သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

COVID ကူးစက္မႈ ဟန္႔တားေရး အစြမ္းကုန္လုပ္ေဆာင္ဖို႔ အတိုင္ပင္ခံပုဂၢိဳလ္ တိုက္တြန္း


Myanmar State Counsellor Office

(Zawgyi/Unicode)

ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ျမန္မာႏိုင္ငံမွာ ကိုဗစ္ကူးစက္မူ တစ္သိန္းနီးပါးအျဖစ္ နည္းတဲ့အေနအထားမဟုတ္ေတာ့တာမို႔၊ အရင္ ေရြးေကာက္ပြဲအၿပီးလူစုလူေဝးေၾကာင့္၊ ပ်ံ႕ႏွံမူတက္လာတာမ်ိဳးမျဖစ္ရေအာင္၊ ကာကြယ္ေရး အစြမ္းကုန္လုပ္ၾကဖို႔ ျပင္းျပင္းထန္ထန္ တိုက္တြန္းလိုက္ပါတယ္။

မေန႔က ဒီကိုဗစ္ေနာက္ဆံုးအေျခအေန ျပည္သူကိုအစီရင္ခံတဲ့ မိန္႔ခြန္းထဲမွာ ေဒၚေအာင္ဆန္းစုၾကည္က၊ ေရြးေကာက္ပြဲအၿပီးမွာ ခုလို ကူးစက္မူတက္လာတာအျပင္၊ မၾကာခင္ တန္ေဆာင္တိုင္အားလပ္ရက္တုန္းကလည္း လူစုလူေဝးေတြထပ္ျဖစ္ခဲ့တာရဲ့ အက်ိဳးဆက္ေတြ ထပ္လာဦးမွာလို႔ သတိေပးလိုက္ပါတယ္။

ဒါေၾကာင့္ အခုခ်ိန္ ကာကြယ္ေဆးမရႏိုင္ခင္ လက္ရွိေဆာင္းရာသီနဲ႔၊ လာေတာ့မယ့္ ခရစ္စမတ္ႏွစ္ကူးပြဲေတာ္အားလပ္ရက္မွာလည္း ပိုကူးကုန္မွာစိုးရိမ္ၿပီး၊ လူစုလူေဝး မျဖစ္ေအာင္ေနေပးၾကဖို႔၊ ျပည္သူအားလံုးကို အႏူးအညြတ္ ခုလို တိုက္တြန္းသတိေပးလိုက္ပါတယ္။

“ေဆာင္းတြင္းမွာ ေအးလာၿပီ၊ ေအးလာတဲ့အခါက်ေတာ့ ေရာဂါပိုးက ပ်ံ႕လြယ္မယ္ဆိုတာက က်မတို႔ သတိေပးထားၿပီးျဖစ္ပါတယ္။ ထပ္မံလည္း သတိေပးပါမယ္။ အခု တန္ေဆာင္တိုင္ပိတ္ရက္ေတြကေတာ့ လြန္သြားၿပီေပါ့ေနာ္ ေနာက္အခု ခရစ္စမတ္ကာလ ၊ ႏွစ္သစ္ကူးကာလေတြကို ဦးတည္ေနပါတယ္။ အဲဒီအေျခအေနေတြမွာလည္း လူစုလူေ၀းမျဖစ္ဖို႔ အင္မတန္မွ အေရးႀကီးပါတယ္။ လူစုလူေ၀း ျဖစ္တာနဲ႔အမွ် ေရာဂါပိုး ပ်ံ႕တယ္ဆိုတာကိုေတာ့ ဘယ္လုိမွ ေရွာင္လို႔မရတဲ့ ကိစၥပါ ၊ ပ်ံ႕မွာပါပဲ။”

ေဒၚေအာင္ဆန္းစုၾကည္ကဆက္ၿပီး အခု ကိုဗစ္ကူးစက္မူက ျပည္နယ္ေတြတိုင္းေတြမွာလည္း ျပန္႕ပြားလာမူ မနည္းေတာ့တာေၾကာင့္၊ ေသဆံုးသူကလည္း ၂၀၀၀ ေက်ာ္လာကာ၊ အစားထိုးမရတဲ့ေသဆံုးမူေတြ ဆက္မျဖစ္ေစခ်င္သလို၊ ႏိုင္ငံေတာ္ဖက္မွာလည္း ခုလိုမလႊဲမေလွ်ာင္သာ လူနာေတြအတြက္ ဘတ္ဂ်က္ေငြေတြ အမ်ားႀကီးသံုးေနရတာေၾကာင့္၊ စီးပြားေရးျပန္နလန္ထူဖို႔ ဆံုရႈံးမူေတြျဖစ္လာမွာစိုးရိမ္တယ္လို႔ ဆိုပါတယ္။

ဒါ့အျပင္ ကာကြယ္ေဆးအတြက္လည္း အတိုင္းအတာတစ္သာ လွဴဒါန္းေထာက္ပ့ံတာရႏိုင္ၿပီး၊ အမ်ားစုက ႏိုင္ငံေတာ္ဘဏၰာထဲကပဲ ဝယ္သံုးရမယ့္ အခ်ိန္မွာ၊ ဒီကိုဗစ္လူနာ ျပင္းထန္သူတစ္ဦးအတြက္ ကုန္က်စရိတ္ဟာ လူတစ္ေထာင္အထိ ကာကြယ္ေဆးထိုးေပးႏိုင္တဲ့ ေငြပမာဏမို႔ ကူးစက္မခံရေအာင္ဝိုင္းဝန္းကာကြယ္ကူညီေပးၾကဖို႔လည္း အေလးအနက္ေတာင္းဆိုလိုက္ပါတယ္။

ခုလိုအခ်ိန္မွာ ႏိုင္ငံထဲ မေန႔ကေတာ့ COVID-19 ေရာဂါကူးစက္သူ သစ္ ၁၅၀၂ ဦးနဲ႔၊ ေသဆုံးသူ ၃၁ ထပ္တိုးခဲ့တာေၾကာင့္၊ စုစုေပါင္းပိုးေတြ႔သူ ၉၆,၅၂၀ နဲ႔၊ ေသဆံုးသူေပါင္း ၂,၀၅၉ ဦးရွိလာၿပီလို႔႔၊ က်န္းမာေရးနဲ႔အားကစားဝန္ႀကီးဌာန ည (၈) နာရီထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


..............

COVID ကူးစက်မှု ဟန့်တားရေး အစွမ်းကုန်လုပ်ဆောင်ဖို့ အတိုင်ပင်ခံပုဂ္ဂိုလ် တိုက်တွန်း

(Unicode)

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံမှာ ကိုဗစ်ကူးစက်မူ တစ်သိန်းနီးပါးအဖြစ် နည်းတဲ့အနေအထားမဟုတ်တော့တာမို့၊ အရင် ရွေးကောက်ပွဲအပြီးလူစုလူဝေးကြောင့်၊ ပျံ့နှံမူတက်လာတာမျိုးမဖြစ်ရအောင်၊ ကာကွယ်ရေး အစွမ်းကုန်လုပ်ကြဖို့ ပြင်းပြင်းထန်ထန် တိုက်တွန်းလိုက်ပါတယ်။

မနေ့က ဒီကိုဗစ်နောက်ဆုံးအခြေအနေ ပြည်သူကိုအစီရင်ခံတဲ့ မိန့်ခွန်းထဲမှာ ဒေါ်အောင်ဆန်းစုကြည်က၊ ရွေးကောက်ပွဲအပြီးမှာ ခုလို ကူးစက်မူတက်လာတာအပြင်၊ မကြာခင် တန်ဆောင်တိုင်အားလပ်ရက်တုန်းကလည်း လူစုလူဝေးတွေထပ်ဖြစ်ခဲ့တာရဲ့ အကျိုးဆက်တွေ ထပ်လာဦးမှာလို့ သတိပေးလိုက်ပါတယ်။

ဒါကြောင့် အခုချိန် ကာကွယ်ဆေးမရနိုင်ခင် လက်ရှိဆောင်းရာသီနဲ့၊ လာတော့မယ့် ခရစ်စမတ်နှစ်ကူးပွဲတော်အားလပ်ရက်မှာလည်း ပိုကူးကုန်မှာစိုးရိမ်ပြီး၊ လူစုလူဝေး မဖြစ်အောင်နေပေးကြဖို့၊ ပြည်သူအားလုံးကို အနူးအညွတ် ခုလို တိုက်တွန်းသတိပေးလိုက်ပါတယ်။

“ဆောင်းတွင်းမှာ အေးလာပြီ၊ အေးလာတဲ့အခါကျတော့ ရောဂါပိုးက ပျံ့လွယ်မယ်ဆိုတာက ကျမတို့ သတိပေးထားပြီးဖြစ်ပါတယ်။ ထပ်မံလည်း သတိပေးပါမယ်။ အခု တန်ဆောင်တိုင်ပိတ်ရက်တွေကတော့ လွန်သွားပြီပေါ့နော် နောက်အခု ခရစ်စမတ်ကာလ ၊ နှစ်သစ်ကူးကာလတွေကို ဦးတည်နေပါတယ်။ အဲဒီအခြေအနေတွေမှာလည်း လူစုလူဝေးမဖြစ်ဖို့ အင်မတန်မှ အရေးကြီးပါတယ်။ လူစုလူဝေး ဖြစ်တာနဲ့အမျှ ရောဂါပိုး ပျံ့တယ်ဆိုတာကိုတော့ ဘယ်လိုမှ ရှောင်လို့မရတဲ့ ကိစ္စပါ ၊ ပျံ့မှာပါပဲ။”

ဒေါ်အောင်ဆန်းစုကြည်ကဆက်ပြီး အခု ကိုဗစ်ကူးစက်မူက ပြည်နယ်တွေတိုင်းတွေမှာလည်း ပြန့်ပွားလာမူ မနည်းတော့တာကြောင့်၊ သေဆုံးသူကလည်း ၂၀၀၀ ကျော်လာကာ၊ အစားထိုးမရတဲ့သေဆုံးမူတွေ ဆက်မဖြစ်စေချင်သလို၊ နိုင်ငံတော်ဖက်မှာလည်း ခုလိုမလွှဲမလျှောင်သာ လူနာတွေအတွက် ဘတ်ဂျက်ငွေတွေ အများကြီးသုံးနေရတာကြောင့်၊ စီးပွားရေးပြန်နလန်ထူဖို့ ဆုံရှုံးမူတွေဖြစ်လာမှာစိုးရိမ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကာကွယ်ဆေးအတွက်လည်း အတိုင်းအတာတစ်သာ လှူဒါန်းထောက်ပံ့တာရနိုင်ပြီး၊ အများစုက နိုင်ငံတော်ဘဏ္ဏာထဲကပဲ ဝယ်သုံးရမယ့် အချိန်မှာ၊ ဒီကိုဗစ်လူနာ ပြင်းထန်သူတစ်ဦးအတွက် ကုန်ကျစရိတ်ဟာ လူတစ်ထောင်အထိ ကာကွယ်ဆေးထိုးပေးနိုင်တဲ့ ငွေပမာဏမို့ ကူးစက်မခံရအောင်ဝိုင်းဝန်းကာကွယ်ကူညီပေးကြဖို့လည်း အလေးအနက်တောင်းဆိုလိုက်ပါတယ်။

ခုလိုအချိန်မှာ နိုင်ငံထဲ မနေ့ကတော့ COVID-19 ရောဂါကူးစက်သူ သစ် ၁၅၀၂ ဦးနဲ့၊ သေဆုံးသူ ၃၁ ထပ်တိုးခဲ့တာကြောင့်၊ စုစုပေါင်းပိုးတွေ့သူ ၉၆,၅၂၀ နဲ့၊ သေဆုံးသူပေါင်း ၂,၀၅၉ ဦးရှိလာပြီလို့၊ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန ည (၈) နာရီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG