သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နောင်ဖြစ်လာနိုင်တဲ့ ကပ်ရောဂါအတွက် ကြိုတင်ပြင်ဆင်ထားကြဖို့ WHO အကြီးအကဲ သတိပေး 


(Zawgyi/Unicode)

ထွက်ပေါ်လာနေပြီဖြစ်တဲ့ COVID-19 ကာကွယ်ဆေးနဲ့ အတူ နိုင်ငံတွေအနေနဲ့ နောက်လာမယ့် ကပ်ရောဂါ အတွက် စတင် ရင်းနှီးမြှုပ်နှံဖို့ နဲ့ ပြင်ဆင်ဖို့ လိုအပ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO အကြီးအကဲက သောကြာနေ့က သတိပေးပြောကြားလိုက်ပါတယ်။

“နှစ်နဲ့ ချီပြီး သတိပေးတာတွေရှိပေမဲ့လည်း နိုင်ငံအတော်များများဟာ COVID-19 အတွက် အဆင်သင့်ဖြစ်မနေသေးဘူး။”လို့ WHO ညွှန်ကြားရေးမှူးချုပ် Tedros Adhanom Ghebreyesus က ကိုရိုနာဗိုင်းရပ်စ် နဲ့ ပတ်သက်တဲ့ ကုလသမဂ္ဂအထွေထွေညီလာခံကို ပြောကြားတဲ့ မိန့်ခွန်းထဲမှာ ထည့်သွင်းပြောဆိုသွားပါတယ်။

လူအတော်များများက မှားယွင်းစွာ ယူဆနေကြတာက သူတို့မှာ ခိုင်မာတဲ့ ကျန်းမာရေးစောင့်ရှောက်မှု စနစ်က သူတို့ကို ကာကွယ်လိမ့်လို့ ထင်နေကြကြောင်း WHO အကြီးအကဲ ပြောသွားပါတယ်။

ပြင်းထန်တဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ Syndrome (SARS) နဲ့ အရှေ့အလယ်ပိုင်းမှာ ဖြစ်ခဲ့တဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ (MERS) အပါအဝင် အခြားကူးစက်တတ်တဲ့ ရောဂါတွေနဲ့ ပတ်သက်ရင်နိုင်ငံတွေအနေနဲ့ ကောင်းကောင်းကိုင်တွယ်နိုင်ခဲ့ပေမဲ့အခု COVID-19 မှာလည်း အလားတူ ကိုင်တွယ်ဖြေရှင်းကြဖို့လည်း Tedros Adhanom Ghebreyesus ကတိုက်တွန်းသွားပါတယ်။

ဒါအပြင် နောက်လာမယ့် ကပ်ရောဂါကို ကာကွယ်၊ ထိန်းချုပ်ဖို့အတွက် ရင်းနှီးမြှုပ်နှံမှုတွေကို စတင်လုပ်ဆောင်သင့်ကြောင်း သူက အကြံပြုသွားပါတယ်။ ဒီလို ကမ္ဘာလုံးဆိုင်ရာ ကြိုတင်ပြင်ဆင်မှုတွေမှာအာရုံစိုက်လုပ်ဆောင်ဖို့ အားနည်းနေတယ်လို့လည်း သူကပြောသွားပါတယ်။

လက်ရှိ တကမ္ဘာလုံးမှာCOVID-19 ကူးစက်ခံရသူပေါင်း၆.၅ သန်းကျော်ရှိပြီး သေဆုံးသူပေါင်း ၁.၅ သန်းကျော်ရှိပါတယ်။ ဂျွန်ဟော့ပ်ကင်းတက္ကသိုလ်ရဲ့ နောက်ဆုံး စစ်တမ်းအရ အမေရိကန်ပြည်ထောင်စုမှာ ကူးစက်သူပေါင်း (၁၄) သန်းကျော် ရှိနေပြီး သေဆုံးသူပေါင်း (၂၇၆,၅၁၃) ကျော် ရှိနေပါတယ်။

အီတလီနိုင်ငံမှာတော့ ကြသာပတေးနေ့ တနေ့တည်း COVID-19 ကူးစက်မှုပေါင်း ၂၃,၂၅၅ ရှိခဲ့ပြီး သေဆုံးသူပေါင်း ၉၃၃ ဦးနဲ့ စံချိန်တင်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်


.............


(Unicode)







XS
SM
MD
LG