သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေတာင္ကိုရီးယားမွာ COVID-19 ကူးစက္မႈ ျပန္ျဖစ္လာ


ေတာင္ကိုးရီးယားႏိုင္ငံ Seoul ၿမိဳ႕မွာ ေတြ႔ရတဲ့ ႏွာေခါင္းစည္းတပ္ လူတခ်ိဳ႕။ (ဒီဇင္ဘာ ၀၄၊ ၂၀၂၀)

[Zawgyi/Unicode]

ေတာင္ကိုရီးယားႏုိင္ငံမွာ ၉ လတာကာလအတြင္း ကို႐ိုနာဗိုင္းရပ္စ္ ကူးခံရသူအမ်ားဆုံးအျဖစ္နဲ႔ ၿပီးခဲ့တဲ့၂၄ နာရီအတြင္း ပိုးကူးသူ ၆၂၉ ေယာက္တိုးလာပါတယ္။ ဒီထဲကလူေပါင္း ၆ ရာက ျပည္တြင္းမွာကူးခံရတာျဖစ္ၿပီး ၈၀% က ပိုး အဓိကကူးစက္ရာ လူထူထပ္တဲ့ ဆိုးလ္ၿမိဳ႕တ၀ိုက္ကျဖစ္တယ္လို႔ ေတာင္ကိုရီးယား ကူးစက္ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ေရးဌာနက ေသာၾကာေန႔မွာ ေျပာပါတယ္။ ေတာင္ကိုရီးယားမွာ ဒီႏွစ္အေစာပိုင္းကတည္းက ကပ္ေရာဂါကိုေအာင္ျမင္စြာ ထိန္းခ်ဳပ္ႏုိင္ခဲ့ေပမယ့္ ကန္႔သတ္ခ်က္ေတြေျဖေလ ွ်ာ့ေပးလိုက္တဲ့ ေအာက္တုိလာလေနာက္ပိုင္း ပိုးကူးစက္မႈျပန္တိုးလာတာျဖစ္ပါတယ္။

အေမရိကန္ၿပီးရင္ ကမၻာမွာပိုးကူးသူ ဒုတိယအမ်ားဆုံးရွိတဲ့ အိႏၵိယႏုိင္ငံမွာ တလေလာက္ထိ ပိုးကူးစက္မႈ ဆက္တုိက္က်ဆင္းလာေနတယ္ဆိုေပမယ့္ ၿပီးခဲ့တဲ့၂၄ နာရီအတြင္းပိုးေတြ႔သူ ၃၆,၀၀၀ ေက်ာ္ရွိပါတယ္။ ဒီအခ်ိန္မွာပဲ ဗီယက္နမ္ႏုိင္ငံကို စီးပြါးေရးအရလာေရာက္မယ့္ ေတာင္ကိုးရီးယားႏုိင္ငံသားတခ်ိဳ ႔ ကပ္ေရာဂါထိန္းခ်ဳပ္ေရးအတြက္ ၁၄ ရက္ၾကာ မျဖစ္မေနသီးျခားခြဲေနစရာမလိုေတာ့ဘူးလို႔ ဆိုးလ္ၿမိဳကတာ၀န္ရွိသူေတြကေသာၾကာေန႔မွာေျပာပါတယ္။

ဇန္န၀ါရီလ ၁ ရက္ေန႔ကစၿပီး အသက္၀င္မယ့္ ဒီသေဘာတူညီခ်က္မွာ ဗီယက္နမ္ကို ရက္တိုလာေရာက္တဲ့ စီးပါြးေရးသမားေတြကိုသာခြင့္ျပဳထားေၾကာင္း ေတာင္ကိုရီးယားႏုိင္ငံျခားေရး၀န္ႀကီးဌာနက ေၾကျငာခ်က္ထုတ္ျပန္ခဲ့ပါတယ္။ ဗီယက္နမ္ဘက္ကေတာ့ ဒီသတင္းကို အတည္မျပဳေသးပါဘူး။ ေတာင္ကိုရီးယားႏုိင္ငံဘက္ကလည္း တရုတ္၊ ဂ်ပန္၊ အာရပ္ေစာ္ဘြားမ်ားျပည္ေထာင္စု UAE၊ စကၤာပူနဲ႔ အင္ဒိုနီးရွားက ရက္တိုလာေရာက္မယ့္ စီးပြါးေရးသမားေတြ ၁၄ ရက္ၾကာ သီးျခားခြဲေနစရာမလိုေတာ့ဘူးလို႔ ေတာင္ကိုရီးယားႏုိင္ငံျခားေရး၀န္ႀကီးဌာနကေျပာပါတယ္။

ေတာင္ကိုရီးယားမွာ COVID-19 ကူးစက္မႈ ျပန္ျဖစ္လာ
please wait

No media source currently available

0:00 0:01:19 0:00
တိုက္႐ိုက္ လင့္ခ္

[Unicode Version]

တောင်ကိုရီးယားမှာ COVID-19 ကူးစက်မှု ပြန်ဖြစ်လာ

တောင်ကိုရီးယားနိုင်ငံမှာ ၉ လတာကာလအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးခံရသူအများဆုံးအဖြစ်နဲ့ ပြီးခဲ့တဲ့၂၄ နာရီအတွင်း ပိုးကူးသူ ၆၂၉ ယောက်တိုးလာပါတယ်။ ဒီထဲကလူပေါင်း ၆ ရာက ပြည်တွင်းမှာကူးခံရတာဖြစ်ပြီး ၈၀% က ပိုး အဓိကကူးစက်ရာ လူထူထပ်တဲ့ ဆိုးလ်မြို့တဝိုက်ကဖြစ်တယ်လို့ တောင်ကိုရီးယား ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးဌာနက သောကြာနေ့မှာ ပြောပါတယ်။ တောင်ကိုရီးယားမှာ ဒီနှစ်အစောပိုင်းကတည်းက ကပ်ရောဂါကိုအောင်မြင်စွာ ထိန်းချုပ်နိုင်ခဲ့ပေမယ့် ကန့်သတ်ချက်တွေဖြေလေ ျှာ့ပေးလိုက်တဲ့ အောက်တိုလာလနောက်ပိုင်း ပိုးကူးစက်မှုပြန်တိုးလာတာဖြစ်ပါတယ်။

အမေရိကန်ပြီးရင် ကမ္ဘာမှာပိုးကူးသူ ဒုတိယအများဆုံးရှိတဲ့ အိန္ဒိယနိုင်ငံမှာ တလလောက်ထိ ပိုးကူးစက်မှု ဆက်တိုက်ကျဆင်းလာနေတယ်ဆိုပေမယ့် ပြီးခဲ့တဲ့၂၄ နာရီအတွင်းပိုးတွေ့သူ ၃၆,၀၀၀ ကျော်ရှိပါတယ်။ ဒီအချိန်မှာပဲ ဗီယက်နမ်နိုင်ငံကို စီးပွါးရေးအရလာရောက်မယ့် တောင်ကိုးရီးယားနိုင်ငံသားတချို့ ကပ်ရောဂါထိန်းချုပ်ရေးအတွက် ၁၄ ရက်ကြာ မဖြစ်မနေသီးခြားခွဲနေစရာမလိုတော့ဘူးလို့ ဆိုးလ်မြိုကတာဝန်ရှိသူတွေကသောကြာနေ့မှာပြောပါတယ်။

ဇန်နဝါရီလ ၁ ရက်နေ့ကစပြီး အသက်ဝင်မယ့် ဒီသဘောတူညီချက်မှာ ဗီယက်နမ်ကို ရက်တိုလာရောက်တဲ့ စီးပါွးရေးသမားတွေကိုသာခွင့်ပြုထားကြောင်း တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက ကြေငြာချက်ထုတ်ပြန်ခဲ့ပါတယ်။ ဗီယက်နမ်ဘက်ကတော့ ဒီသတင်းကို အတည်မပြုသေးပါဘူး။ တောင်ကိုရီးယားနိုင်ငံဘက်ကလည်း တရုတ်၊ ဂျပန်၊ အာရပ်စော်ဘွားများပြည်ထောင်စု UAE၊ စင်္ကာပူနဲ့ အင်ဒိုနီးရှားက ရက်တိုလာရောက်မယ့် စီးပွါးရေးသမားတွေ ၁၄ ရက်ကြာ သီးခြားခွဲနေစရာမလိုတော့ဘူးလို့ တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနကပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG