သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရခိုင္မွာ အရပ္သားေသဆံုးမႈနဲ႔ ဖမ္းဆီးမႈစြပ္စြဲခ်က္ တပ္မေတာ္ျငင္းဆို


ရခိုင္ျပည္နယ္ရွိ ရြာတရြာမွာ လံုျခံဳေရးယူထားတဲ့ ျမန္မာစစ္တပ္။ (ဧၿပီ ၁၇၊ ၂၀၁၉)

[Zawgyi/Unicode]

ရခိုင္ျပည္နယ္ ေက်ာက္ေတာ္ၿမိဳ႕နယ္မွာ ေဒသခံတခ်ဳိ႕ ေသဆံုးမႈနဲ႔ ဖမ္းဆီးခံရမႈေတြအတြက္ တာ၀န္ရွိေၾကာင္း စြပ္စဲြခ်က္ေတြကုိ တပ္မေတာ္က ျငင္းဆန္လုိက္တဲ့အေၾကာင္း ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ ကိုႏိုင္ကြန္းအိန္က သတင္းေပးပို႔ထားပါတယ္။

ေက်ာက္ေတာ္ျမိဳ႕နယ္ တင္းမရြာသစ္နဲ႔ တင္းမၾကီးရြာက ရြာသားေတြကုိ မတ္လထဲမွာတုန္းက ဖမ္းဆီးမႈ အပါအ၀င္ အရပ္သားေတြအေပၚ လူ႔အခြင္႔အေရး ခ်ိဳးေဖာက္မႈ ျဖစ္စဥ္ေပါင္း ၂၀ ကို ေျဖရွင္းေပးဖို႔ ေဒသခံလႊတ္ေတာ္ကိုယ္စားလွယ္ေတြ အမ်ိဳးသားလူ႔အခြင္႔အေရး ေကာ္မရွင္ကို တိုင္ၾကားခဲ့တာပါ။

ဒီတိုင္ၾကားခ်က္ေတြနဲ႔ ပတ္သက္ၿပီး အမ်ိဳးသားလူ႔အခြင္႔အေရး ေကာ္မရွင္ကေနတဆင့္ ကာကြယ္ေရးဝန္ႀကီးဌာနသို႔ စံုးစမ္းေမးျမန္း အေၾကာင္းၾကားရာမွာ ကာကြယ္ေရးဝန္ႀကီးဌာနက စြပ္စဲြခ်က္ေတြဟာ မဟုတ္မွန္ေၾကာင္း စာနဲ႔အေၾကာင္းျပန္ခဲ့ေၾကာင္း ေက်ာက္ေတာ္ျမိဳ႕နယ္ ျပည္သူလႊတ္ေတာ္ကိုယ္စားလွယ္ ဦးထြန္း၀င္းက ေျပာပါတယ္။

“လူ႕အခြင့္အေရးေကာ္မရွင္ကို ပို႔လိုက္တဲ့ စာကို က်ေနာ့္ဆီကို အေျဖေရာက္လာတာေပါ့။ ဒီလူ႔အခြင့္အေရး ေကာ္မရွင္က ကာကြယ္ေရး၀န္ၾကီးဌာနကို က်ေနာ္တို႔ တိုင္ၾကားထားတဲ့ကိစၥေတြကိုတခုခ်င္း သူလွမ္းေမးတယ္လုိ႔ က်ေနာ္တို႔ သိရတာေပ့ါေနာ္။ အဲဒီစာထဲမွာေတာ့ ျဖစ္စဥ္တခုခ်င္းကို တပ္ကေျဖထားတဲ့အေျဖေတြကို သူတို႔က က်ေနာ္တို႔ကို ဒီလိုေျဖပါတယ္ဆိုျပီးမွ Record ျပန္လုပ္တဲ့အေျဖေတြေပါ့ဗ်ာ။ တပ္ဘက္က သူေတြျငင္းထားတာေပါ့။ ေအာက္ေျခမွာ ဒီလိုျဖစ္စဥ္ေတြ မျဖစ္ပါဘူးလို႔ ဒီလိုလုပ္ရပ္ေတြ မရွိပါဘူးလို႔ ဒီလိုပဲ ျငင္းထားတယ္၊ ေျခပထားတဲ့ပုံစံေပါ့။”

မတ္လတုန္းက တင္းမရြာသစ္နဲ႔ တင္းမႀကီးေက်းရြာက ေဒသခံေတြကုိ ဖမ္းဆီးတာမရွိေၾကာင္း၊ ေဖေဖာ္ဝါရီလ အတြင္းက မုန္႔သန္းျပင္ ေက်းရြာအနီးတစ္ဝိုက္မွာ စစ္ဆင္ေရးေဆာင္ရြက္တာမရွိခဲ့တာေၾကာင့္ အိမ္ေျခ ၅၀၊ မူလတန္းေက်ာင္းနဲ႔ ဘုန္းႀကီးေက်ာင္းေတြပါ ပ်က္စီးခဲ့တဲ့ မီးေလာင္မႈဟာ တပ္မေတာ္ရဲ႕လက္ခ်က္မဟုတ္ေၾကာင္း ျငင္းဆန္ခဲ့တာျဖစ္ပါတယ္။ ဧျပီလက သရက္တပင္ေက်းရြာကေန ထြက္လာတဲ့ တပ္မေတာ္စစ္ေၾကာင္းကို ေက်ာက္ေတာ္-ငါးေယာက္ကိုင္း လမ္းပိုင္းမွာ မိုင္းခြဲတုိက္ခုိက္ခံခဲ့ရၿပီး ေနာက္ဆက္တဲြ တုိက္ပဲြေတြအတြင္း ဗုံးခိုက်င္းမွာ ပုန္းေနတဲ့ရြာသား ၅ ဦး ေသဆုံးမႈ၊ အုတ္ဖုတ္လုပ္ငန္းလုပ္ေနသူ ၇ ဦးဒဏ္ရာရရွိမႈေတြ အပါအ၀င္ တုိင္ၾကားခ်က္မွာ ပါ၀င္တဲ့ စြပ္စဲြခ်က္ေတြကုိ တပ္မေတာ္က က်ဴးလြန္ျခင္းမရွိေၾကာင္း ကာကြယ္ေရးဝန္ႀကီးဌာနက တုံ႔ျပန္ခဲ့တယ္လုိ႔လည္း အမ်ိဳးသားလူ႔အခြင့္အေရး ေကာ္မရွင္ကေန ရခိုင္ျပည္နယ္က လႊတ္ေတာ္ကိုယ္စားလွယ္ေတြကို အေၾကာင္းျပန္တဲ့စာမွာ ေဖၚျပခဲ့တာပါ။

ရခိုင္ေဒသ လူ႔အခြင့္အေရးခ်ိဳးေဖါက္ခံရမႈ စြပ္စဲြခ်က္ေတြအေပၚ ကာကြယ္ေရးဝန္ႀကီးဌာနရဲ႕ တုံ႔ျပန္ခ်က္နဲ႔ ပတ္သက္လုိ႔ ပုိမုိ္သိရွိႏုိင္ဖုိ႔ အမ်ိဳးသားလူ႔အခြင့္အေရးေကာ္မရွင္ ညႊန္ၾကားေရးမွဴးခ်ဳပ္ ဦးဘုန္းၾကြယ္ကို ေမးျမန္းရာမွာေတာ့ အေသးစိတ္မသိေၾကာင္း ေျပာပါတယ္။

“Case ကိုင္တဲ့သူမဟုတ္ေတာ့ အေသးစိတ္မသိဘူး။ က်ေနာ္တို႔ဆီမွာ တိုင္စာက ေထာင္နဲ႔ခ်ီရွိေနတာကိုး။”

ေက်ာက္ေတာ္ျမိဳ႕နယ္မွာ တပ္မေတာ္နဲ႔ AA လက္နက္ကုိင္အဖဲြ႔ၾကား စစ္ေရးပဋိပကၡေတြအတြင္း ေဒသခံေတြ လူ႔အခြင့္အေရး ခ်ိဳးေဖါက္ခံရတဲ့ အေျခအေနေတြကုိ ေက်ာက္ေတာ္ၿမိဳ႕နယ္က လႊတ္ေတာ္ကိုယ္စားလွယ္ ၄ ဦးက ဦးေဆာင္ၿပီး မတ္လကစ လူ႔အခြင့္အေရးေကာ္မရွင္ကို တိုင္ၾကားခဲ့ၾကတာပါ။

ဒါေပမဲ့လည္း ေကာ္မရွင္ကုိယ္တုိင္ စစ္ေဆးတာ မရွိဘဲ တပ္မေတာ္ရဲ႕ တုံ႔ျပန္ခ်က္ကုိသာ ေပးပုိ႔လာတာဟာ လက္ခံႏုိင္စရာ မရွိဘူးလုိ႔ တုိင္ၾကားရာမွာ ပါ၀င္သူတဦးျဖစ္တဲ့ ျပည္သူ႕လႊတ္ေတာ္ကိုယ္စားလွယ္ဦးထြန္း၀င္းက ေျပာပါတယ္။

“လူ႔အခြင့္အေရးေကာ္မရွင္ကေတာ့ ကိုယ္တိုင္ခံစားေနရတဲ့သူေတြကို ေမးျမန္းတာတို႕ စာထဲမွာပါေနတဲ့လူေတြ အေပၚမွာ လိုအပ္စစ္ေဆးမႈေတြ လုပ္တာတို႔ ေမးျမန္းတာတို႕ေပါ့ေလ တခုခုလုပ္တဲ့ အေနအထားမ်ိဳးေတာ့ တခုမွ က်ေနာ္တို႔ မေတြ႕ေသးဘူး။ တဘက္ကိုလွမ္းေမးျပီးေတာ့မွ တဘက္ကေျပာလိုက္တာနဲ႔ကို အေျခအေနျဖစ္ေနတာေပါ့ဗ်ာ။ အားရစရာမရွိဘူး။”

ၿပီးခဲ့တဲ့ႏိုဝင္ဘာလ ၂၇ ရက္ေန႔က ျပဳလုပ္ခဲ့တဲ့ တပ္မေတာ္သတင္းစာ ရွင္းလင္းပြဲမွာေတာ့ သံသယနဲ႔ ဖမ္းဆီးျခင္းခံထားရတဲ့ အရပ္သားေတြ ျပန္လည္လြတ္ေျမာက္ေရးအတြက္ သက္ေသအေထာက္အထားနဲ႔ သက္ဆိုင္ရာ ရဲစခန္းေတြမွာ တုိက္ခ်က္ဖြင့္ႏိုင္ေၾကာင္း တပ္မေတာ္သတင္းမွန္ ျပန္ၾကားေရးအဖြဲ႔ဥကၠ႒ ဗိုလ္ခ်ဳပ္ ေဇာ္မင္းထြန္းက ေျပာဆိုထားပါတယ္။

ဒါေပမဲ့လည္း မတ္လတုန္းက ေက်ာက္ေတာ္ျမိဳ႕နယ္ တင္းမႀကီးေက်းရြာသား ၁ဝ ဦးႏွင့္ တင္းမသစ္ရြာမွ ၈ ဦးတို႔ကုိ တပ္မေတာ္စစ္ေၾကာင္းတစ္ခုက ဖမ္းဆီးေခၚေဆာင္သြားျပီး အခုထိ ျပန္မလြတ္လာေသးတာေၾကာင့္ သက္ဆိုင္ရာ ရဲစခန္းကို တိုင္ၾကားခဲ့ေပမဲ့ တစ္စုံတစ္ရာ ထူးျခားမႈမ႐ွိေသးဘူးလို႔ မိသားစု၀င္ေတြကေျပာပါတယ္။

ရခုိင္ျပည္နယ္မွာ ၂ ႏွစ္နီးပါးၾကာ လက္နက္ကုိင္ ပဋိပကၡေတြအတြင္း ကေလးငယ္ေတြ အပါအ၀င္ ေဒသခံေတြ ထိခုိက္ေသေၾကမႈေတြနဲ႔ လူ႔အခြင့္အေရး ခ်ဳိးေဖာက္ခံရမႈေတြအေပၚ ကုလသမဂၢအပါအ၀င္ ႏုိင္ငံတကာ အသုိင္းအ၀န္းကလည္း စုိးရိမ္တဲ့ သေဘာထားေတြကုိ ေျပာဆုိထားၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ရခိုင်မှာ အရပ်သားသေဆုံးမှုနဲ့ ဖမ်းဆီးမှုစွပ်စွဲချက် တပ်မတော်ငြင်းဆို

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှာ ဒေသခံတချို့ သေဆုံးမှုနဲ့ ဖမ်းဆီးခံရမှုတွေအတွက် တာဝန်ရှိကြောင်း စွပ်စွဲချက်တွေကို တပ်မတော်က ငြင်းဆန်လိုက်တဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုနိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။

ကျောက်တော်မြို့နယ် တင်းမရွာသစ်နဲ့ တင်းမကြီးရွာက ရွာသားတွေကို မတ်လထဲမှာတုန်းက ဖမ်းဆီးမှု အပါအဝင် အရပ်သားတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှု ဖြစ်စဉ်ပေါင်း ၂၀ ကို ဖြေရှင်းပေးဖို့ ဒေသခံလွှတ်တော်ကိုယ်စားလှယ်တွေ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ကို တိုင်ကြားခဲ့တာပါ။

ဒီတိုင်ကြားချက်တွေနဲ့ ပတ်သက်ပြီး အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ကနေတဆင့် ကာကွယ်ရေးဝန်ကြီးဌာနသို့ စုံးစမ်းမေးမြန်း အကြောင်းကြားရာမှာ ကာကွယ်ရေးဝန်ကြီးဌာနက စွပ်စွဲချက်တွေဟာ မဟုတ်မှန်ကြောင်း စာနဲ့အကြောင်းပြန်ခဲ့ကြောင်း ကျောက်တော်မြို့နယ် ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဦးထွန်းဝင်းက ပြောပါတယ်။

“လူ့အခွင့်အရေးကော်မရှင်ကို ပို့လိုက်တဲ့ စာကို ကျနော့်ဆီကို အဖြေရောက်လာတာပေါ့။ ဒီလူ့အခွင့်အရေး ကော်မရှင်က ကာကွယ်ရေးဝန်ကြီးဌာနကို ကျနော်တို့ တိုင်ကြားထားတဲ့ကိစ္စတွေကိုတခုချင်း သူလှမ်းမေးတယ်လို့ ကျနော်တို့ သိရတာပေ့ါနော်။ အဲဒီစာထဲမှာတော့ ဖြစ်စဉ်တခုချင်းကို တပ်ကဖြေထားတဲ့အဖြေတွေကို သူတို့က ကျနော်တို့ကို ဒီလိုဖြေပါတယ်ဆိုပြီးမှ Record ပြန်လုပ်တဲ့အဖြေတွေပေါ့ဗျာ။ တပ်ဘက်က သူတွေငြင်းထားတာပေါ့။ အောက်ခြေမှာ ဒီလိုဖြစ်စဉ်တွေ မဖြစ်ပါဘူးလို့ ဒီလိုလုပ်ရပ်တွေ မရှိပါဘူးလို့ ဒီလိုပဲ ငြင်းထားတယ်၊ ခြေပထားတဲ့ပုံစံပေါ့။”

မတ်လတုန်းက တင်းမရွာသစ်နဲ့ တင်းမကြီးကျေးရွာက ဒေသခံတွေကို ဖမ်းဆီးတာမရှိကြောင်း၊ ဖေဖော်ဝါရီလ အတွင်းက မုန့်သန်းပြင် ကျေးရွာအနီးတစ်ဝိုက်မှာ စစ်ဆင်ရေးဆောင်ရွက်တာမရှိခဲ့တာကြောင့် အိမ်ခြေ ၅၀၊ မူလတန်းကျောင်းနဲ့ ဘုန်းကြီးကျောင်းတွေပါ ပျက်စီးခဲ့တဲ့ မီးလောင်မှုဟာ တပ်မတော်ရဲ့လက်ချက်မဟုတ်ကြောင်း ငြင်းဆန်ခဲ့တာဖြစ်ပါတယ်။ ဧပြီလက သရက်တပင်ကျေးရွာကနေ ထွက်လာတဲ့ တပ်မတော်စစ်ကြောင်းကို ကျောက်တော်-ငါးယောက်ကိုင်း လမ်းပိုင်းမှာ မိုင်းခွဲတိုက်ခိုက်ခံခဲ့ရပြီး နောက်ဆက်တွဲ တိုက်ပွဲတွေအတွင်း ဗုံးခိုကျင်းမှာ ပုန်းနေတဲ့ရွာသား ၅ ဦး သေဆုံးမှု၊ အုတ်ဖုတ်လုပ်ငန်းလုပ်နေသူ ၇ ဦးဒဏ်ရာရရှိမှုတွေ အပါအဝင် တိုင်ကြားချက်မှာ ပါဝင်တဲ့ စွပ်စွဲချက်တွေကို တပ်မတော်က ကျူးလွန်ခြင်းမရှိကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက တုံ့ပြန်ခဲ့တယ်လို့လည်း အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ကနေ ရခိုင်ပြည်နယ်က လွှတ်တော်ကိုယ်စားလှယ်တွေကို အကြောင်းပြန်တဲ့စာမှာ ဖေါ်ပြခဲ့တာပါ။

ရခိုင်ဒေသ လူ့အခွင့်အရေးချိုးဖေါက်ခံရမှု စွပ်စွဲချက်တွေအပေါ် ကာကွယ်ရေးဝန်ကြီးဌာနရဲ့ တုံ့ပြန်ချက်နဲ့ ပတ်သက်လို့ ပိုမိုသိရှိနိုင်ဖို့ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ညွှန်ကြားရေးမှူးချုပ် ဦးဘုန်းကြွယ်ကို မေးမြန်းရာမှာတော့ အသေးစိတ်မသိကြောင်း ပြောပါတယ်။

“Case ကိုင်တဲ့သူမဟုတ်တော့ အသေးစိတ်မသိဘူး။ ကျနော်တို့ဆီမှာ တိုင်စာက ထောင်နဲ့ချီရှိနေတာကိုး။”

ကျောက်တော်မြို့နယ်မှာ တပ်မတော်နဲ့ AA လက်နက်ကိုင်အဖွဲ့ကြား စစ်ရေးပဋိပက္ခတွေအတွင်း ဒေသခံတွေ လူ့အခွင့်အရေး ချိုးဖေါက်ခံရတဲ့ အခြေအနေတွေကို ကျောက်တော်မြို့နယ်က လွှတ်တော်ကိုယ်စားလှယ် ၄ ဦးက ဦးဆောင်ပြီး မတ်လကစ လူ့အခွင့်အရေးကော်မရှင်ကို တိုင်ကြားခဲ့ကြတာပါ။

ဒါပေမဲ့လည်း ကော်မရှင်ကိုယ်တိုင် စစ်ဆေးတာ မရှိဘဲ တပ်မတော်ရဲ့ တုံ့ပြန်ချက်ကိုသာ ပေးပို့လာတာဟာ လက်ခံနိုင်စရာ မရှိဘူးလို့ တိုင်ကြားရာမှာ ပါဝင်သူတဦးဖြစ်တဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးထွန်းဝင်းက ပြောပါတယ်။

“လူ့အခွင့်အရေးကော်မရှင်ကတော့ ကိုယ်တိုင်ခံစားနေရတဲ့သူတွေကို မေးမြန်းတာတို့ စာထဲမှာပါနေတဲ့လူတွေ အပေါ်မှာ လိုအပ်စစ်ဆေးမှုတွေ လုပ်တာတို့ မေးမြန်းတာတို့ပေါ့လေ တခုခုလုပ်တဲ့ အနေအထားမျိုးတော့ တခုမှ ကျနော်တို့ မတွေ့သေးဘူး။ တဘက်ကိုလှမ်းမေးပြီးတော့မှ တဘက်ကပြောလိုက်တာနဲ့ကို အခြေအနေဖြစ်နေတာပေါ့ဗျာ။ အားရစရာမရှိဘူး။”

ပြီးခဲ့တဲ့နိုဝင်ဘာလ ၂၇ ရက်နေ့က ပြုလုပ်ခဲ့တဲ့ တပ်မတော်သတင်းစာ ရှင်းလင်းပွဲမှာတော့ သံသယနဲ့ ဖမ်းဆီးခြင်းခံထားရတဲ့ အရပ်သားတွေ ပြန်လည်လွတ်မြောက်ရေးအတွက် သက်သေအထောက်အထားနဲ့ သက်ဆိုင်ရာ ရဲစခန်းတွေမှာ တိုက်ချက်ဖွင့်နိုင်ကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောဆိုထားပါတယ်။

ဒါပေမဲ့လည်း မတ်လတုန်းက ကျောက်တော်မြို့နယ် တင်းမကြီးကျေးရွာသား ၁ဝ ဦးနှင့် တင်းမသစ်ရွာမှ ၈ ဦးတို့ကို တပ်မတော်စစ်ကြောင်းတစ်ခုက ဖမ်းဆီးခေါ်ဆောင်သွားပြီး အခုထိ ပြန်မလွတ်လာသေးတာကြောင့် သက်ဆိုင်ရာ ရဲစခန်းကို တိုင်ကြားခဲ့ပေမဲ့ တစ်စုံတစ်ရာ ထူးခြားမှုမရှိသေးဘူးလို့ မိသားစုဝင်တွေကပြောပါတယ်။

ရခိုင်ပြည်နယ်မှာ ၂ နှစ်နီးပါးကြာ လက်နက်ကိုင် ပဋိပက္ခတွေအတွင်း ကလေးငယ်တွေ အပါအဝင် ဒေသခံတွေ ထိခိုက်သေကြေမှုတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေအပေါ် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းကလည်း စိုးရိမ်တဲ့ သဘောထားတွေကို ပြောဆိုထားကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG