(Zawgyi / Unicode)
ကမၻာတဝန္းမွာ စေနေန႔ထိ ကို႐ုိနာဗိုင္းရပ္စ္ ကူးစက္ခံထားရသူ ၆၆ သန္းနီးပါးကို ေရာက္ရွိခဲ့ၿပီး ဒီကူးစက္ခံရသူေတြထဲက အနည္းဆံုး ၄၂ သန္းေလာက္ ျပန္လည္ က်န္းမာလာၿပီလို႔ သံုးသပ္ထားပါတယ္။
ၿပီးခဲ့တဲ့ႏွစ္ ဒီဇင္ဘာလကုန္ပိုင္းက တ႐ုတ္မွာ စျဖစ္ခဲ့တဲ့ ကို႐ုိနာဗိုင္းရပ္စ္ေၾကာင့္ ေသဆံုးသူ အနည္းဆံုး ၁ သန္းခြဲေက်ာ္ ရွိခဲ့ေၾကာင္း AFP ရဲ႕ မွတ္တမ္းေတြက ေဖာ္ျပပါတယ္။
႐ုရွားမွာေတာ့ ၿမိဳ႕ေတာ္ ေမာ္စကိုမွာ ကို႐ုိနာဗိုင္းရပ္စ္ ကာကြယ္ေဆးထိုးေပးမယ့္ ေဆးခန္း ၇၀ ဖြင္႔လွစ္ထားၿပီး ကူးစက္ႏုိင္ေျခ အႏၱရာယ္အမ်ားဆံုး ရွိသူေတြကို စၿပီး ကာကြယ္ေဆး ထိုးေပးေနပါၿပီ။
အေမရိကန္ျပည္ေထာင္စုမွာေတာ့ ၂၄ နာရီအတြင္း COVID-19 ျဖစ္ပြားသူ ၂၁၀,၀၀၀ ထိ စံခ်ိန္တင္ ေရာက္ရွိခဲ့တယ္လို႔ Johns Hopkins တကၠသိုလ္ရဲ႕ စာရင္းေတြက ေဖာ္ျပပါတယ္။
အာဂ်င္တီးနားမွာ ကို႐ုိနာဗိုင္းရပ္စ္ တိုက္ဖ်က္ေရးလုပ္ငန္းေတြ၊ ေနာက္ ခ်ိဳ႕တဲ့သူေတြနဲ႔ လုပ္ငန္းငယ္ေတြကို အကူအညီေပးေရးအတြက္ ႏုိင္ငံရဲ႕ အခ်မ္းသာဆံုးပုဂၢိဳလ္ ၁၂,၀၀၀ ထံကေန အခြန္ေကာက္ေရး အထက္လႊတ္ေတာ္က အတည္ျပဳေပးလိုက္ပါတယ္။
အဂၤလန္ Premier League ေဘာလံုးပြဲေတြကို စေနေန႔က ျပန္ၿပီး က်င္းပတာမွာ ပြဲၾကည့္ပရိသတ္အေနနဲ႔ အလြန္အက်ဴး သီခ်င္းမဆုိၾကဖို႔၊ တေယာက္နဲ႔တေယာက္ ေပြ႔ဖက္တာေတြ မလုပ္ၾကဖို႔ သတိေပးထားပါတယ္။
----------------------
(Unicode)
ကမ္ဘာတဝန်း ကိုဗစ်ကူးစက်သူ ၆၅ သန်းကျော်အနက် သန်း ၄၀ ကျော် ပြန်လည်ကျန်းမာကြပြီ
ကမ္ဘာတဝန်းမှာ စနေနေ့ထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူ ၆၆ သန်းနီးပါးကို ရောက်ရှိခဲ့ပြီး ဒီကူးစက်ခံရသူတွေထဲက အနည်းဆုံး ၄၂ သန်းလောက် ပြန်လည် ကျန်းမာလာပြီလို့ သုံးသပ်ထားပါတယ်။
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကုန်ပိုင်းက တရုတ်မှာ စဖြစ်ခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ အနည်းဆုံး ၁ သန်းခွဲကျော် ရှိခဲ့ကြောင်း AFP ရဲ့ မှတ်တမ်းတွေက ဖော်ပြပါတယ်။
ရုရှားမှာတော့ မြို့တော် မော်စကိုမှာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးထိုးပေးမယ့် ဆေးခန်း ၇၀ ဖွင့်လှစ်ထားပြီး ကူးစက်နိုင်ခြေ အန္တရာယ်အများဆုံး ရှိသူတွေကို စပြီး ကာကွယ်ဆေး ထိုးပေးနေပါပြီ။
အမေရိကန်ပြည်ထောင်စုမှာတော့ ၂၄ နာရီအတွင်း COVID-19 ဖြစ်ပွားသူ ၂၁၀,၀၀၀ ထိ စံချိန်တင် ရောက်ရှိခဲ့တယ်လို့ Johns Hopkins တက္ကသိုလ်ရဲ့ စာရင်းတွေက ဖော်ပြပါတယ်။
အာဂျင်တီးနားမှာ ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးလုပ်ငန်းတွေ၊ နောက် ချို့တဲ့သူတွေနဲ့ လုပ်ငန်းငယ်တွေကို အကူအညီပေးရေးအတွက် နိုင်ငံရဲ့ အချမ်းသာဆုံးပုဂ္ဂိုလ် ၁၂,၀၀၀ ထံကနေ အခွန်ကောက်ရေး အထက်လွှတ်တော်က အတည်ပြုပေးလိုက်ပါတယ်။
အင်္ဂလန် Premier League ဘောလုံးပွဲတွေကို စနေနေ့က ပြန်ပြီး ကျင်းပတာမှာ ပွဲကြည့်ပရိသတ်အနေနဲ့ အလွန်အကျူး သီချင်းမဆိုကြဖို့၊ တယောက်နဲ့တယောက် ပွေ့ဖက်တာတွေ မလုပ်ကြဖို့ သတိပေးထားပါတယ်။