သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ ကိုဗစ္ကူးစက္မႈ ပိုတိုးလာေနတာေၾကာင့္ အထူးသတိထားဖို႔ တိုက္တြန္း


ရန္ကုန္ၿမိဳ႕မွာ COVID-19 ကူးစက္မႈရွိမရွိ စစ္ေဆးဖုိ႔ Swab နမူနာယူေနတဲ့ က်န္းမာေရးဝန္ထမ္းတဦး။ (ေအာက္တုိဘာ ၈၊ ၂၀၂၀)

(Zawgyi / Unicode)

အခုဆိုရင္ ျမန္မာႏုိင္ငံတဝန္း COVID-19 ေရာဂါကူးစက္မႈက တသိန္းနီးပါး ရွိလာေနၿပီး တကမာၻလံုးနဲ႔ယွဥ္ရင္ ကူးစက္မႈႏႈန္းက ျမန္မာႏုိင္ငံဟာ တ႐ုတ္ႏုိင္ငံထက္ကို ေက်ာ္လြန္သြားၿပီျဖစ္တဲ့အတြက္ ျပည္သူေတြ အထူးသတိထား ကာကြယ္ေနထုိင္ၾကဖို႔ က်န္းမာေရးဝန္ႀကီးဌာန သတင္းထုတ္ျပန္ေရးအဖြဲ႔ဝင္ ေဒါက္တာခင္ခင္ႀကီးက သတိေပး ေျပာဆိုလိုက္ပါတယ္။ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနဘက္က ျပည္သူေတြၾကား ကူးစက္ျမန္ေရာဂါ ကူးစက္မႈ ထိန္းခ်ဳပ္ကာကြယ္ႏိုင္ေရး အစီအမံေတြနဲ႔ ပတ္သက္လို႔ ဗြီအိုေအျမန္မာပိုင္းသတင္းေထာက္ မဆုမြန္ ေမးျမန္းတင္ဆက္ထားပါတယ္။

ျမန္မာႏုိင္ငံတဝန္းလံုး အတိုင္းအတာနဲ႔ ကမာၻ႔ကပ္ေရာဂါ COVID-19 ကူးစက္သူေပါင္းက ဒီဇင္ဘာလ ၅ ရက္ေန႔ ညေန ၄ နာရီခြဲ သတင္းထုတ္ျပန္ခ်က္အရ ၉၆,၅၂၀ အထိ ကူးစက္ေနၿပီး ကိုဗစ္ေၾကာင့္ ေသဆံုးသူေပါင္းက ၂,၀၅၉ အထိ ရွိသြားၿပီျဖစ္ပါတယ္။ ဒါေၾကာင့္ ကမာၻတဝန္း COVID-19 ေရာဂါကူးစက္မႈမွာ ျမန္မာႏုိင္ငံဟာ တ႐ုတ္ႏိုင္ငံထက္ကို ေက်ာ္လြန္သြားတဲ့ စိုးရိမ္စရာ အေနအထား ျဖစ္ေနတဲ့အတြက္ ျပည္သူေတြ အထူးဂ႐ုစိုက္ၾကဖို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာန သတင္းထုတ္ျပန္ေရးအဖြဲ႔ဝင္ ဗဟိုကူးစက္ေရာဂါ တိုက္ဖ်က္ေရးဌာနခြဲ ၫႊန္ၾကားေရးမွဴး ေဒါက္တာခင္ခင္ႀကီးက ဗြီအိုေအျမန္မာပိုင္းကို ေျပာျပပါတယ္။

"အခုလက္ရွိမွာဆိုရင္ေတာ့ ေရာဂါျဖစ္ပြားမႈက တသိန္းနီးနီး ျဖစ္လာၿပီေပါ့။ တကမာၻလံုးနဲ႔ ယွဥ္လိုက္မယ္ဆိုရင္ နံပါတ္ ၆၈ ေနရာမွာ ရွိေနတာေပါ့။ တ႐ုတ္ကိုေတာင္ ေက်ာ္သြားၿပီေပါ့။ တ႐ုတ္က ၇၀ ေနရာမွာရွိတယ္၊ က်မတုိ႔က ၆၈ ေပါ့ေနာ္။ အဲ့ဒီ့အခါမွာ ေရာဂါျဖစ္ပြားမႈေတြက ရွိေနတုန္းပဲ၊ ေသဆံုးမႈေတြကလည္း ရွိေနတုန္းပဲ။ ဒါဟာ ေပါ့ဆလို႔မရေသးဘူး။ ဒါကို ဂ႐ုစိုက္ရဦးမယ့္ အေနအထား ျဖစ္ပါတယ္။ ဒီေနရာမွာလည္း က်မတုိ႔ ေရာဂါျဖစ္ပြားမႈကို ထိန္းခ်ဳပ္ဖို႔အတြက္က နည္းလမ္းေပါင္းစံုနဲ႔ ေဆာင္ရြက္ေနပါတယ္။ အဓိကကေတာ့ ဒီရက္ပိုင္းမွာဆိုရင္ ဒီတပတ္အတြင္းမွာ "Masks and Face Shield" ကမ္ပိန္းေတြ တုိင္းနဲ႔ျပည္နယ္မွာ လုပ္ေနပါတယ္။ အမ်ားျပည္သူနဲ႔ ဆက္ဆံတဲ့သူတိုင္း Mask ေရာ Face Shield ေရာ တပ္ရမယ္ဆိုတဲ့ အသိပညာကို ျပည္သူေတြၾကားထဲမွာ စိမ့္ဝင္ပ်ံ႕ႏွံ႔ေစခ်င္တယ္။

“က်မတို႔လိုႏုိင္ငံ နဂိုကတည္းကလည္း မခ်မ္းသာဘူး၊ အစစအရာရာ လိုအပ္ခ်က္ေတြ ရွိေနတဲ့ႏုိင္ငံမွာ ေရာဂါကူးစက္မႈေတြ မျဖစ္ေစဘဲနဲ႔ စီးပြားေရး အခြင့္အလမ္းေတြ ျပန္ၿပီး နလံထူဖို႔ ကိစၥရပ္ေတြကိုလည္း ေဆာင္ရြက္ေနပါတယ္။ ေနာက္တခ်က္ကက်ေတာ့ ျပည္သူေတြအေနနဲ႔ က်န္းမာေအာင္ မိမိကိုယ္မိမိ တေယာက္စီ တေယာက္စီတုိင္းက ဂ႐ုစိုက္ၿပီး ေနထိုင္မယ္ ဆုိလို႔ရွိရင္ က်န္းမာေရးဆုလာဘ္ကိုလည္း မိမိပိုင္ဆုိင္ရမယ္။ မိမိ မိသားစုလည္း က်န္းမာမယ္။ ကိုယ့္ေၾကာင့္လည္း တျခားသူေတြ ေရာဂါမကူးစက္တဲ့ အတြက္ေၾကာင့္မို႔ ေရာဂါမကူးစက္ေအာင္ က်န္းမာေရးနဲ႔ ညီညြတ္စြာနဲ႔ စည္းကမ္းခ်က္ေတြကို လိုက္နာမယ္ဆိုရင္ ႏုိင္ငံေတာ္ရဲ႕ ဘ႑ာေငြကိုလည္း ေခၽြတာႏုိင္မယ္။ ေခၽြတာႏုိင္မယ္ဆိုရင္ ကိုယ့္ႏုိင္ငံအတြက္ ကိုယ္အပါအဝင္ ကိုယ္မိသားစုေတြထဲက အက်ံဳးဝင္တဲ့သူေတြ ကာကြယ္ေဆးေတြ ရဖို႔ရွိပါတယ္။"

COVID-19 ေရာဂါ ကူးစက္မႈ ျမင့္မားေနတဲ့ ျမန္မာႏုိင္ငံမွာ ႏုိင္ငံေတာ္အစီအစဥ္နဲ႔ လူထုအတြင္း အဓိကလိုအပ္တဲ့သူေတြကို ကိုဗစ္ကာကြယ္ေဆးထိုးဖို႔ စီမံခ်က္ေတြနဲ႔အတူ ကာကြယ္ေဆး ဝယ္ယူႏိုင္ေရး အစီအမံေတြကိုလည္း လာမယ့္ ဒီဇင္ဘာလ ၇ ရက္ေန႔ ေနာက္ဆံုးထား စီစဥ္ေနတယ္လို႔ ေဒါက္တာခင္ခင္ႀကီးက ဆက္ေျပာျပပါတယ္။

"ကာကြယ္ေဆးေတြ ရရွိလာလို႔ရွိရင္လည္း ကာကြယ္ေဆးေတြ ထိုးႏုိင္ျခင္းအားျဖင့္ တကယ့္ကို အႏၱရာယ္ရွိတဲ့ လူအုပ္စုေတြ ထိုးဖို႔လိုအပ္တဲ့လူေတြမွာ ကာကြယ္ေဆးရသြားၿပီဆုိရင္ ဒီေရာဂါကို က်မတို႔ ကာကြယ္ထိန္းခ်ဳပ္နိုင္မွာ ျဖစ္ပါတယ္။ က်မတုိ႔ ကာကြယ္ေဆးနဲ႔ ကာကြယ္ႏိုင္မႈ ရယူတာကိုေတာ့ "Herd Immunity" အုပ္စုလိုက္ Immunity ရေအာင္ရယူမွာ ျဖစ္ပါတယ္။ ဒီေနရာမွာ က်မတို႔ႏုိင္ငံမွာေတာ့ သတ္မွတ္ထားတဲ့ အုပ္စုေတြမွာ အျပည့္အဝ ထိုးႏွံႏုိင္မွသာ ေရာဂါကို ကာကြယ္ႏိုင္မွာျဖစ္တယ္။ ဒါေၾကာင့္ ကာကြယ္ေဆးေတြ ရရွိဖို႔အတြက္ သံတမန္နည္းလမ္းေတြအရ ေပါင္းစပ္ညိႇႏိႈင္း ေဆာင္ရြက္ေနသလိုပဲ လိုအပ္တဲ့ နည္းပညာပိုင္းဆိုင္ရာ ပံ့ပိုးမႈေတြကိုလည္း သက္ဆိုင္ရာ အဖြဲ႔အစည္းေတြနဲ႔ ေဆာင္ရြက္ေနပါတယ္။

“က်မတို႔ လူဦးေရ ၂၀ ရာခုိင္ႏႈန္းအတြက္ ကာကြယ္ေဆးရရွိဖို႔အတြက္လည္း ၇ ရက္ေန႔ ေနာက္ဆံုးထားၿပီး က်မတို႔ တင္မွာပါ။ ကာကြယ္ေဆး ေထာက္ပံ့ေရး ရန္ပုံေငြအဖြဲ႔ COVAX အဖြဲ႔အစည္းရဲ႕ အစီအမံေအာက္မွာ က်မတို႔ရွိပါတယ္။ ကူညီပံ့ပိုးမႈနဲ႔ လူဦးေရ ၂၀ ရာခုိင္ႏႈန္းအတြက္ က်မတို႔ရရွိမွာ ျဖစ္ပါတယ္။ ၂၀ ရာခုိင္ႏႈန္းအတြက္ ရတယ္ဆိုေပမယ့္လို႔ က်န္တဲ့ လိုအပ္တဲ့ ၃၀ ကေန ၄၀ ရာခုိင္ႏႈန္းကေတာ့ ႏုိင္ငံေတာ္ရဲ႕ ဘ႑ာေငြရယ္ World Bank ရဲ႕ ေခ်းေငြရယ္ တျခား က်မတို႔ဖယ္ထားတဲ့ ရန္ပံုေငြေတြနဲ႔ ဝယ္ဖို႔အတြက္ ဒါမ်ိဳးေတြ အစီအစဥ္ရွိပါတယ္။ ဝယ္တဲ့အခါမွာေတာ့ ဘယ္ကာကြယ္ေဆးက ကိုယ့္တုိင္းျပည္အတြက္ အသင့္ေတာ္ဆံုးျဖစ္မလဲ၊ ကိုယ့္တိုင္းျပည္ရဲ႕ အေျခအေန၊ ကာကြယ္ေဆးအတြက္ စိတ္ခ်ရမႈ၊ ေဘးကင္းလံုၿခံဳမႈ ဒါေတြအေပၚမွာ မူတည္ၿပီးေတာ့ အေသးစိတ္ ဒါေတြကို ညႇိႏိႈင္းတုိင္ပင္ ေဆာင္ရြက္ေနပါတယ္။ ဒါေတြက က်မတို႔ Future Plans ေတြပဲ ျဖစ္ပါတယ္။"

အခုဆိုရင္ ျမန္မာႏုိင္ငံတဝန္းမွာ ေန႔စဥ္ ပိုးရွိမရွိ ဓာတ္ခြဲစစ္ေဆးမႈေတြကို အမ်ိဳးသားက်န္းမာေရး ဓာတ္ခြဲဌာန၊ ေဆးသုေတသန ဦးစီးဌာန၊ ျပည္သူ႔က်န္းမာေရး ဓာတ္ခြဲဌာန၊ တပ္မေတာ္ေဆး႐ုံႀကီးေတြနဲ႔ ျပည္သူ႔ေဆး႐ုံႀကီးေတြက ဓာတ္ခြဲခန္းေတြကေန စစ္ေဆးမႈေပါင္း ေသာင္းနဲ႔ခ်ီ စစ္ေဆးေနတာပါ။ အခုဆိုရင္ ေန႔စဥ္ေတြ႔ရွိမႈကလည္း ေထာင္ဂဏန္းဝန္းက်င္ ဆက္တုိက္ပိုးေတြ႔ရွွိေနတဲ့ အေနအထားမွာ ထပ္မံၿပီး စနစ္တက် စစ္ေဆးႏုိင္ဖို႔ကိုလည္း စီစဥ္ေနတယ္လို႔ ေဒါက္တာခင္ခင္ႀကီးက ေျပာပါတယ္။

"အခု ပိုးစစ္ေနတဲ့ အေနအထားကေတာ့ က်မတို႔မွာ PCR စက္နဲ႔ စစ္ႏုိင္တာ က်န္းမာေရးဝန္ႀကီးဌာနေအာက္မွာ ၆ ခုရွိပါတယ္။ ၿပီးရင္ တပ္မေတာ္ေအာက္က ေဆး႐ုံ ၄ ခုမွာ PCR စက္နဲ႔ စစ္ႏုိင္ပါတယ္။ တနည္းအားျဖင့္ေျပာရင္ တပ္မေတာ္ရယ္ က်န္းမာေရးဝန္ႀကီးဌာနေအာက္မွာ PCR နဲ႔ စစ္ႏုိင္တာ ေနရာ ၁၀ ေနရာ ရွိပါတယ္။ ၿပီးရင္ Gene Xpert စက္နဲ႔ စစ္ႏိုင္တာ ၂၉ ႐ုံ ရွိပါတယ္။ ေနာက္ Rapid Tests ေတြနဲ႔ စစ္ႏုိင္တာ သက္ဆိုင္ရာ ျပည္နယ္ တုိင္း က်န္းမာေရး ဦးစီးဌာနေတြ၊ တိုင္းနဲ႔ျပည္နယ္ေတြမွာဆို လိုအပ္တာေတြစစ္တယ္။ လက္ရွိမွာ ေန႔စဥ္ ၂၂,၀၀၀ ေက်ာ္၊ ၂၀,၀၀၀ ဝန္းက်င္ စစ္ေနပါတယ္။ ဒီ့ထက္လည္း စစ္ႏုိင္တဲ့ အတိုင္းအတာအတြင္းမွာ ပိုးေတြ႔ရွိမႈ အနည္းအမ်ားေပၚ မူတည္ၿပီး တျဖည္းျဖည္းနဲ႔ ေျဖေလွ်ာ့မႈေတြလည္း လုပ္သြားမွာျဖစ္ပါတယ္။

“ဒီေနရာမွာ ေနာက္ထပ္ သတင္းေကာင္းတခုကေတာ့ CDC ကလည္း Quarantine Period-Q ထားတဲ့အခ်ိန္ကို တိုလို႔ရၿပီဆိုၿပီး ထုတ္ျပန္ခ်က္လည္း ထြက္လာေတာ့ ၁၀ ရက္ Q ႐ုံနဲ႔တင္ လံုေလာက္ပါတယ္။ တကယ္လို႔ စမ္းသပ္လိုက္လို႔ Negative ျဖစ္တယ္ဆိုရင္လည္း ၇ ရက္ Q ႐ုံနဲ႔ လံုေလာက္တယ္ဆိုတာမ်ိဳး ျဖစ္လာတယ္။ ဒါေတြကလည္း သုေတသန ေတြ႔ရွိခ်က္ေတြ သိပၸံပညာရွင္ေတြရဲ႕ ေတြ႔ရွိေဖာ္ထုတ္ခ်က္ေတြေပၚ မူတည္ၿပီး ျဖစ္လာတာ ျဖစ္တဲ့အတြက္ ေနာက္ပိုင္းမွာလည္း Q ကိစၥေတြကို Modified ျပန္လုပ္ဖို႔ ကိစၥေတြကိုလည္း လူႀကီးေတြ စီစဥ္ေဆာင္ရြက္ေနတာမ်ိဳးေတြ ရွိပါတယ္။ က်မတို႔အတြက္ အလားအလာေကာင္းေတြ ေမွ်ာ္လင့္ခ်က္ေတြ ရွိတဲ့အတြက္ ျပည္သူလူထုဘက္ကလည္း စိတ္ဓာတ္မက်ဘဲနဲ႔ မိမိတို႔တဦးခ်င္း တေယာက္စီ တေယာက္စီကေန အဓိက အခ်က္ ၃ ခ်က္ေပါ့ေနာ္ မျဖစ္မေန Mask တပ္မယ္၊ ေနာက္တခုက လူအုပ္စုေတြမွာ ခြာခြာေနမယ္၊ ေနာက္ လက္ကို မၾကာခဏေဆးမယ္၊ ဒီ ၃ ခ်က္ကိုသာ လိုက္နာမယ္ဆိုရင္ ကိုယ့္ကို ေရာဂါကူးစက္လာမွာ စိုးရိမ္စရာမလိုဘူး။ ဒီလို တေယာက္စီ တေယာက္စီတုိင္းက က်န္းမာေရးဝန္ႀကီးဌာနရဲ႕ လမ္းညႊန္ခ်က္ေတြကို မိမိရဲ႕အသိ သတိနဲ႔ လိုက္နာဖို႔အတြက္ က်မအေနနဲ႔ တိုက္တြန္းလိုပါတယ္။"

လက္ရွိ ျမန္မာႏုိင္ငံတြင္းမွာ ျပည္နယ္ တိုင္းအလိုက္ COVID-19 ေရာဂါကူးစက္မႈ ကာကြယ္ထိန္းခ်ဳပ္ႏိုင္ေရး က်န္းမာေရးဝန္ႀကီးဌာနဘက္က ျပည္သူေတြ ေနအိမ္မွာပဲေနၾကဖို႔၊ ေရာဂါအျဖစ္မ်ားတဲ့ ျပည္နယ္ တုိင္း ၿမိဳ႕နယ္ေဒသတခ်ိဳ႕မွာ စည္းမ်ဥ္းစည္းကမ္း ညႊန္ၾကားခ်က္ေတြ ထုတ္ျပန္ ေဆာင္ရြက္ေနေပမယ့္လို႔ ျပည္သူတခ်ိဳ႕ၾကား ထုတ္ျပန္ထားတဲ့ စည္းကမ္းလိုက္နာမႈ အားနည္းတဲ့အတြက္ စည္းကမ္းလိုက္နာေအာင္ တင္းတင္းက်ပ္က်ပ္ ၾကပ္မတ္ေဆာင္ရြက္ဖို႔ ေဆးပညာရွင္ေတြနဲ႔ က်န္းမာေရးဝန္ထမ္းေတြဘက္က စိုးရိမ္တႀကီး သတိေပး ျေပာဆိုေနၾကခ်ိန္လည္း ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

-------------------------

(Unicode)

မြန်မာ ကိုဗစ်ကူးစက်မှု ပိုတိုးလာနေတာကြောင့် အထူးသတိထားဖို့ တိုက်တွန်း

အခုဆိုရင် မြန်မာနိုင်ငံတဝန်း COVID-19 ရောဂါကူးစက်မှုက တသိန်းနီးပါး ရှိလာနေပြီး တကမ္ဘာလုံးနဲ့ယှဉ်ရင် ကူးစက်မှုနှုန်းက မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံထက်ကို ကျော်လွန်သွားပြီဖြစ်တဲ့အတွက် ပြည်သူတွေ အထူးသတိထား ကာကွယ်နေထိုင်ကြဖို့ ကျန်းမာရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ရေးအဖွဲ့ဝင် ဒေါက်တာခင်ခင်ကြီးက သတိပေး ပြောဆိုလိုက်ပါတယ်။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနဘက်က ပြည်သူတွေကြား ကူးစက်မြန်ရောဂါ ကူးစက်မှု ထိန်းချုပ်ကာကွယ်နိုင်ရေး အစီအမံတွေနဲ့ ပတ်သက်လို့ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မဆုမွန် မေးမြန်းတင်ဆက်ထားပါတယ်။

မြန်မာနိုင်ငံတဝန်းလုံး အတိုင်းအတာနဲ့ ကမ္ဘာ့ကပ်ရောဂါ COVID-19 ကူးစက်သူပေါင်းက ဒီဇင်ဘာလ ၅ ရက်နေ့ ညနေ ၄ နာရီခွဲ သတင်းထုတ်ပြန်ချက်အရ ၉၆,၅၂၀ အထိ ကူးစက်နေပြီး ကိုဗစ်ကြောင့် သေဆုံးသူပေါင်းက ၂,၀၅၉ အထိ ရှိသွားပြီဖြစ်ပါတယ်။ ဒါကြောင့် ကမ္ဘာတဝန်း COVID-19 ရောဂါကူးစက်မှုမှာ မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံထက်ကို ကျော်လွန်သွားတဲ့ စိုးရိမ်စရာ အနေအထား ဖြစ်နေတဲ့အတွက် ပြည်သူတွေ အထူးဂရုစိုက်ကြဖို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန သတင်းထုတ်ပြန်ရေးအဖွဲ့ဝင် ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ဗွီအိုအေမြန်မာပိုင်းကို ပြောပြပါတယ်။

"အခုလက်ရှိမှာဆိုရင်တော့ ရောဂါဖြစ်ပွားမှုက တသိန်းနီးနီး ဖြစ်လာပြီပေါ့။ တကမ္ဘာလုံးနဲ့ ယှဉ်လိုက်မယ်ဆိုရင် နံပါတ် ၆၈ နေရာမှာ ရှိနေတာပေါ့။ တရုတ်ကိုတောင် ကျော်သွားပြီပေါ့။ တရုတ်က ၇၀ နေရာမှာရှိတယ်၊ ကျမတို့က ၆၈ ပေါ့နော်။ အဲ့ဒီ့အခါမှာ ရောဂါဖြစ်ပွားမှုတွေက ရှိနေတုန်းပဲ၊ သေဆုံးမှုတွေကလည်း ရှိနေတုန်းပဲ။ ဒါဟာ ပေါ့ဆလို့မရသေးဘူး။ ဒါကို ဂရုစိုက်ရဦးမယ့် အနေအထား ဖြစ်ပါတယ်။ ဒီနေရာမှာလည်း ကျမတို့ ရောဂါဖြစ်ပွားမှုကို ထိန်းချုပ်ဖို့အတွက်က နည်းလမ်းပေါင်းစုံနဲ့ ဆောင်ရွက်နေပါတယ်။ အဓိကကတော့ ဒီရက်ပိုင်းမှာဆိုရင် ဒီတပတ်အတွင်းမှာ "Masks and Face Shield" ကမ်ပိန်းတွေ တိုင်းနဲ့ပြည်နယ်မှာ လုပ်နေပါတယ်။ အများပြည်သူနဲ့ ဆက်ဆံတဲ့သူတိုင်း Mask ရော Face Shield ရော တပ်ရမယ်ဆိုတဲ့ အသိပညာကို ပြည်သူတွေကြားထဲမှာ စိမ့်ဝင်ပျံ့နှံ့စေချင်တယ်။

“ကျမတို့လိုနိုင်ငံ နဂိုကတည်းကလည်း မချမ်းသာဘူး၊ အစစအရာရာ လိုအပ်ချက်တွေ ရှိနေတဲ့နိုင်ငံမှာ ရောဂါကူးစက်မှုတွေ မဖြစ်စေဘဲနဲ့ စီးပွားရေး အခွင့်အလမ်းတွေ ပြန်ပြီး နလံထူဖို့ ကိစ္စရပ်တွေကိုလည်း ဆောင်ရွက်နေပါတယ်။ နောက်တချက်ကကျတော့ ပြည်သူတွေအနေနဲ့ ကျန်းမာအောင် မိမိကိုယ်မိမိ တယောက်စီ တယောက်စီတိုင်းက ဂရုစိုက်ပြီး နေထိုင်မယ် ဆိုလို့ရှိရင် ကျန်းမာရေးဆုလာဘ်ကိုလည်း မိမိပိုင်ဆိုင်ရမယ်။ မိမိ မိသားစုလည်း ကျန်းမာမယ်။ ကိုယ့်ကြောင့်လည်း တခြားသူတွေ ရောဂါမကူးစက်တဲ့ အတွက်ကြောင့်မို့ ရောဂါမကူးစက်အောင် ကျန်းမာရေးနဲ့ ညီညွတ်စွာနဲ့ စည်းကမ်းချက်တွေကို လိုက်နာမယ်ဆိုရင် နိုင်ငံတော်ရဲ့ ဘဏ္ဍာငွေကိုလည်း ချွေတာနိုင်မယ်။ ချွေတာနိုင်မယ်ဆိုရင် ကိုယ့်နိုင်ငံအတွက် ကိုယ်အပါအဝင် ကိုယ်မိသားစုတွေထဲက အကျုံးဝင်တဲ့သူတွေ ကာကွယ်ဆေးတွေ ရဖို့ရှိပါတယ်။"

COVID-19 ရောဂါ ကူးစက်မှု မြင့်မားနေတဲ့ မြန်မာနိုင်ငံမှာ နိုင်ငံတော်အစီအစဉ်နဲ့ လူထုအတွင်း အဓိကလိုအပ်တဲ့သူတွေကို ကိုဗစ်ကာကွယ်ဆေးထိုးဖို့ စီမံချက်တွေနဲ့အတူ ကာကွယ်ဆေး ဝယ်ယူနိုင်ရေး အစီအမံတွေကိုလည်း လာမယ့် ဒီဇင်ဘာလ ၇ ရက်နေ့ နောက်ဆုံးထား စီစဉ်နေတယ်လို့ ဒေါက်တာခင်ခင်ကြီးက ဆက်ပြောပြပါတယ်။

"ကာကွယ်ဆေးတွေ ရရှိလာလို့ရှိရင်လည်း ကာကွယ်ဆေးတွေ ထိုးနိုင်ခြင်းအားဖြင့် တကယ့်ကို အန္တရာယ်ရှိတဲ့ လူအုပ်စုတွေ ထိုးဖို့လိုအပ်တဲ့လူတွေမှာ ကာကွယ်ဆေးရသွားပြီဆိုရင် ဒီရောဂါကို ကျမတို့ ကာကွယ်ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။ ကျမတို့ ကာကွယ်ဆေးနဲ့ ကာကွယ်နိုင်မှု ရယူတာကိုတော့ "Herd Immunity" အုပ်စုလိုက် Immunity ရအောင်ရယူမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ ကျမတို့နိုင်ငံမှာတော့ သတ်မှတ်ထားတဲ့ အုပ်စုတွေမှာ အပြည့်အဝ ထိုးနှံနိုင်မှသာ ရောဂါကို ကာကွယ်နိုင်မှာဖြစ်တယ်။ ဒါကြောင့် ကာကွယ်ဆေးတွေ ရရှိဖို့အတွက် သံတမန်နည်းလမ်းတွေအရ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်နေသလိုပဲ လိုအပ်တဲ့ နည်းပညာပိုင်းဆိုင်ရာ ပံ့ပိုးမှုတွေကိုလည်း သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ဆောင်ရွက်နေပါတယ်။

“ကျမတို့ လူဦးရေ ၂၀ ရာခိုင်နှုန်းအတွက် ကာကွယ်ဆေးရရှိဖို့အတွက်လည်း ၇ ရက်နေ့ နောက်ဆုံးထားပြီး ကျမတို့ တင်မှာပါ။ ကာကွယ်ဆေး ထောက်ပံ့ရေး ရန်ပုံငွေအဖွဲ့ COVAX အဖွဲ့အစည်းရဲ့ အစီအမံအောက်မှာ ကျမတို့ရှိပါတယ်။ ကူညီပံ့ပိုးမှုနဲ့ လူဦးရေ ၂၀ ရာခိုင်နှုန်းအတွက် ကျမတို့ရရှိမှာ ဖြစ်ပါတယ်။ ၂၀ ရာခိုင်နှုန်းအတွက် ရတယ်ဆိုပေမယ့်လို့ ကျန်တဲ့ လိုအပ်တဲ့ ၃၀ ကနေ ၄၀ ရာခိုင်နှုန်းကတော့ နိုင်ငံတော်ရဲ့ ဘဏ္ဍာငွေရယ် World Bank ရဲ့ ချေးငွေရယ် တခြား ကျမတို့ဖယ်ထားတဲ့ ရန်ပုံငွေတွေနဲ့ ဝယ်ဖို့အတွက် ဒါမျိုးတွေ အစီအစဉ်ရှိပါတယ်။ ဝယ်တဲ့အခါမှာတော့ ဘယ်ကာကွယ်ဆေးက ကိုယ့်တိုင်းပြည်အတွက် အသင့်တော်ဆုံးဖြစ်မလဲ၊ ကိုယ့်တိုင်းပြည်ရဲ့ အခြေအနေ၊ ကာကွယ်ဆေးအတွက် စိတ်ချရမှု၊ ဘေးကင်းလုံခြုံမှု ဒါတွေအပေါ်မှာ မူတည်ပြီးတော့ အသေးစိတ် ဒါတွေကို ညှိနှိုင်းတိုင်ပင် ဆောင်ရွက်နေပါတယ်။ ဒါတွေက ကျမတို့ Future Plans တွေပဲ ဖြစ်ပါတယ်။"

အခုဆိုရင် မြန်မာနိုင်ငံတဝန်းမှာ နေ့စဉ် ပိုးရှိမရှိ ဓာတ်ခွဲစစ်ဆေးမှုတွေကို အမျိုးသားကျန်းမာရေး ဓာတ်ခွဲဌာန၊ ဆေးသုတေသန ဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲဌာန၊ တပ်မတော်ဆေးရုံကြီးတွေနဲ့ ပြည်သူ့ဆေးရုံကြီးတွေက ဓာတ်ခွဲခန်းတွေကနေ စစ်ဆေးမှုပေါင်း သောင်းနဲ့ချီ စစ်ဆေးနေတာပါ။ အခုဆိုရင် နေ့စဉ်တွေ့ရှိမှုကလည်း ထောင်ဂဏန်းဝန်းကျင် ဆက်တိုက်ပိုးတွေ့ရှိနေတဲ့ အနေအထားမှာ ထပ်မံပြီး စနစ်တကျ စစ်ဆေးနိုင်ဖို့ကိုလည်း စီစဉ်နေတယ်လို့ ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။

"အခု ပိုးစစ်နေတဲ့ အနေအထားကတော့ ကျမတို့မှာ PCR စက်နဲ့ စစ်နိုင်တာ ကျန်းမာရေးဝန်ကြီးဌာနအောက်မှာ ၆ ခုရှိပါတယ်။ ပြီးရင် တပ်မတော်အောက်က ဆေးရုံ ၄ ခုမှာ PCR စက်နဲ့ စစ်နိုင်ပါတယ်။ တနည်းအားဖြင့်ပြောရင် တပ်မတော်ရယ် ကျန်းမာရေးဝန်ကြီးဌာနအောက်မှာ PCR နဲ့ စစ်နိုင်တာ နေရာ ၁၀ နေရာ ရှိပါတယ်။ ပြီးရင် Gene Xpert စက်နဲ့ စစ်နိုင်တာ ၂၉ ရုံ ရှိပါတယ်။ နောက် Rapid Tests တွေနဲ့ စစ်နိုင်တာ သက်ဆိုင်ရာ ပြည်နယ် တိုင်း ကျန်းမာရေး ဦးစီးဌာနတွေ၊ တိုင်းနဲ့ပြည်နယ်တွေမှာဆို လိုအပ်တာတွေစစ်တယ်။ လက်ရှိမှာ နေ့စဉ် ၂၂,၀၀၀ ကျော်၊ ၂၀,၀၀၀ ဝန်းကျင် စစ်နေပါတယ်။ ဒီ့ထက်လည်း စစ်နိုင်တဲ့ အတိုင်းအတာအတွင်းမှာ ပိုးတွေ့ရှိမှု အနည်းအများပေါ် မူတည်ပြီး တဖြည်းဖြည်းနဲ့ ဖြေလျှော့မှုတွေလည်း လုပ်သွားမှာဖြစ်ပါတယ်။

“ဒီနေရာမှာ နောက်ထပ် သတင်းကောင်းတခုကတော့ CDC ကလည်း Quarantine Period-Q ထားတဲ့အချိန်ကို တိုလို့ရပြီဆိုပြီး ထုတ်ပြန်ချက်လည်း ထွက်လာတော့ ၁၀ ရက် Q ရုံနဲ့တင် လုံလောက်ပါတယ်။ တကယ်လို့ စမ်းသပ်လိုက်လို့ Negative ဖြစ်တယ်ဆိုရင်လည်း ၇ ရက် Q ရုံနဲ့ လုံလောက်တယ်ဆိုတာမျိုး ဖြစ်လာတယ်။ ဒါတွေကလည်း သုတေသန တွေ့ရှိချက်တွေ သိပ္ပံပညာရှင်တွေရဲ့ တွေ့ရှိဖော်ထုတ်ချက်တွေပေါ် မူတည်ပြီး ဖြစ်လာတာ ဖြစ်တဲ့အတွက် နောက်ပိုင်းမှာလည်း Q ကိစ္စတွေကို Modified ပြန်လုပ်ဖို့ ကိစ္စတွေကိုလည်း လူကြီးတွေ စီစဉ်ဆောင်ရွက်နေတာမျိုးတွေ ရှိပါတယ်။ ကျမတို့အတွက် အလားအလာကောင်းတွေ မျှော်လင့်ချက်တွေ ရှိတဲ့အတွက် ပြည်သူလူထုဘက်ကလည်း စိတ်ဓာတ်မကျဘဲနဲ့ မိမိတို့တဦးချင်း တယောက်စီ တယောက်စီကနေ အဓိက အချက် ၃ ချက်ပေါ့နော် မဖြစ်မနေ Mask တပ်မယ်၊ နောက်တခုက လူအုပ်စုတွေမှာ ခွာခွာနေမယ်၊ နောက် လက်ကို မကြာခဏဆေးမယ်၊ ဒီ ၃ ချက်ကိုသာ လိုက်နာမယ်ဆိုရင် ကိုယ့်ကို ရောဂါကူးစက်လာမှာ စိုးရိမ်စရာမလိုဘူး။ ဒီလို တယောက်စီ တယောက်စီတိုင်းက ကျန်းမာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်တွေကို မိမိရဲ့အသိ သတိနဲ့ လိုက်နာဖို့အတွက် ကျမအနေနဲ့ တိုက်တွန်းလိုပါတယ်။"

လက်ရှိ မြန်မာနိုင်ငံတွင်းမှာ ပြည်နယ် တိုင်းအလိုက် COVID-19 ရောဂါကူးစက်မှု ကာကွယ်ထိန်းချုပ်နိုင်ရေး ကျန်းမာရေးဝန်ကြီးဌာနဘက်က ပြည်သူတွေ နေအိမ်မှာပဲနေကြဖို့၊ ရောဂါအဖြစ်များတဲ့ ပြည်နယ် တိုင်း မြို့နယ်ဒေသတချို့မှာ စည်းမျဉ်းစည်းကမ်း ညွှန်ကြားချက်တွေ ထုတ်ပြန် ဆောင်ရွက်နေပေမယ့်လို့ ပြည်သူတချို့ကြား ထုတ်ပြန်ထားတဲ့ စည်းကမ်းလိုက်နာမှု အားနည်းတဲ့အတွက် စည်းကမ်းလိုက်နာအောင် တင်းတင်းကျပ်ကျပ် ကြပ်မတ်ဆောင်ရွက်ဖို့ ဆေးပညာရှင်တွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေဘက်က စိုးရိမ်တကြီး သတိပေး ြပောဆိုနေကြချိန်လည်း ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG