သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

UK အသက္ ၉၁ ႏွစ္အရြယ္အဖြား ပထမဆံုးကိုဗစ္ကာကြယ္ေဆးထိုးခံ


အသက္ ၉၁ ႏွစ္ျပည့္ေတာ့မယ့္ အဖြား Margaret Keenan ကို ပထမဆုံးေဆးထိုးေပးေနတဲ့ ျမင္ကြင္း။ (ဒီဇင္ဘာ ၀၈၊ ၂၀၂၀)

[Zawgyi/Unicode]

ၿဗိတိန္မွာ COVID-19 ကာကြယ္ေဆး ကို ဒီကေန႔ အဂၤါေန႔မွာ စတင္ ထိုးေပးေနၿပီျဖစ္ၿပီး၊ ေရွ႕တပတ္ထဲ အသက္ ၉၁ ႏွစ္ျပည့္ေတာ့မယ့္ အဖြား Margaret Keenan ကို ပထမဆုံးေဆးထိုးေပးခဲ့ပါတယ္။ V-Day ကာကြယ္ေဆးထိုးႏွံေပးတဲ့ ေန႔ အစီအစဥ္နဲ႔ တႏိုင္ငံလုံးေဆး႐ုံံေတြမွာ ပထမအသုတ္ကာကြယ္ေဆးထိုးႏွံတာေတြကို ျပဳလုပ္ေပးတာျဖစ္ပါတယ္။

အေမရိကန္ အေျခစိုက္ Pfizer ေဆးကုမၸဏီနဲ႔ ဂ်ာမဏီ BioNTech တို႔ပူးေပါင္းစမ္းသပ္ထုတ္လုပ္တဲ့ COVID-19 ကာကြယ္ေဆး အေရးေပၚ အသုံးျပဳဖို႔ ၿဗိတိန္က ၿပီးခဲ့တဲ့ ဒီဇင္ဘာလ ၂ ရက္ေန႔က ခြင့္ျပဳလိုက္တာပါ။

Pfizer – BioNTech ရဲ႕ ကာကြယ္ေဆးနဲ႔ အတူ တျခား Moderna နဲ႔ ၿဗိတိန္ Oxford တကၠသိုလ္နဲ႔ AstraZeneca ေဆးကုမၸဏီတို႔ ပူးတြဲစမ္းသပ္ေနတဲ့ ကာကြယ္ေဆးေတြကို အေရးေပၚ အသုံးျပဳခြင့္ေပးဖို႔ အေမရိကန္နဲ႔ ဥေရာပမွာလည္း သက္ဆိုင္ရာ အာဏာပိုင္ေတြက စိစစ္သုံးသပ္ေနၾကပါတယ္။

လာမယ့္ တနဂၤေႏြမွာလည္း Pfizer-BioNTech က ေပးပို႔တဲ့ ပထမအသုတ္ ကာကြယ္ေဆးေတြကို ၿဗိတိန္ေဆး႐ုံေတြက ဦးစားေပးေ႐ြးခ်ယ္ထားသူေတြကို ထိုးေပးသြားမွာ ျဖစ္ပါတယ္။ အခု ကာကြယ္ေဆးေတြက တႏိုင္ငံလုံးအတြက္ အလုံအေလာက္ေတာ့ မရႏိုင္ေသးပါဘူး။

ၿဗိတိန္မွာ COVID-19 ကူးစက္သူ ၁.၇ သန္းနဲ႔ ေသဆုံးသူ ၆၁,၀၀၀ ေက်ာ္ရွိၿပီး ဥေရာပမွာ ေသဆုံးမႈႏႈန္း အမ်ားဆုံးျဖစ္ပါတယ္။

ပထမအသုတ္ကာကြယ္ေဆး အစီအစဥ္မွာ အစိုးရက လူဦးေရရဲ႕ ၄၀ ရာခိုင္ႏႈန္း၂၅ သန္းေက်ာ္ကိုေဆးထိုးေပးႏိုင္ဖို႔ ရည္မွန္းထားၿပီး ေရာဂါကူးစက္ႏိုင္တဲ့ အႏၲရာယ္ပိုမ်ားသူေတြကို ဦးစားေပးထိုးေပးသြားမွာပါ။

အခုလို ပထမအသုတ္ ကာကြယ္ေဆး ကို ၿဗိတိန္မွာ ဒီကေန႔ စၿပီး ထိုးႏွံေပးႏိုင္ခဲ့တဲ့ အေပၚမွာ ဝန္ႀကီးခ်ဳပ္ Boris Johnson က ခ်ီးက်ဴးဂုဏ္ျပဳ ေျပာၾကားခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

UK အသက် ၉၁ နှစ်အရွယ်အဖွား ပထမဆုံးကိုဗစ်ကာကွယ်ဆေးထိုးခံ

ဗြိတိန်မှာ COVID-19 ကာကွယ်ဆေး ကို ဒီကနေ့ အင်္ဂါနေ့မှာ စတင် ထိုးပေးနေပြီဖြစ်ပြီး၊ ရှေ့တပတ်ထဲ အသက် ၉၁ နှစ်ပြည့်တော့မယ့် အဖွား Margaret Keenan ကို ပထမဆုံးဆေးထိုးပေးခဲ့ပါတယ်။ V-Day ကာကွယ်ဆေးထိုးနှံပေးတဲ့ နေ့ အစီအစဉ်နဲ့ တနိုင်ငံလုံးဆေးရုံံတွေမှာ ပထမအသုတ်ကာကွယ်ဆေးထိုးနှံတာတွေကို ပြုလုပ်ပေးတာဖြစ်ပါတယ်။

အမေရိကန် အခြေစိုက် Pfizer ဆေးကုမ္ပဏီနဲ့ ဂျာမဏီ BioNTech တို့ပူးပေါင်းစမ်းသပ်ထုတ်လုပ်တဲ့ COVID-19 ကာကွယ်ဆေး အရေးပေါ် အသုံးပြုဖို့ ဗြိတိန်က ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂ ရက်နေ့က ခွင့်ပြုလိုက်တာပါ။

Pfizer – BioNTech ရဲ့ ကာကွယ်ဆေးနဲ့ အတူ တခြား Moderna နဲ့ ဗြိတိန် Oxford တက္ကသိုလ်နဲ့ AstraZeneca ဆေးကုမ္ပဏီတို့ ပူးတွဲစမ်းသပ်နေတဲ့ ကာကွယ်ဆေးတွေကို အရေးပေါ် အသုံးပြုခွင့်ပေးဖို့ အမေရိကန်နဲ့ ဥရောပမှာလည်း သက်ဆိုင်ရာ အာဏာပိုင်တွေက စိစစ်သုံးသပ်နေကြပါတယ်။

လာမယ့် တနင်္ဂနွေမှာလည်း Pfizer-BioNTech က ပေးပို့တဲ့ ပထမအသုတ် ကာကွယ်ဆေးတွေကို ဗြိတိန်ဆေးရုံတွေက ဦးစားပေးရွေးချယ်ထားသူတွေကို ထိုးပေးသွားမှာ ဖြစ်ပါတယ်။ အခု ကာကွယ်ဆေးတွေက တနိုင်ငံလုံးအတွက် အလုံအလောက်တော့ မရနိုင်သေးပါဘူး။

ဗြိတိန်မှာ COVID-19 ကူးစက်သူ ၁.၇ သန်းနဲ့ သေဆုံးသူ ၆၁,၀၀၀ ကျော်ရှိပြီး ဥရောပမှာ သေဆုံးမှုနှုန်း အများဆုံးဖြစ်ပါတယ်။

ပထမအသုတ်ကာကွယ်ဆေး အစီအစဉ်မှာ အစိုးရက လူဦးရေရဲ့ ၄၀ ရာခိုင်နှုန်း၂၅ သန်းကျော်ကိုဆေးထိုးပေးနိုင်ဖို့ ရည်မှန်းထားပြီး ရောဂါကူးစက်နိုင်တဲ့ အန္တရာယ်ပိုများသူတွေကို ဦးစားပေးထိုးပေးသွားမှာပါ။

အခုလို ပထမအသုတ် ကာကွယ်ဆေး ကို ဗြိတိန်မှာ ဒီကနေ့ စပြီး ထိုးနှံပေးနိုင်ခဲ့တဲ့ အပေါ်မှာ ဝန်ကြီးချုပ် Boris Johnson က ချီးကျူးဂုဏ်ပြု ပြောကြားခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG