သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

Pfizer ကိုဗစ္ကာကြယ္ေဆး အေမရိကန္မွာ ခြင့္ျပဳ၊ မျပဳ ဒီေန႔ဆံုးျဖတ္မယ္


Pfizer BioNTech ကိုဗစ္ကာကြယ္ေဆး ပုလင္း။ (ဒီဇင္ဘာ ၀၈၊ ၂၀၂၀)

[Zawgyi/Unicode]

အေမရိကန္ျပည္ေထာင္စုမွာ ကိုဗစ္ကပ္ေရာဂါေၾကာင့္ ေသဆံုးသူ တေန႔ထဲ ၃,၀၀၀ ေက်ာ္နဲ႔ ဗုဒၶဟူးေန႔က စံခ်ိန္တင္ထားခ်ိန္မွာပဲ Pfizer BioNTech ကိုဗစ္ကာကြယ္ေဆးကို အေရးေပၚ သံုးစြဲခြင့္ျပဳသင့္၊ မသင့္ကို အေမရိကန္ အစားအေသာက္နဲ႔ ေဆးဝါးထိန္းခ်ဳပ္ေရးဌာန FDA ရဲ႕ အထူးအဖဲြ႔က ဒီေန႔ၾကာသပေတးေန႔မွာ ေဆြးေႏြးဆံုးျဖတ္ၾကမွာျဖစ္ပါတယ္။

ၿဗိတိန္မွာ အစထဲက ေဆးဓာတ္မတည့္တတ္တဲ့အခံ႐ွိသူ က်န္းမာေရးဝန္ထမ္း ၂ ေယာက္ ကိုဗစ္ကာကြယ္ေဆးထုိးၿပီး ဓာတ္မတည့္တဲ့ တံု႔ျပန္မႈရခဲ့တဲ့အေပၚ ၿဗိတိန္တာဝန္႐ွိသူေတြ သံုးသပ္စစ္ေဆးေနခ်ိန္မွာ အေမရိကန္ျပည္ေထာင္စုမွာ ကာကြယ္ေဆးခြင့္ျပဳသင့္၊ မသင့္ ဆံုးျဖတ္မွာမို႔ ေဘးအႏၲရာယ္ကင္း႐ွင္းေရးဟာ ထိပ္တန္းဦးစားေပးျဖစ္တယ္လို႔ ဆံုးျဖတ္မယ့္အဖဲြ႔ထဲပါသူ က်န္းမာေရးပညာ႐ွင္ေတြက ေျပာပါတယ္။

တခ်ဳိ႕သူေတြအေပၚ ကိုဗစ္ကာကြယ္ေဆး သက္ေရာက္မႈ ႐ွိ၊ မ႐ွိဆိုတဲ့ကိစၥကိုလည္း ေဆြးေႏြး စဥ္းစားၾကမွာျဖစ္ပါတယ္။ တကယ္လို႔ ကာကြယ္ေဆးနဲ႔ ဇီဝေဆးဝါးဆုိင္ရာ အၾကံျပဳေကာ္မတီက Pfizer BioNTech ကာကြယ္ေဆးကို အေရးေပၚ သံုးခြင့္ျပဳသင့္တယ္လို႔ အႀကံျပဳခဲ့ရင္ေတာ့ FDA ဌာနက ေသာၾကာ ဒါမွမဟုတ္ စေနေန႔ ေနာက္ဆံုးထားၿပီး ကိုဗစ္ကာကြယ္ေဆးကို ခြင့္ျပဳမွာျဖစ္ပါတယ္။ အဲဒီအခါက်ရင္ ျပည္ေထာင္စုအစုိးရက ကိုဗစ္ကာကြယ္ေဆး ၆.၄ သန္းကို ႏိုင္ငံတဝန္းကို ျဖန္႔ခ်ီၿပီး ထိုးေပးမွာျဖစ္ပါတယ္။

နာမက်န္းျဖစ္ေနသူေတြကို ျပဳစုေစာင့္ေ႐ွာက္ေနတဲ့ က်န္းမာေရးဝန္ထမ္းေတြကို ပထမဦးစားေပး ကိုဗစ္ကာကြယ္ေဆးထိုးေပးမွာျဖစ္ပါတယ္။ ပထမပိုင္းမွာ ကိုဗစ္ကာကြယ္ေဆးကို မိမိသေဘာဆႏၵပါမွ ထိုးေပးမွာျဖစ္ေပမ့ဲ ကာကြယ္ေဆးလိုင္စင္ အျပည့္အဝ ခြင့္ျပဳၿပီးရင္ေတာ့ လူတိုင္း မျဖစ္မေန ေဆးထုိးရမွာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

Pfizer ကိုဗစ်ကာကွယ်ဆေး အမေရိကန်မှာ ခွင့်ပြုမပြု ဒီနေ့ဆုံးဖြတ်မယ်

အမေရိကန်ပြည်ထောင်စုမှာ ကိုဗစ်ကပ်ရောဂါကြောင့် သေဆုံးသူ တနေ့ထဲ ၃,၀၀၀ ကျော်နဲ့ ဗုဒ္ဓဟူးနေ့က စံချိန်တင်ထားချိန်မှာပဲ Pfizer BioNTech ကိုဗစ်ကာကွယ်ဆေးကို အရေးပေါ် သုံးစွဲခွင့်ပြုသင့်၊ မသင့်ကို အမေရိကန် အစားအသောက်နဲ့ ဆေးဝါးထိန်းချုပ်ရေးဌာန FDA ရဲ့ အထူးအဖွဲ့က ဒီနေ့ကြာသပတေးနေ့မှာ ဆွေးနွေးဆုံးဖြတ်ကြမှာဖြစ်ပါတယ်။

ဗြိတိန်မှာ အစထဲက ဆေးဓာတ်မတည့်တတ်တဲ့အခံရှိသူ ကျန်းမာရေးဝန်ထမ်း ၂ ယောက် ကိုဗစ်ကာကွယ်ဆေးထိုးပြီး ဓာတ်မတည့်တဲ့ တုံ့ပြန်မှုရခဲ့တဲ့အပေါ် ဗြိတိန်တာဝန်ရှိသူတွေ သုံးသပ်စစ်ဆေးနေချိန်မှာ အမေရိကန်ပြည်ထောင်စုမှာ ကာကွယ်ဆေးခွင့်ပြုသင့်၊ မသင့် ဆုံးဖြတ်မှာမို့ ဘေးအန္တရာယ်ကင်းရှင်းရေးဟာ ထိပ်တန်းဦးစားပေးဖြစ်တယ်လို့ ဆုံးဖြတ်မယ့်အဖွဲ့ထဲပါသူ ကျန်းမာရေးပညာရှင်တွေက ပြောပါတယ်။

တချို့သူတွေအပေါ် ကိုဗစ်ကာကွယ်ဆေး သက်ရောက်မှု ရှိ၊ မရှိဆိုတဲ့ကိစ္စကိုလည်း ဆွေးနွေး စဉ်းစားကြမှာဖြစ်ပါတယ်။ တကယ်လို့ ကာကွယ်ဆေးနဲ့ ဇီဝဆေးဝါးဆိုင်ရာ အကြံပြုကော်မတီက Pfizer BioNTech ကာကွယ်ဆေးကို အရေးပေါ် သုံးခွင့်ပြုသင့်တယ်လို့ အကြံပြုခဲ့ရင်တော့ FDA ဌာနက သောကြာ ဒါမှမဟုတ် စနေနေ့ နောက်ဆုံးထားပြီး ကိုဗစ်ကာကွယ်ဆေးကို ခွင့်ပြုမှာဖြစ်ပါတယ်။ အဲဒီအခါကျရင် ပြည်ထောင်စုအစိုးရက ကိုဗစ်ကာကွယ်ဆေး ၆.၄ သန်းကို နိုင်ငံတဝန်းကို ဖြန့်ချီပြီး ထိုးပေးမှာဖြစ်ပါတယ်။

နာမကျန်းဖြစ်နေသူတွေကို ပြုစုစောင့်ရှောက်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ပထမဦးစားပေး ကိုဗစ်ကာကွယ်ဆေးထိုးပေးမှာဖြစ်ပါတယ်။ ပထမပိုင်းမှာ ကိုဗစ်ကာကွယ်ဆေးကို မိမိသဘောဆန္ဒပါမှ ထိုးပေးမှာဖြစ်ပေမဲ့ ကာကွယ်ဆေးလိုင်စင် အပြည့်အဝ ခွင့်ပြုပြီးရင်တော့ လူတိုင်း မဖြစ်မနေ ဆေးထိုးရမှာဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG