သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

COVID-19 ကပ္ေရာဂါအေရး ကုလသမဂၢမွာ အထူးစည္းေဝးေဆြးေႏြးေန


အင္ဒိုနီးရွားႏိုင္ငံ Surabaya ၿမိဳ႕မွာ ကိုဗစ္ေရာဂါ စစ္ေဆးေပးေနတဲ့ ျမင္ကြင္း။ (ႏိုဝင္ဘာ ၃၀၊ ၂၀၂၀)

[Zawgyi/Unicode]

COVID-19 ကပ္ေရာဂါအေရးနဲ႔ ပတ္သက္တဲ့ အထူးအစည္းအေဝးတရပ္ကို ကုလသမဂၢမွာ ၾကာသပေတးေန႔က စတင္က်င္းပါေနပါတယ္။ ကုလသမဂၢအဖြဲ႔၀င္ႏုိင္ငံေတြအေနနဲ႔ COVID-19 ကပ္ေရာဂါတုိက္ဖ်က္ေရးမွာ ညီညႊတ္စြာ ပူးေပါင္းေဆာင္ရြက္ဖို႔ ညီလာခံဥကၠ႒က အစည္းအေဝးဖြင့္ပြဲမွာ တုိ္က္တြန္းသြားပါတယ္။

"ဒီခန္းမႀကီးဟာ ႏုိင္ငံေပါင္းစုံရဲ့ စည္းလုံးညီညႊတ္မႈေပၚထြန္းရာေနရာျဖစ္ပါတယ္။ အေထြေထြညီလာခံဟာ လူသားမ်ိဳးႏြယ္ေတြရဲ ႔ အသံ၊ စိတ္ဆႏၵနဲ႔ အေကာင္းအက်ိဳး ခြဲျခားသိျမင္စိတ္ေတြေပၚထြက္ရာေနရာလည္းျဖစ္ပါတယ္။ ဒီကေန႔ တကမာၻလုံးရင္ဆုိုင္ေနရတဲ့ အႀကိီးမားဆုံးစိန္ေခၚခ်က္ကို ဘယ္လိုဦးေဆာင္လုပ္ကိုင္မလဲဆိုတာ တကမာၻလုံးကေစာင့္ၾကည့္ေနပါတယ္။ ဒီအၾကပ္အတည္းႀကီးကို ကုိင္တယ္ေျဖရွင္းတဲ့အေပၚမူတည္ၿပိီး ကုလသမဂၢအေပၚ ယုံၾကည္ခ်က္ေတြျပန္ၿပီးေဆာင္ၾကည္းလာႏုိင္ပါလိမ့္မယ္။" လု႔ိ ညီလာခံဥကၠ႒ Volkan Bozkir ကေျပာပါတယ္။

ညီလာခံအဖြင့္မွာပဲ COVID-19 ေၾကာင့္ အသက္ဆုံးရႈံးခဲ့ရသူေတြကိုေအာက္ေမ့ဂုဏ္ျပဳတဲ့အေနနဲ႔ အဖြဲ႔၀င္နုိင္ငံေတြက ကိုယ္စားလွယ္ေတြ တမိနစ္ၾကာ မတ္တပ္ရပ္ ၿငိမ္သက္ခဲ့ၾကပါတယ္။ ကပ္ေရာဂါေၾကာင့္ လူထုက်န္းမာေရးကိုသာမက စီးပြါးေရးနဲ႔လူမႈဖြံ႔ၿဖိဳးမႈအေပၚမွာပါ ႀကီးမားတဲ့ သက္ေရာက္မႈေတြ ရွိခဲ့တယ္လို႔လည္း ညီလာခံဥကၠ႒ကေျပာပါတယ္။ ကပ္ေရာဂါေၾကာင့္ ဆင္းရဲခ်မ္းသာ ကြာဟခ်က္ပိုႀကီးမားလာသလို ဆင္းရဲတဲ့တုိင္းျပည္ေတြမွာ ပိုၿပီးထိခိုက္ေနရေပမယ့္ ဒီအခ်ိန္ဟာ လက္ညွိဳးထိုးအျပစ္တင္ေနရမယ့္အခ်ိန္မဟုတ္ဘဲ စုေပါင္းအားနဲ႔ လုပ္ကိုင္ရမယ့္ကာလျဖစ္တယ္လို႔လည္း ညီလာခံဥကၠ႒ Bozkir ကေျပာပါတယ္။

ကုလအတြင္းေရးမွဴးခ်ဳပ္ Antonio Guterres ကလည္း ကပ္ေရာဂါတုိက္ဖ်က္ေရး ႏုိင္ငံစုံ ပူးေပါင္းလုပ္ကိုင္ဖို ႔တုိက္တြန္းသြားသလို ကမၻာ့က်န္းမာေရးအဖြဲ႔ (WHO) ရဲ ႔ ကပ္ေရာဂါထိန္းခ်ဳပ္ေရးဆိုင္ရာ လမ္းညႊန္ခ်က္ကို မလိုက္နာတဲ့ႏုိင္ငံတခ်ိဳ႕ကိုလည္း ေ၀ဖန္ခဲ့တာပါ။ အဖြဲ႔၀င္ႏုိင္ငံေခါင္းေဆာင္ေတြ၊ ေလ့လာသုံးသပ္သူေတြနဲ႔ ႏုိင္ငံေရးအရထင္ရွားသူေတြကလည္း ကပ္ေရာဂါထိန္းခ်ဳပ္ေရးနဲ႔ စီးပြါးေရးျပန္ဦးေမာ့လာႏုိ္င္ေအာင္ ကုလသမဂၢနဲ႔ WHO ဘက္က ဘယ္လိုကူညီႏုိင္မလဲဆိုတာနဲ႔ အနာဂတ္မွာ ကပ္ေရာဂါေတြကို ကာကြယ္ႏုိင္မယ့္နည္းလမ္းေတြကို အြန္လိုင္းကေန အသီးသီးတင္ျပၾကမွာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

COVID-19 ကပ်ရောဂါအရေး ကုလသမဂ္ဂမှာ အထူးစည်းဝေးဆွေးနွေးနေ

COVID-19 ကပ်ရောဂါအရေးနဲ့ ပတ်သက်တဲ့ အထူးအစည်းအဝေးတရပ်ကို ကုလသမဂ္ဂမှာ ကြာသပတေးနေ့က စတင်ကျင်းပါနေပါတယ်။ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ COVID-19 ကပ်ရောဂါတိုက်ဖျက်ရေးမှာ ညီညွှတ်စွာ ပူးပေါင်းဆောင်ရွက်ဖို့ ညီလာခံဥက္ကဋ္ဌက အစည်းအဝေးဖွင့်ပွဲမှာ တိုက်တွန်းသွားပါတယ်။

"ဒီခန်းမကြီးဟာ နိုင်ငံပေါင်းစုံရဲ့ စည်းလုံးညီညွှတ်မှုပေါ်ထွန်းရာနေရာဖြစ်ပါတယ်။ အထွေထွေညီလာခံဟာ လူသားမျိုးနွယ်တွေရဲ့ အသံ၊ စိတ်ဆန္ဒနဲ့ အကောင်းအကျိုး ခွဲခြားသိမြင်စိတ်တွေပေါ်ထွက်ရာနေရာလည်းဖြစ်ပါတယ်။ ဒီကနေ့ တကမ္ဘာလုံးရင်ဆိုင်နေရတဲ့ အကြီးမားဆုံးစိန်ခေါ်ချက်ကို ဘယ်လိုဦးဆောင်လုပ်ကိုင်မလဲဆိုတာ တကမ္ဘာလုံးကစောင့်ကြည့်နေပါတယ်။ ဒီအကြပ်အတည်းကြီးကို ကိုင်တယ်ဖြေရှင်းတဲ့အပေါ်မူတည်ပြီး ကုလသမဂ္ဂအပေါ် ယုံကြည်ချက်တွေပြန်ပြီးဆောင်ကြည်းလာနိုင်ပါလိမ့်မယ်။" လု့ိ ညီလာခံဥက္ကဋ္ဌ Volkan Bozkir ကပြောပါတယ်။

ညီလာခံအဖွင့်မှာပဲ COVID-19 ကြောင့် အသက်ဆုံးရှုံးခဲ့ရသူတွေကိုအောက်မေ့ဂုဏ်ပြုတဲ့အနေနဲ့ အဖွဲ့ဝင်နိုင်ငံတွေက ကိုယ်စားလှယ်တွေ တမိနစ်ကြာ မတ်တပ်ရပ် ငြိမ်သက်ခဲ့ကြပါတယ်။ ကပ်ရောဂါကြောင့် လူထုကျန်းမာရေးကိုသာမက စီးပွါးရေးနဲ့လူမှုဖွံ့ဖြိုးမှုအပေါ်မှာပါ ကြီးမားတဲ့ သက်ရောက်မှုတွေ ရှိခဲ့တယ်လို့လည်း ညီလာခံဥက္ကဋ္ဌကပြောပါတယ်။ ကပ်ရောဂါကြောင့် ဆင်းရဲချမ်းသာ ကွာဟချက်ပိုကြီးမားလာသလို ဆင်းရဲတဲ့တိုင်းပြည်တွေမှာ ပိုပြီးထိခိုက်နေရပေမယ့် ဒီအချိန်ဟာ လက်ညှိုးထိုးအပြစ်တင်နေရမယ့်အချိန်မဟုတ်ဘဲ စုပေါင်းအားနဲ့ လုပ်ကိုင်ရမယ့်ကာလဖြစ်တယ်လို့လည်း ညီလာခံဥက္ကဋ္ဌ Bozkir ကပြောပါတယ်။

ကုလအတွင်းရေးမှူးချုပ် Antonio Guterres ကလည်း ကပ်ရောဂါတိုက်ဖျက်ရေး နိုင်ငံစုံ ပူးပေါင်းလုပ်ကိုင်ဖို့တိုက်တွန်းသွားသလို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ ကပ်ရောဂါထိန်းချုပ်ရေးဆိုင်ရာ လမ်းညွှန်ချက်ကို မလိုက်နာတဲ့နိုင်ငံတချို့ကိုလည်း ဝေဖန်ခဲ့တာပါ။ အဖွဲ့ဝင်နိုင်ငံခေါင်းဆောင်တွေ၊ လေ့လာသုံးသပ်သူတွေနဲ့ နိုင်ငံရေးအရထင်ရှားသူတွေကလည်း ကပ်ရောဂါထိန်းချုပ်ရေးနဲ့ စီးပွါးရေးပြန်ဦးမော့လာနိုင်အောင် ကုလသမဂ္ဂနဲ့ WHO ဘက်က ဘယ်လိုကူညီနိုင်မလဲဆိုတာနဲ့ အနာဂတ်မှာ ကပ်ရောဂါတွေကို ကာကွယ်နိုင်မယ့်နည်းလမ်းတွေကို အွန်လိုင်းကနေ အသီးသီးတင်ပြကြမှာဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG