သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္ကာကြယ္ေဆးရဖို႔ အာရွႏုိင္ငံေတြ ျပင္ဆင္လုပ္ေဆာင္ေန


ကိုဗစ္ ကာကြယ္ေဆးပုလင္း။ (ဒီဇင္ဘာ ၀၈၊ ၂၀၂၀)

[Zawgyi/Unicode]

ကမာၻတ၀န္းက ေဆးထုတ္လုပ္တဲ့ ကုမၸဏီႀကီးေတြျဖစ္တဲ့ Pfizer, BioNTech, Moderna နဲ႔ AstraZenaca ကုမၸဏီေတြက စမ္းသပ္ထုတ္လုပ္ေနတဲ့ ကာကြယ္ေဆးေတြဟာ ကို႐ိုနာဗုိင္းရပ္စ္ကို ထိထိေရာက္ေရာက္ ကာကြယ္ႏုိင္တယ္ဆုိတာကို ျပသၿပီး ကာကြယ္ေဆးအျဖစ္အသုံးျပဳဖို႔အတြက္ အတည္ျပဳခ်က္ေစာင့္ေနခ်ိန္မွာပဲ အာရွေဒသအပါအ၀င္ ကမာၻႏုိင္ငံအသီးသီးကလည္း ဒီကာကြယ္ေဆးေတြကိုရယူဖို႔ ျပင္ဆင္ထားၾကပါတယ္။

အေရွ႕ေတာင္အာရွႏုိင္ငံေတြထဲမွာေတာ့ မေလးရွားႏုိင္ငံက Pfizer ကုမၸဏီက ကာကြယ္ေဆး ၁၂.၈ သန္းကို ၀ယ္ဖို႔ သေဘာတူထားၿပီး အဲဒီထဲက ကာကြယ္ေဆး ၁,၀၀၀,၀၀၀ ကို ပထမအသုတ္အေနနဲ႔ေရွ႕ႏွစ္ ပထမ ၃ လ ပတ္မွာ Pfizer ကုမၸဏီက ပို႔သြားမွာျဖစ္ပါတယ္။

ဖိလစ္ပိုင္ကေတာ့ AstraZeneca ကုမၸဏီဆီကေန ကာကြယ္ေဆ။ ၂.၆ သန္း၀ယ္ဖို႔သေဘာတူထားၿပီး ေနာက္ထပ္ ၁,၀၀၀,၀၀၀ ၀ယ္ဖို႔လည္း ေဆြးေႏြးေနပါတယ္။ ဒါ့အျပင္ Sinovac ကုမၸဏီကေန ကာကြယ္ေဆး သန္း ၂၀ ကေန သန္း ၅၀ အထိ ၀ယ္ဖို႔လုပ္ေနသလို Pfizer အပါအ၀င္ တျခားကုမၸဏီေတြကလည္း ၀ယ္ဖို႔လုပ္ေဆာင္ေနပါတယ္။

အင္ဒိုနီးရွားႏုိင္ငံကေတာ့ Sinovac ကုမၸဏီကေန ကာကြယ္ေဆးအလုံးေရ ၁၂၅ သန္းခဲြနဲ႔ Novavax ကုမၸဏီကေန သန္း ၃၀ ၀ယ္ဖို႔သေဘာတူထားပါတယ္။ ဒါ့အျပင္ AstraZeneca နဲ႔ Pfizer ကုမၸဏီေတြဆီကေန သန္း ၅၀ စီ ၀ယ္ဖုိ႔ ေဆြးေႏြးေနၿပီး COVAX အစီအစဥ္ကေန ၁၆ သန္း ၀ယ္ဖို႔ေမွ်ာ္လင့္ထားတယ္လို႔ ေျပာပါတယ္။

ဗီယက္နမ္ႏုိင္ငံကေတာ့ COVAX အစီအစဥ္ကေန ၀ယ္ဖို႔ သေဘာတူထားေပမဲ့ သူတုိ႔ လူဦးေရရဲ႕ ၂၀% ေလာက္အတြက္ပဲ ရထားၿပီး ကာကြယ္ေဆးေတြ ထပ္လိုတဲ့အတြက္ ေနာက္ထပ္ သီးျခားသေဘာတူညီမႈေတြ ထပ္လုပ္သြားႏုိင္ေျခ ရွိတယ္လို႔ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကိုဗစ်ကာကွယ်ဆေးရဖို့ အာရှနိုင်ငံတွေ ပြင်ဆင်လုပ်ဆောင်နေ

ကမ္ဘာတဝန်းက ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကြီးတွေဖြစ်တဲ့ Pfizer, BioNTech, Moderna နဲ့ AstraZenaca ကုမ္ပဏီတွေက စမ်းသပ်ထုတ်လုပ်နေတဲ့ ကာကွယ်ဆေးတွေဟာ ကိုရိုနာဗိုင်းရပ်စ်ကို ထိထိရောက်ရောက် ကာကွယ်နိုင်တယ်ဆိုတာကို ပြသပြီး ကာကွယ်ဆေးအဖြစ်အသုံးပြုဖို့အတွက် အတည်ပြုချက်စောင့်နေချိန်မှာပဲ အာရှဒေသအပါအဝင် ကမ္ဘာနိုင်ငံအသီးသီးကလည်း ဒီကာကွယ်ဆေးတွေကိုရယူဖို့ ပြင်ဆင်ထားကြပါတယ်။

အရှေ့တောင်အာရှနိုင်ငံတွေထဲမှာတော့ မလေးရှားနိုင်ငံက Pfizer ကုမ္ပဏီက ကာကွယ်ဆေး ၁၂.၈ သန်းကို ဝယ်ဖို့ သဘောတူထားပြီး အဲဒီထဲက ကာကွယ်ဆေး ၁,၀၀၀,၀၀၀ ကို ပထမအသုတ်အနေနဲ့ရှေ့နှစ် ပထမ ၃ လ ပတ်မှာ Pfizer ကုမ္ပဏီက ပို့သွားမှာဖြစ်ပါတယ်။

ဖိလစ်ပိုင်ကတော့ AstraZeneca ကုမ္ပဏီဆီကနေ ကာကွယ်ဆေ။ ၂.၆ သန်းဝယ်ဖို့သဘောတူထားပြီး နောက်ထပ် ၁,၀၀၀,၀၀၀ ဝယ်ဖို့လည်း ဆွေးနွေးနေပါတယ်။ ဒါ့အပြင် Sinovac ကုမ္ပဏီကနေ ကာကွယ်ဆေး သန်း ၂၀ ကနေ သန်း ၅၀ အထိ ဝယ်ဖို့လုပ်နေသလို Pfizer အပါအဝင် တခြားကုမ္ပဏီတွေကလည်း ဝယ်ဖို့လုပ်ဆောင်နေပါတယ်။

အင်ဒိုနီးရှားနိုင်ငံကတော့ Sinovac ကုမ္ပဏီကနေ ကာကွယ်ဆေးအလုံးရေ ၁၂၅ သန်းခွဲနဲ့ Novavax ကုမ္ပဏီကနေ သန်း ၃၀ ဝယ်ဖို့သဘောတူထားပါတယ်။ ဒါ့အပြင် AstraZeneca နဲ့ Pfizer ကုမ္ပဏီတွေဆီကနေ သန်း ၅၀ စီ ဝယ်ဖို့ ဆွေးနွေးနေပြီး COVAX အစီအစဉ်ကနေ ၁၆ သန်း ဝယ်ဖို့မျှော်လင့်ထားတယ်လို့ ပြောပါတယ်။

ဗီယက်နမ်နိုင်ငံကတော့ COVAX အစီအစဉ်ကနေ ဝယ်ဖို့ သဘောတူထားပေမဲ့ သူတို့ လူဦးရေရဲ့ ၂၀% လောက်အတွက်ပဲ ရထားပြီး ကာကွယ်ဆေးတွေ ထပ်လိုတဲ့အတွက် နောက်ထပ် သီးခြားသဘောတူညီမှုတွေ ထပ်လုပ်သွားနိုင်ခြေ ရှိတယ်လို့ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG