း ပိုးကူးစက္ရာ အခ်က္အျခာေနရာျဖစ္တဲ့ ေမာ္စကိုမွာ စက္တင္ဘာလဆန္းပိုင္းကစၿပီး ေန႔စဥ္ ပုိးကူးသူ ၇၀၀ ဝန္းက်င္ရွိရာက မေန႔ ေသာၾကာေန႔မွာေတာ့ ၈,၀၀၀ ဝန္းက်င္ထိ ေရာက္လာပါတယ္။

ကာကြယ္ေဆးထိုးေပးတဲ့သူေတြထဲမွာ အသက္ ၆၀ ေက်ာ္ေတြ၊ ေရာဂါအခံရွိသူေတြ၊ ကိုယ္ဝန္ေဆာင္ အမ်ိဳးသမီးေတြနဲ႔ ၿပီးခဲ့တဲ့ ၂ ပတ္အတြင္း အသက္႐ွဴလမ္းေၾကာင္းဆုိင္ရာေရာဂါ ခံစားထားရတဲ့သူေတြေတာ့ မပါပါဘူး။

႐ုရွားႏုိင္ငံမွာ ကာကြယ္ေဆး ၂ မ်ိဳး စမ္းသပ္ထုတ္လုပ္ေနၿပီး Sputnik V ကုိေတာ့ ႐ုရွားအစိုးရရဲ႕ တုိက္႐ိုက္ရင္းႏွီးျမႇဳပ္နွံမႈဘဏ္က အေထာက္အကူ ေပးထားတာပါ။

Siberia's Vector Institute ထုတ္ ကာကြယ္ေဆးကိုလည္း ေနာက္ဆုံးအဆင့္ စမ္းသပ္မႈေတြ လုပ္ေနပါတယ္။ ေဆးအာနိသင္ ထိေရာက္မႈနဲ႔ ေဘးထြက္ဆိုးက်ိဳးကို အျပည့္အဝ မသုံးသပ္ရေသးခင္ အတည္ျပဳေပးလိုက္တဲ့ Sputnik V ကာကြယ္ေဆးကို ခုလိုထိုးေပးေနတဲ့အေပၚ သိပၸံပညာရွင္ေတြရဲ႕ စိုးရိမ္သံေတြလည္း ထြက္လာပါတယ္။ ဒီကာကြယ္ေဆးကိုလည္း ၂၈ ရက္ျခားၿပီး ၂ လုံး ထိုးၾကရမွာ ျဖစ္ပါတယ္။

႐ုရွားႏုိင္ငံမွာ ပိုးကူးခံရသူ ၂.၄ သန္းေက်ာ္ရွိၿပီး ကမၻာမွာ ပိုးကူးသူ စတုတၳေျမာက္ အမ်ားဆုံးရွိတဲ့ႏုိင္ငံလည္း ျဖစ္ပါတယ္။

႐ုရွားမွာ Sputnik V ကိုဗစ္ကာကြယ္ေဆး စထိုးေပးေနၿပီ
please wait

No media source currently available

0:00 0:01:24 0:00
တိုက္႐ိုက္ လင့္ခ္

---------------------------

(Unicode)

ရုရှားမှာ Sputnik V ကိုဗစ်ကာကွယ်ဆေး စထိုးပေးနေပြီ

ရုရှားနိုင်ငံ၊ မော်စကိုမြို့တော်မှာ Sputnik V COVID-19 ရောဂါကာကွယ်ဆေးတွေကို ဆေးခန်းပေါင်း ၇၀ ကနေ ဒီကနေ့စပြီး အခမဲ့ ထိုးနှံပေးနေပါပြီ။ ဒါဟာ ရုရှားနိုင်ငံတွင်း ပထမဆုံးအကြိမ်အဖြစ်နဲ့ လူအများအပြားကို ကာကွယ်ဆေး ထိုးပေးတာဖြစ်တယ်လို့ ကိုရိုနာဗိုင်းရပ်စ် ကိုင်တွယ်ထိန်းချုပ်ရေးဆိုင်ရာ မြို့တော် တာဝန်ရှိသူတွေက ပြောပါတယ်။

ပြည်တွင်းထုတ်ဖြစ်တဲ့ ဒီကာကွယ်ဆေးကို ပိုးကူးစက်နိုင်ခြေ အများဆုံးရှိတဲ့ ဆေးဝန်ထမ်းတွေ၊ ကျောင်းဆရာ ဆရာမတွေနဲ့ လူမှုဝန်ထမ်းတွေကို အရင်ဆုံး ဦးစားပေးမယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

နိုင်ငံတွင်း ပိုးကူးစက်ရာ အချက်အခြာနေရာဖြစ်တဲ့ မော်စကိုမှာ စက်တင်ဘာလဆန်းပိုင်းကစပြီး နေ့စဉ် ပိုးကူးသူ ၇၀၀ ဝန်းကျင်ရှိရာက မနေ့ သောကြာနေ့မှာတော့ ၈,၀၀၀ ဝန်းကျင်ထိ ရောက်လာပါတယ်။

ကာကွယ်ဆေးထိုးပေးတဲ့သူတွေထဲမှာ အသက် ၆၀ ကျော်တွေ၊ ရောဂါအခံရှိသူတွေ၊ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေနဲ့ ပြီးခဲ့တဲ့ ၂ ပတ်အတွင်း အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ခံစားထားရတဲ့သူတွေတော့ မပါပါဘူး။

ရုရှားနိုင်ငံမှာ ကာကွယ်ဆေး ၂ မျိုး စမ်းသပ်ထုတ်လုပ်နေပြီး Sputnik V ကိုတော့ ရုရှားအစိုးရရဲ့ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုဘဏ်က အထောက်အကူ ပေးထားတာပါ။

Siberia's Vector Institute ထုတ် ကာကွယ်ဆေးကိုလည်း နောက်ဆုံးအဆင့် စမ်းသပ်မှုတွေ လုပ်နေပါတယ်။ ဆေးအာနိသင် ထိရောက်မှုနဲ့ ဘေးထွက်ဆိုးကျိုးကို အပြည့်အဝ မသုံးသပ်ရသေးခင် အတည်ပြုပေးလိုက်တဲ့ Sputnik V ကာကွယ်ဆေးကို ခုလိုထိုးပေးနေတဲ့အပေါ် သိပ္ပံပညာရှင်တွေရဲ့ စိုးရိမ်သံတွေလည်း ထွက်လာပါတယ်။ ဒီကာကွယ်ဆေးကိုလည်း ၂၈ ရက်ခြားပြီး ၂ လုံး ထိုးကြရမှာ ဖြစ်ပါတယ်။

ရုရှားနိုင်ငံမှာ ပိုးကူးခံရသူ ၂.၄ သန်းကျော်ရှိပြီး ကမ္ဘာမှာ ပိုးကူးသူ စတုတ္ထမြောက် အများဆုံးရှိတဲ့နိုင်ငံလည်း ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG