သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာအတြက္ ကုိဗစ္ကာကြယ္ေဆး အလံုအေလာက္ရႏိုင္ဖြယ္ မရွိေသး


COVID-19 ကာကြယ္ေဆးတမ်ဳိး။ (ႏုိဝင္ဘာ ၁၇၊ ၂၀၂၀)

(Zawgyi / Unicode)

ကိုဗစ္ေရာဂါ ဆက္အျဖစ္မ်ားေနတဲ့ ျမန္မာႏုိင္ငံမွာ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးက ကာကြယ္ေဆး ျမန္မာႏိုင္ငံကို အျမန္ဆံုးေရာက္ေအာင္ အစြမ္းကုန္ ႀကိဳးစားေနေပမယ့္ အခ်ိန္တိုတြင္း လံုေလာက္တဲ့ ခုခံႏိုင္မႈရဖို႔ ခက္ႏိုင္တာမို႔ ကာကြယ္ေရးေတြ ဆက္လုပ္ၾကဖို႔ သတိေပးလိုက္ပါတယ္။

ဝန္ႀကီး ေဒါက္တာျမင့္ေထြးအေနနဲ႔ ဒီ COVID-19 ကာကြယ္ေဆးလုပ္ငန္း ေပါင္းစပ္ညိႇႏႈိင္း စီမံခန္႔ခြဲမႈေကာ္မတီ အစည္းအေဝးမွာ ခုလိုေျပာလိုက္တာျဖစ္ၿပီး အေၾကာင္းက ကာကြယ္ေဆးလႊမ္းၿခံဳမႈဟာ ရမယ့္ေဆးပမာဏေပၚ မူတည္ေနတာမို႔ Herd Immunity ေခၚ လံုေလာက္တဲ့ ခုခံကာကြယ္ႏုိင္မႈအားရဖို႔ ခက္ႏိုင္လို႔ပါလို႔ ရွင္းျပပါတယ္။

မေန႔က ေနျပည္ေတာ္ကေန အင္တာနက္ ဗြီဒီယိုကတဆင့္ လုပ္တဲ့ ဒီအစည္းအေဝးမွာ ေဒါက္တာျမင့္ေထြးကပဲ ဒီကာကြယ္ေဆး အျမန္ဆံုးရႏိုင္ဖို႔ လူဦးေရ ၂၀ ရာခုိင္ႏႈန္းအတြက္ လွဴဒါန္းမယ့္ ကမာၻ႔ကာကြယ္ေဆးပူးေပါင္းအဖြဲ႔ Gavi နဲ႔ေရာ ေနာက္ထပ္ျဖည့္ဝယ္ဖို႔ ကာကြယ္ေဆးထုတ္ အေမရိကန္၊ ၿဗိတိန္၊ တ႐ုတ္နဲ႔ အိႏၵိယတို႔က ျမန္မာႏုိင္ငံဆိုင္ရာ သံအမတ္ႀကီးေတြနဲ႔ပါ ဖုန္းနဲ႔ တိုက္႐ုိက္ေျပာဆို ေဆြးေႏြးေနတယ္လို႔ ဆိုပါတယ္။

ဒါ့အျပင္ ေဒါက္တာျမင့္ေထြးက ဒီ ေနာက္ထပ္ျဖည့္ဝယ္ဖို႔ လိုတဲ့ေငြအတြက္လည္း အစိုးရဘ႑ာက ရမွာအျပင္ ေငြေခ်းကူညီမယ့္ ကမာၻ႔ဘဏ္နဲ႔လည္း အေသးစိတ္ ေဆြးေႏြးခဲ့ၿပီး ခ်ိတ္ဆက္လုပ္ေဆာင္ေနတာမို႔ အခ်ိန္နဲ႔တေျပးညီ ဒီကာကြယ္ေဆးေတြ ေရာက္လာမွာပါလို႔ ကတိျပဳခဲ့ပါတယ္။

ခုလိုအခ်ိန္မွာ ျမန္မာႏိုင္ငံမွာ မေန႔က ပိုးေတြ႔သူသစ္ ၁,၅၂၇ ဦးနဲ႔ ေသဆုံးသူ ၂၂ ဦး ထပ္တိုးခဲ့တာေၾကာင့္ စုစုေပါင္း ပိုးေတြ႔သူ ၉၈,၀၄၇ နဲ႔ ေသဆံုးသူေပါင္း ၂,၀၈၁ ဦး ရွိလာၿပီလို႔႔ ဒီဝန္ႀကီးဌာန ည ၈ နာရီ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ဒါ့အျပင္ တေန႔ ေသာၾကာေန႔က ပိုးေတြ႔သူစုစုေပါင္း ၁,၅၀၂ ဦးမွာ ထံုးစံအတိုင္း ပထမဆံုး အမ်ားဆံုးအျဖစ္ ၈၀၄ ဦးေတြ႔ခဲ့တဲ့ ရန္ကုန္တိုင္းၿပီးရင္ ေရြးေကာက္ပြဲအၿပီး ဆက္တိုက္ ဒုတိယအမ်ားဆံုးအျဖစ္ ၂၇၁ ဦးအထိ စံခ်ိန္တင္တက္လာတဲ့ မႏၱေလးတိုင္းမွာလည္း ကာကြယ္ေရးစည္းကမ္းေတြ ပိုတင္းက်ပ္ၿပီး ဒဏ္႐ုိက္အေရးယူမႈေတြပါ စလုပ္ေနပါၿပီ။

တိုက္႐ိုက္ လင့္ခ္

---------------------------

(Unicode)

မြန်မာအတွက် ကိုဗစ်ကာကွယ်ဆေး အလုံအလောက်ရနိုင်ဖွယ် မရှိသေး

ကိုဗစ်ရောဂါ ဆက်အဖြစ်များနေတဲ့ မြန်မာနိုင်ငံမှာ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးက ကာကွယ်ဆေး မြန်မာနိုင်ငံကို အမြန်ဆုံးရောက်အောင် အစွမ်းကုန် ကြိုးစားနေပေမယ့် အချိန်တိုတွင်း လုံလောက်တဲ့ ခုခံနိုင်မှုရဖို့ ခက်နိုင်တာမို့ ကာကွယ်ရေးတွေ ဆက်လုပ်ကြဖို့ သတိပေးလိုက်ပါတယ်။

ဝန်ကြီး ဒေါက်တာမြင့်ထွေးအနေနဲ့ ဒီ COVID-19 ကာကွယ်ဆေးလုပ်ငန်း ပေါင်းစပ်ညှိနှိုင်း စီမံခန့်ခွဲမှုကော်မတီ အစည်းအဝေးမှာ ခုလိုပြောလိုက်တာဖြစ်ပြီး အကြောင်းက ကာကွယ်ဆေးလွှမ်းခြုံမှုဟာ ရမယ့်ဆေးပမာဏပေါ် မူတည်နေတာမို့ Herd Immunity ခေါ် လုံလောက်တဲ့ ခုခံကာကွယ်နိုင်မှုအားရဖို့ ခက်နိုင်လို့ပါလို့ ရှင်းပြပါတယ်။

မနေ့က နေပြည်တော်ကနေ အင်တာနက် ဗွီဒီယိုကတဆင့် လုပ်တဲ့ ဒီအစည်းအဝေးမှာ ဒေါက်တာမြင့်ထွေးကပဲ ဒီကာကွယ်ဆေး အမြန်ဆုံးရနိုင်ဖို့ လူဦးရေ ၂၀ ရာခိုင်နှုန်းအတွက် လှူဒါန်းမယ့် ကမ္ဘာ့ကာကွယ်ဆေးပူးပေါင်းအဖွဲ့ Gavi နဲ့ရော နောက်ထပ်ဖြည့်ဝယ်ဖို့ ကာကွယ်ဆေးထုတ် အမေရိကန်၊ ဗြိတိန်၊ တရုတ်နဲ့ အိန္ဒိယတို့က မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးတွေနဲ့ပါ ဖုန်းနဲ့ တိုက်ရိုက်ပြောဆို ဆွေးနွေးနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဒေါက်တာမြင့်ထွေးက ဒီ နောက်ထပ်ဖြည့်ဝယ်ဖို့ လိုတဲ့ငွေအတွက်လည်း အစိုးရဘဏ္ဍာက ရမှာအပြင် ငွေချေးကူညီမယ့် ကမ္ဘာ့ဘဏ်နဲ့လည်း အသေးစိတ် ဆွေးနွေးခဲ့ပြီး ချိတ်ဆက်လုပ်ဆောင်နေတာမို့ အချိန်နဲ့တပြေးညီ ဒီကာကွယ်ဆေးတွေ ရောက်လာမှာပါလို့ ကတိပြုခဲ့ပါတယ်။

ခုလိုအချိန်မှာ မြန်မာနိုင်ငံမှာ မနေ့က ပိုးတွေ့သူသစ် ၁,၅၂၇ ဦးနဲ့ သေဆုံးသူ ၂၂ ဦး ထပ်တိုးခဲ့တာကြောင့် စုစုပေါင်း ပိုးတွေ့သူ ၉၈,၀၄၇ နဲ့ သေဆုံးသူပေါင်း ၂,၀၈၁ ဦး ရှိလာပြီလို့ ဒီဝန်ကြီးဌာန ည ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် တနေ့ သောကြာနေ့က ပိုးတွေ့သူစုစုပေါင်း ၁,၅၀၂ ဦးမှာ ထုံးစံအတိုင်း ပထမဆုံး အများဆုံးအဖြစ် ၈၀၄ ဦးတွေ့ခဲ့တဲ့ ရန်ကုန်တိုင်းပြီးရင် ရွေးကောက်ပွဲအပြီး ဆက်တိုက် ဒုတိယအများဆုံးအဖြစ် ၂၇၁ ဦးအထိ စံချိန်တင်တက်လာတဲ့ မန္တလေးတိုင်းမှာလည်း ကာကွယ်ရေးစည်းကမ်းတွေ ပိုတင်းကျပ်ပြီး ဒဏ်ရိုက်အရေးယူမှုတွေပါ စလုပ်နေပါပြီ။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG