သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ COVID-19 ကူးစက္သူ ၉၆,၅၂၀၊ ေသဆုံးသူ ၂,၀၅၉ ဦးရွိၿပီ


ကိုဗစ္-၁၉ အထူးၾကပ္မတ္ကုသေဆာင္ (ICU) မွာ လူနာေတြကို ကုသမႈေပးေနတဲ့ ျမင္ကြင္း။ (ဓာတ္ပုံ - Ministry of Health and Sports - ႏိုဝင္ဘာ ၃၀၊ ၂၀၂၀)

[Zawgyi/Unicode]

ျမန္မာႏိုင္ငံမွာ ၿပီးခဲ့တဲ့ ၂၄ နာရီအတြင္း COVID-19 ေရာဂါကူးစက္သူ ၁,၅၀၂ ဦး ထပ္တိုးၿပီး ေသဆုံးသူက ၃၁ ဦး ထပ္တိုးတဲ့အေၾကာင္း က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ဒီကေန႔ည ၈ နာရီ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ဒီကေန႔ညထုတ္ျပန္ခ်က္ပါ ေသဆုံးသူေတြထဲမွာ ၂၈ ဦးက ေရာဂါအခံရွိသူေတြျဖစ္တယ္လို႔ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ဓာတ္ခြဲနမူနာေပါင္း ၂၁,၃၉၀ ခုကို စစ္ေဆးခဲ့တဲ့ထဲက အခုလို ေနာက္ထပ္ ေရာဂါပိုးကူးစက္ထားသူေတြ ေတြ႕ရတာျဖစ္ၿပီး ဒီကေန႔အထိဆိုရင္ စစ္ေဆးခဲ့တဲ့ ဓာတ္ခြဲနမူနာေပါင္း ၁,၂၄၆,၅၂၄ ခု ရွိသြားၿပီျဖစ္ပါတယ္။ ေသဆုံးသူအေရအတြက္က ၂,၀၅၉ ဦး ရွိၿပီျဖစ္ၿပီး ေရာဂါပိုး ကူးစက္သူေပါင္းကေတာ့ ၉၆,၅၂၀ ဦး ရွိသြားပါၿပီ။

ဒီကေန႔ညထုတ္ျပန္ခ်က္မွာ ေဆး႐ုံဆင္းခြင့္ရရွိသူအေရအတြက္ ၁,၂၂၅ ဦးရွိတယ္လို႔ ေဖာ္ျပထားတာေၾကာင့္ ေရာဂါေပ်ာက္ကင္းသြားသူေပါင္း ၇၄,၉၇၃ ဦး ရွိသြားၿပီျဖစ္ပါတယ္။

က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာန၊ သတင္းထုတ္ျပန္ေရးအဖြဲ႕ဝင္၊ ဗဟိုကူးစက္ေရာဂါ တိုက္ဖ်က္ေရးဌာနခြဲ ၫႊန္ၾကားေရးမႉး ေဒါက္တာခင္ခင္ႀကီးက သူ႔ရဲ႕ေဖ့စ္ဘုတ္မွာ မၾကာေသးခင္ အခ်ိန္ပိုင္းအတြင္းက ေရးထားတာအရဆိုရင္ ဒီကေန႔ ဓာတ္ခြဲစစ္ေဆးတဲ့ နမူနာအေရအတြက္ စုစုေပါင္းထဲမွာ ပိုးေတြ႕သူ ၇% ရွိၿပီး ျပန္ေကာင္းလာသူ ၇၇.၇% ၊ ေသဆုံးႏႈန္းက ၂.၁၃% ရွိပါတယ္။

ေသဆုံးသူေတြထဲမွာ ေနာက္ခံေရာဂါရွိသူက ၉၀.၃% ရွိတယ္လို႔လည္း ေဒါက္တာခင္ခင္ႀကီးက ေရးထားပါတယ္။

ဒီအခ်က္အလက္ေတြအရ မေန႔ကနဲ႔ႏိႈင္းယွဥ္ရင္ ပိုးေတြ႔ႏႈန္း အနည္းငယ္ေလ်ာ့သြားၿပီး ေသဆံုးႏႈန္းက တူညီၿပီးေတာ့ ျပန္ေကာင္းလာတဲ့ႏႈန္းက အနည္းငယ္တိုးလာပါတယ္။ ေနာက္ခံေရာဂါရွိသူ ေသဆံုးႏႈန္းကလည္း ပိုမ်ားလာတာေတြ႔ရပါတယ္။

[Unicode Version]

မြန်မာ COVID-19 ကူးစက်သူ ၉၆,၅၂၀၊ သေဆုံးသူ ၂,၀၅၉ ဦးရှိပြီ

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း COVID-19 ရောဂါကူးစက်သူ ၁,၅၀၂ ဦး ထပ်တိုးပြီး သေဆုံးသူက ၃၁ ဦး ထပ်တိုးတဲ့အကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီကနေ့ညထုတ်ပြန်ချက်ပါ သေဆုံးသူတွေထဲမှာ ၂၈ ဦးက ရောဂါအခံရှိသူတွေဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဓာတ်ခွဲနမူနာပေါင်း ၂၁,၃၉၀ ခုကို စစ်ဆေးခဲ့တဲ့ထဲက အခုလို နောက်ထပ် ရောဂါပိုးကူးစက်ထားသူတွေ တွေ့ရတာဖြစ်ပြီး ဒီကနေ့အထိဆိုရင် စစ်ဆေးခဲ့တဲ့ ဓာတ်ခွဲနမူနာပေါင်း ၁,၂၄၆,၅၂၄ ခု ရှိသွားပြီဖြစ်ပါတယ်။ သေဆုံးသူအရေအတွက်က ၂,၀၅၉ ဦး ရှိပြီဖြစ်ပြီး ရောဂါပိုး ကူးစက်သူပေါင်းကတော့ ၉၆,၅၂၀ ဦး ရှိသွားပါပြီ။

ဒီကနေ့ညထုတ်ပြန်ချက်မှာ ဆေးရုံဆင်းခွင့်ရရှိသူအရေအတွက် ၁,၂၂၅ ဦးရှိတယ်လို့ ဖော်ပြထားတာကြောင့် ရောဂါပျောက်ကင်းသွားသူပေါင်း ၇၄,၉၇၃ ဦး ရှိသွားပြီဖြစ်ပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန၊ သတင်းထုတ်ပြန်ရေးအဖွဲ့ဝင်၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက သူ့ရဲ့ဖေ့စ်ဘုတ်မှာ မကြာသေးခင် အချိန်ပိုင်းအတွင်းက ရေးထားတာအရဆိုရင် ဒီကနေ့ ဓာတ်ခွဲစစ်ဆေးတဲ့ နမူနာအရေအတွက် စုစုပေါင်းထဲမှာ ပိုးတွေ့သူ ၇% ရှိပြီး ပြန်ကောင်းလာသူ ၇၇.၇% ၊ သေဆုံးနှုန်းက ၂.၁၃% ရှိပါတယ်။

သေဆုံးသူတွေထဲမှာ နောက်ခံရောဂါရှိသူက ၉၀.၃% ရှိတယ်လို့လည်း ဒေါက်တာခင်ခင်ကြီးက ရေးထားပါတယ်။

ဒီအချက်အလက်တွေအရ မနေ့ကနဲ့နှိုင်းယှဉ်ရင် ပိုးတွေ့နှုန်း အနည်းငယ်လျော့သွားပြီး သေဆုံးနှုန်းက တူညီပြီးတော့ ပြန်ကောင်းလာတဲ့နှုန်းက အနည်းငယ်တိုးလာပါတယ်။ နောက်ခံရောဂါရှိသူ သေဆုံးနှုန်းကလည်း ပိုများလာတာတွေ့ရပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG