သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကိုဗစ္ကာကြယ္ေဆး ျမန္မာဝယ္ယူဖို႔ အစီအစဥ္မူၾကမ္းေရးဆြဲၿပီးၿပီ


ေဝဘာဂီေဆး႐ုံႀကီး၊ ကိုဗစ္-၁၉ အထူးၾကပ္မတ္ကုသေဆာင္ (ICU) မွာ လူနာေတြကို ကုသမႈေပးေနတဲ့ ျမင္ကြင္း။ (ဓာတ္ပုံ - Ministry of Health and Sports - ႏိုဝင္ဘာ ၁၁ ၊ ၂၀၂၀)

[Zawgyi/Unicode]

ကုိဗစ္ကပ္ေရာဂါကာကြယ္ေဆး တရား၀င္ ထြက္ေပၚလာတဲ့အခါ ၀ယ္ယူအသုံးျပဳႏုိင္မယ့္ အစီအစဥ္တရပ္ကုိ ျမန္မာႏုိင္ငံ က်န္းမာေရး၀န္ႀကီးဌာန အႀကီးတန္းအရာရွိေတြ ဒီကေန႔ပဲ ေဆြးေႏြးဆုံးျဖတ္လုိက္ၾကတဲ့အေၾကာင္းကို ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုေဇာ္ထက္က ေျပာျပေပးမွာပါ။

ကမာၻအ၀န္း ကိုဗစ္ကာကြယ္ေဆး ရရွိေအာင္ ကူညီေပးမဲ့ COVAX အဖြဲ႔ရဲ႕ အကူအညီနဲ႔ တရား၀င္ကာကြယ္ေဆးေတြ ေစ်းကြက္မွာ ၀ယ္လုိ႔ရတဲ့အခါ ျမန္မာႏုိင္ငံအတြက္ မွာယူႏုိင္ေအာင္ က်န္းမာေရးတာ၀န္ရွိသူေတြ ေဆြးေႏြးဆုံးျဖတ္ခဲ့ၾကတာ ျဖစ္ပါတယ္။ COVAX အဖြဲ႕ကို ဒီဇင္ဘာ ၇ ရက္ေနာက္ဆုံးထားၿပီး တင္သြင္းရမယ့္ အဆိုျပဳလႊာကုိလည္း ျပင္ဆင္ထားၿပီးျဖစ္တဲ့အေၾကာင္း ကာကြယ္ေဆးထိုးလုပ္ငန္း စီမံခ်က္ အုပ္ခ်ဳပ္ေရးဆိုင္ရာ ၫႊန္ၾကားေရးမႉး ေဒါက္တာ ထားထားလင္းက ဗြီအိုေအကို ေျပာပါတယ္။

“ႏိုင္ငံအတြက္ plan ကေတာ့ draft လုပ္ၿပီးပါၿပီ မၾကာခင္ထုတ္ျပန္မွာပါ။ ေရးလို႔ၿပီးသြားပါၿပီ။ အဲဒါၿပီးရင္ က်မတို႔ ၇ ရက္ေန႔မွာ application တင္မွာပါ။ COVAX ကေနလည္း ရေအာင္ႀကိဳးစားေနတယ္။ တျခားရႏိုင္မယ့္ အရင္းအျမစ္ေတြအားလုံးကိုေတာ့ေလ အကုန္လုံး ဆက္သြယ္ၿပီးေတာ့ ေဆာင္႐ြက္ေနပါတယ္။ အဓိကေတာ့ ေဘးကင္းတဲ့ေဆး ျဖစ္ဖို႔ရယ္ ေနာက္တခါ အစြမ္းထက္တဲ့ေဆး ျဖစ္ဖို႔ရယ္ ၂ ခုက အဓိကပါ၊ ေဘးကင္းဖို႔က ပထမပါ။”

ကမာၻ႔ႏုိင္ငံႀကီးတခ်ဳိ႕မွာ ကုိဗစ္ကပ္ေရာဂါ ကာကြယ္ေဆးကုိ လူနဲ႔စမ္းသပ္တာ အပါအ၀င္ ေနာက္ဆုံးအဆင့္အထိ စမ္းသပ္မႈေတြမွာ ေအာင္ျမင္မႈေတြ ရေနတယ္ဆုိတဲ့ သတင္းေတြ ထြက္ေပၚလာေနခ်ိန္မွာပဲ ေရာဂါကူးစက္မႈေတြ တုိးေနဆဲျဖစ္တဲ့ ျမန္မာႏုိင္ငံကလည္း ကာကြယ္ေဆးရဖုိ႔ ႀကိဳးပမ္းေနတာပါ။ ႏုိင္ငံတကာ ေဆးကုမၸဏီႀကီးေတြက စမ္းသပ္ေအာင္ျမင္ေနတယ္ဆုိတဲ့ ကာကြယ္ေဆးေတြထဲက ရႏုိင္သမွ်ရဖုိ႔ ႀကိဳးစားသြားမယ္လုိ႔လည္း ေဒါက္တာ ထားထားလင္းကေျပာပါတယ္။

“အခုေလာေလာဆယ္ Pfizer ၊ Moderna ၊ Astra Zeneca အဲဒါမ်ိဳးေတြပဲ ရွိေနေသးေတာ့ ဘာပဲေျပာေျပာ ကာကြယ္ေဆး အမ်ိဳးအစားက အမ်ားႀကီးမရွိဘူးေလ။ အဲဒီအထဲကပဲ က်မတို႔ ေလာေလာဆယ္ ေစာေစာထိုးခ်င္ရင္ေတာ့ ေ႐ြးခ်ယ္ရမွာေပါ့။ လအနည္းငယ္အတြင္းမွာ ကာကြယ္ႏိုင္မႈမရွိတဲ့ ကာကြယ္ေဆးမ်ိဳး မျဖစ္ရဘူး။ ဒါေပမဲ့ အဲဒါက ေျပာဖို႔ အလြန္ေစာေနတယ္။ က်မတို႔အတြက္ကေတာ့ ဒီလိုေဆးမ်ိဳးကို လိုခ်င္တာေပါ့ေနာ္။”

COVAX အစီအစဥ္နဲ႔ ကာကြယ္ေဆးရႏိုင္မယ့္ ႏိုင္ငံေပါင္း ၉၂ ႏိုင္ငံက ဇူလိုင္လမွာ ကနဦး သေဘာတူညီမႈ ရရွိထားတာပါ။ ဒီႏိုင္ငံေတြကို အုပ္စုလိုက္ ျပန္ခြဲၿပီး အလယ္အလတ္ ဝင္ေငြနည္း ႏိုင္ငံေတြထဲမွာ ဘဂၤလားေဒ့ရွ္၊ အိႏၵိယ၊ လာအို၊ ဗီယက္နမ္ ႏိုင္ငံေတြနဲ႔အတူ ျမန္မာလည္း ပါဝင္ပါတယ္။ ကမာၻ႔က်န္းမာေရးအဖြဲ႕ WHO ရဲ႕ ေအာက္တိုဘာလ ထုတ္ျပန္ခ်က္မွာေတာ့ ႏိုင္ငံေပါင္း ၁၈၀ ေက်ာ္ဟာ COVAX အစီအစဥ္မွာ ပူးေပါင္းထားၿပီလို႔ ေဖာ္ျပထားပါတယ္။

ျမန္မာအစိုးရေတာ့ ကာကြယ္ေဆး ေထာက္ပံ့ေရး ရန္ပုံေငြအဖြဲ႕ COVAX အစီအစဥ္နဲ႔ ကမာၻ႔ဘဏ္ဘက္က ထပ္တိုးပံ့ပိုးေငြ အေမရိကန္ေဒၚလာ သန္း ၆၀ နဲ႔ ဝယ္ယူသြားမွာပါ။ ဒီေန႔အစည္းအေဝးမွာေတာ့ ျမန္မာဘက္ကလိုအပ္တဲ့အေျခအေနေတြကို ေဆြးေႏြးခဲ့ေၾကာင္း အမ်ိဳးသားအဆင့္ ကာကြယ္ေဆးထိုး လုပ္ငန္းဆိုင္ရာ အႀကံေပးအဖြဲ႕ ဒုဥကၠ႒နဲ႔ ကမာၻ႔က်န္းမာေရးအဖြဲ႕ WHO အေရွ႕ေတာင္အာရွ ေဒသႀကီး ကာကြယ္ေဆးဆိုင္ရာ နည္းပညာအႀကံေပးအဖြဲ႕ဝင္ျဖစ္တဲ့ အၿငိမ္းစားပါေမာကၡ ေဒါက္တာေစာဝင္းက အခုလိုေျပာပါတယ္။

“COVAX facility ကို က်ေနာ္တို႔ႏိုင္ငံ အေနနဲ႔ တင္သြင္းတာေပါ့ေနာ္ ဘယ္ေလာက္ ရာခိုင္ႏႈန္းယူမယ္။ priority ေတြက ဘာ၊ လူဦးေရဆို ဘယ္လို plan နဲ႔ ဦးစားေပးထိုးမယ္ အဲလိုမ်ိဳးပါ။ ဘယ္ေဆးရမယ္ဆိုတာ ဘယ္သူမွလည္း မသိႏိုင္ေသးဘူး။ ဘယ္ကုမၸဏီရမယ္ဆိုတာ ဘယ္သူမွ မေျပာႏိုင္ေသးဘူးေနာ္။”

COVAX အဖြဲ႕ကေတာ့ သူ႔ရဲ႕အစီအစဥ္မွာ ပူးေပါင္းပါ၀င္ထားတဲ့ ႏိုင္ငံတႏိုင္ငံခ်င္းရဲ႕ လူဦးေရ ၂၀ ရာခိုင္ႏႈန္း ကာကြယ္ေဆးရဖို႔၊ ကပ္ေရာဂါကို အဆုံးသတ္ၿပီး စီးပြားေရး ျပန္ထူေထာင္ေပးဖို႔ ရည္ရြယ္ထားပါတယ္။

ျမန္မာအစိုးရက ကိုဗစ္ ကာကြယ္ေဆးအတြက္ ကမာၻ႔ဘဏ္ရဲ႕ ပံ့ပိုးေငြ အေမရိကန္ေဒၚလာ သန္း ၆၀ အျပင္ ေဆးဝယ္ဖို႔ ေငြလိုအပ္ေနတဲ့ ႏိုင္ငံေတြကိုေပးတဲ့ ထပ္ေဆာင္းရန္ပုံေငြ အေမရိကန္ေဒၚလာ ၁၂ ဘီလီယံထဲကလည္း ေနာက္ထပ္ရႏိုင္တဲ့ အလားအလာရွိေၾကာင္း ကမာၻ႔ဘဏ္(ျမန္မာ) ရဲ႕ ဌာေန ၫႊန္ၾကားေရးမႉး Ms. Mariam Sherman က မၾကာေသးခင္ကပဲ ေျပာဆုိထားပါတယ္။

က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ဒီကေန႔ မြန္းလဲြပုိင္းအထိ ထုတ္ျပန္ခ်က္အရ ျမန္မာႏုိင္ငံမွာ ကုိဗစ္ကပ္ေရာဂါေၾကာင့္ ေသဆုံးသူ ၂,၀၀၀ ေက်ာ္နဲ႔ ကူးစက္သူ ၉၅,၀၀၀ ေက်ာ္ ရွိေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကိုဗစ်ကပ်ရောဂါကာကွယ်ဆေး တရားဝင် ထွက်ပေါ်လာတဲ့အခါ ဝယ်ယူအသုံးပြုနိုင်မယ့် အစီအစဉ်တရပ်ကို မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန အကြီးတန်းအရာရှိတွေ ဒီကနေ့ပဲ ဆွေးနွေးဆုံးဖြတ်လိုက်ကြတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုဇော်ထက်က ပြောပြပေးမှာပါ။

ကမ္ဘာအဝန်း ကိုဗစ်ကာကွယ်ဆေး ရရှိအောင် ကူညီပေးမဲ့ COVAX အဖွဲ့ရဲ့ အကူအညီနဲ့ တရားဝင်ကာကွယ်ဆေးတွေ ဈေးကွက်မှာ ဝယ်လို့ရတဲ့အခါ မြန်မာနိုင်ငံအတွက် မှာယူနိုင်အောင် ကျန်းမာရေးတာဝန်ရှိသူတွေ ဆွေးနွေးဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။ COVAX အဖွဲ့ကို ဒီဇင်ဘာ ၇ ရက်နောက်ဆုံးထားပြီး တင်သွင်းရမယ့် အဆိုပြုလွှာကိုလည်း ပြင်ဆင်ထားပြီးဖြစ်တဲ့အကြောင်း ကာကွယ်ဆေးထိုးလုပ်ငန်း စီမံချက် အုပ်ချုပ်ရေးဆိုင်ရာ ညွှန်ကြားရေးမှူး ဒေါက်တာ ထားထားလင်းက ဗွီအိုအေကို ပြောပါတယ်။

“နိုင်ငံအတွက် plan ကတော့ draft လုပ်ပြီးပါပြီ မကြာခင်ထုတ်ပြန်မှာပါ။ ရေးလို့ပြီးသွားပါပြီ။ အဲဒါပြီးရင် ကျမတို့ ၇ ရက်နေ့မှာ application တင်မှာပါ။ COVAX ကနေလည်း ရအောင်ကြိုးစားနေတယ်။ တခြားရနိုင်မယ့် အရင်းအမြစ်တွေအားလုံးကိုတော့လေ အကုန်လုံး ဆက်သွယ်ပြီးတော့ ဆောင်ရွက်နေပါတယ်။ အဓိကတော့ ဘေးကင်းတဲ့ဆေး ဖြစ်ဖို့ရယ် နောက်တခါ အစွမ်းထက်တဲ့ဆေး ဖြစ်ဖို့ရယ် ၂ ခုက အဓိကပါ၊ ဘေးကင်းဖို့က ပထမပါ။”

ကမ္ဘာ့နိုင်ငံကြီးတချို့မှာ ကိုဗစ်ကပ်ရောဂါ ကာကွယ်ဆေးကို လူနဲ့စမ်းသပ်တာ အပါအဝင် နောက်ဆုံးအဆင့်အထိ စမ်းသပ်မှုတွေမှာ အောင်မြင်မှုတွေ ရနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာနေချိန်မှာပဲ ရောဂါကူးစက်မှုတွေ တိုးနေဆဲဖြစ်တဲ့ မြန်မာနိုင်ငံကလည်း ကာကွယ်ဆေးရဖို့ ကြိုးပမ်းနေတာပါ။ နိုင်ငံတကာ ဆေးကုမ္ပဏီကြီးတွေက စမ်းသပ်အောင်မြင်နေတယ်ဆိုတဲ့ ကာကွယ်ဆေးတွေထဲက ရနိုင်သမျှရဖို့ ကြိုးစားသွားမယ်လို့လည်း ဒေါက်တာ ထားထားလင်းကပြောပါတယ်။

“အခုလောလောဆယ် Pfizer ၊ Moderna ၊ Astra Zeneca အဲဒါမျိုးတွေပဲ ရှိနေသေးတော့ ဘာပဲပြောပြော ကာကွယ်ဆေး အမျိုးအစားက အများကြီးမရှိဘူးလေ။ အဲဒီအထဲကပဲ ကျမတို့ လောလောဆယ် စောစောထိုးချင်ရင်တော့ ရွေးချယ်ရမှာပေါ့။ လအနည်းငယ်အတွင်းမှာ ကာကွယ်နိုင်မှုမရှိတဲ့ ကာကွယ်ဆေးမျိုး မဖြစ်ရဘူး။ ဒါပေမဲ့ အဲဒါက ပြောဖို့ အလွန်စောနေတယ်။ ကျမတို့အတွက်ကတော့ ဒီလိုဆေးမျိုးကို လိုချင်တာပေါ့နော်။”

COVAX အစီအစဉ်နဲ့ ကာကွယ်ဆေးရနိုင်မယ့် နိုင်ငံပေါင်း ၉၂ နိုင်ငံက ဇူလိုင်လမှာ ကနဦး သဘောတူညီမှု ရရှိထားတာပါ။ ဒီနိုင်ငံတွေကို အုပ်စုလိုက် ပြန်ခွဲပြီး အလယ်အလတ် ဝင်ငွေနည်း နိုင်ငံတွေထဲမှာ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ လာအို၊ ဗီယက်နမ် နိုင်ငံတွေနဲ့အတူ မြန်မာလည်း ပါဝင်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့ အောက်တိုဘာလ ထုတ်ပြန်ချက်မှာတော့ နိုင်ငံပေါင်း ၁၈၀ ကျော်ဟာ COVAX အစီအစဉ်မှာ ပူးပေါင်းထားပြီလို့ ဖော်ပြထားပါတယ်။

မြန်မာအစိုးရတော့ ကာကွယ်ဆေး ထောက်ပံ့ရေး ရန်ပုံငွေအဖွဲ့ COVAX အစီအစဉ်နဲ့ ကမ္ဘာ့ဘဏ်ဘက်က ထပ်တိုးပံ့ပိုးငွေ အမေရိကန်ဒေါ်လာ သန်း ၆၀ နဲ့ ဝယ်ယူသွားမှာပါ။ ဒီနေ့အစည်းအဝေးမှာတော့ မြန်မာဘက်ကလိုအပ်တဲ့အခြေအနေတွေကို ဆွေးနွေးခဲ့ကြောင်း အမျိုးသားအဆင့် ကာကွယ်ဆေးထိုး လုပ်ငန်းဆိုင်ရာ အကြံပေးအဖွဲ့ ဒုဥက္ကဋ္ဌနဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO အရှေ့တောင်အာရှ ဒေသကြီး ကာကွယ်ဆေးဆိုင်ရာ နည်းပညာအကြံပေးအဖွဲ့ဝင်ဖြစ်တဲ့ အငြိမ်းစားပါမောက္ခ ဒေါက်တာစောဝင်းက အခုလိုပြောပါတယ်။

“COVAX facility ကို ကျနော်တို့နိုင်ငံ အနေနဲ့ တင်သွင်းတာပေါ့နော် ဘယ်လောက် ရာခိုင်နှုန်းယူမယ်။ priority တွေက ဘာ၊ လူဦးရေဆို ဘယ်လို plan နဲ့ ဦးစားပေးထိုးမယ် အဲလိုမျိုးပါ။ ဘယ်ဆေးရမယ်ဆိုတာ ဘယ်သူမှလည်း မသိနိုင်သေးဘူး။ ဘယ်ကုမ္ပဏီရမယ်ဆိုတာ ဘယ်သူမှ မပြောနိုင်သေးဘူးနော်။”

COVAX အဖွဲ့ကတော့ သူ့ရဲ့အစီအစဉ်မှာ ပူးပေါင်းပါဝင်ထားတဲ့ နိုင်ငံတနိုင်ငံချင်းရဲ့ လူဦးရေ ၂၀ ရာခိုင်နှုန်း ကာကွယ်ဆေးရဖို့၊ ကပ်ရောဂါကို အဆုံးသတ်ပြီး စီးပွားရေး ပြန်ထူထောင်ပေးဖို့ ရည်ရွယ်ထားပါတယ်။

မြန်မာအစိုးရက ကိုဗစ် ကာကွယ်ဆေးအတွက် ကမ္ဘာ့ဘဏ်ရဲ့ ပံ့ပိုးငွေ အမေရိကန်ဒေါ်လာ သန်း ၆၀ အပြင် ဆေးဝယ်ဖို့ ငွေလိုအပ်နေတဲ့ နိုင်ငံတွေကိုပေးတဲ့ ထပ်ဆောင်းရန်ပုံငွေ အမေရိကန်ဒေါ်လာ ၁၂ ဘီလီယံထဲကလည်း နောက်ထပ်ရနိုင်တဲ့ အလားအလာရှိကြောင်း ကမ္ဘာ့ဘဏ်(မြန်မာ) ရဲ့ ဌာနေ ညွှန်ကြားရေးမှူး Ms. Mariam Sherman က မကြာသေးခင်ကပဲ ပြောဆိုထားပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ မွန်းလွဲပိုင်းအထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါကြောင့် သေဆုံးသူ ၂,၀၀၀ ကျော်နဲ့ ကူးစက်သူ ၉၅,၀၀၀ ကျော် ရှိနေပါတယ်။

XS
SM
MD
LG