[Zawgyi/Unicode]
ဘဂၤလားေဒ့ရွ္ႏုိင္ငံ၊ Cox's Bazar ေဒသ ဒုကၡသည္စခန္းေတြထဲက ႐ိုဟင္ဂ်ာဒုကၡသည္ေတြကို Bhasan Char ကၽြန္းေပၚ ေျပာင္းေရႊ႕မယ့္အေရး လူ႔အခြင့္အေရးအဖြဲ႔ေတြက ကန္႔ကြက္ေနတဲ့ၾကားမွာပဲ ဒီကေန႔မွာေတာ့ ဒုကၡသည္ ၁,၆၀၀ ေက်ာ္ ေျပာင္းသြားၾကပါၿပီ။ ဒီအေပၚမွာ စခန္းေတြထဲ က်န္ခဲ့သူေတြက ဘယ္လိုျမင္ၾကပါသလဲ ... သေဘာထားအျမင္တခ်ဳိ႕ကို မဆုမြန္က စုစည္းတင္ျပထားပါတယ္။
Bhashan Char ကၽြန္း ဆိုတာကေတာ့ ျမန္မာႏုိင္ငံက တိမ္းေရွာင္ထြက္ေျပးလာၾကတဲ့ ႐ိုဟင္ဂ်ာဒုကၡသည္ သိန္းနဲ႔ခ်ီ ခိုလံႈေနထိုင္တဲ့ လူဦးေရ ထူထပ္မ်ားျပားလြန္းလွတဲ့ ဒုကၡသည္စခန္းေတြထဲက ဒုကၡသည္တခ်ိဳ႕ကို ေရႊ႕ေျပာင္းေနရာခ်ထားဖို႔ဘဂၤလားေဒ့ရွ္အစိုးရက စီစဥ္ထားတဲ့ ပင္လယ္ထဲက ကၽြန္းတကၽြန္းျဖစ္ပါတယ္။
ဒါေပမဲ့လည္း ဒီကေန႔ ဒီဇင္ဘာလ ၄ ရက္ေန႔ ေန႔လည္ ၂ နာရီ ဝန္းက်င္မွာေတာ့ အဲ့ဒီ့ ဘာဆန္ခ်ာကၽြန္းဆီကို ရိုဟင္ဂ်ာဒုကၡသည္ေပါင္း ၁,၆၄၂ ေယာက္ စတင္ဆုိက္ေရာက္သြားၿပီျဖစ္ပါတယ္။ ဘာဆန္ခ်ာကၽြန္းကို ဘဂၤလားေဒ့ရွ္အစိုးရ အစီအစဥ္နဲ႔ အရင္တေခါက္ သြားေလ့လာခဲ့တဲ့ စခန္းေခါင္းေဆာင္၊ ဘာသာေရးေခါင္းေဆာင္ေတြထဲက ဘာလုခါလီစခန္း (၁) ရဲ႕ေခါင္းေဆာင္ အရင္ ေမာင္ေတာၿမိဳ႕နယ္ ေတာင္ၿပိဳလက္ဝဲရြာက အထက္တန္းျပဆရာ ဆရာႏုရ္မာမတ္ကေတာ့ စခန္းထဲက ဒုကၡသည္ေတြဟာ ဘယ္သူရဲ႕တိုက္တြန္း ဖိအားေပးမႈမွ မပါဘဲ ကိုယ့္သေဘာ ကိုယ့္ဆႏၵနဲ႔ ထြက္ခြာသြားၾကတာလို႔ဆိုပါတယ္။
"အခု ဘာဆန္ခ်ာကၽြန္းဆိုတဲ့ေနရာကို သြားလိုက္တဲ့ မိသားစုေတြကေတာ့ သူတို႔သေဘာနဲ႔ သူတို႔သြားခဲ့တာ။ က်ေနာ္တို႔ ဘာမွမေျပာဘူး။ သူတို႔သေဘာနဲ႔သူတို႔ သြားတဲ့အတြက္ေၾကာင့္ က်ေနာ္တို႔လည္း ၾကားဝင္ၿပီး ဘာမွေျပာစရာ အေၾကာင္းမရွိလုိ႔ က်ေနာ္တို႔လည္း မဟန္႔တားဘူး။ ဘဂၤလားေဒ့ရွ္အစိုးရကလည္း ေျပာထားတယ္ ဘာဆန္ခ်ာကၽြန္း ဆိုတဲ့ေနရာက သူတို႔အတြက္ အဆင္ေျပမယ္။ သူတို႔ ရွင္းျပတဲ့အတြက္ သူတို႔နားလည္သြားတယ္။ နားလည္သြားလို႔ သူတို႔ေရာက္သြားတာနဲ႔ အဆင္ေျပမလား၊ မေျပဘူးလား သူတို႔ပဲသိမယ္။ ဘဂၤလားေဒ့ရွ္အစိုးရက က်ေနာ္တို႔ကိုေျပာထားတာကေတာ့ သူတို႔ဟိုမွာ လိုအပ္တဲ့ ဟာေတြျဖည့္စြမ္းမယ္။ အကုန္လံုး အဆင္ေျပေအာင္ လုပ္ေပးမယ္ အဲ့ဒီလို ကတိေပးထားတယ္။ သူတို႔ ကေတာ့ အခုအဲဒီ့ေနရာကိုေရာက္သြားၿပီ။ သူတို႔တပတ္ေလာက္ၾကာမွ သူတို႔အေျခအေန ဘယ္လိုလဲ သိရမယ္။ အခုေလာေလာဆယ္ေတာ့ မသိရဘူး။ က်ေနာ္တို႔ေတာ့ ဘာမွ တိုက္တြန္းတာမရွိဘူး။"
ကုတုပေလာင္ဒုကၡသည္စခန္း အမွတ္ (၇) မွာ ေနထိုင္တဲ့ေစတနာ့ဝန္ထမ္း ရိုဟင္ဂ်ာ ဒုကၡသည္တဦးျဖစ္တဲ့ ဦးေအာင္ၿမိဳင္ကေတာ့ အခုကၽြန္းဆီကို လုိက္သြားၾကတဲ့ ဒုကၡသည္ေတြဟာ အမွန္တကယ္ပဲ သူတို႔သေဘာဆႏၵနဲ႔သြားၾကတာ ဟုတ္၊ မဟုတ္ အေသအခ်ာ စံုစမ္းစစ္ေဆးေစခ်င္ပါတယ္။
"အခုပါသြားတာ လူေပါင္း ၁,၆၄၂ ဦးပါ မိသားစုက ၄၀၀ ပါ။ ဟိုးမွာ ကၽြန္းကိုေရာက္သြားရင္ ဒီလိုမ်ိဳး တိုက္အိမ္ေတြရွိတယ္။ ဆိုင္ကလုန္းစင္တာေတြရွိတယ္။ ဘာမွျဖစ္မွာမဟုတ္ဘူး၊ ပိုက္ဆံလည္းရမယ္၊ ေမြးျမဴေရးေတြလည္းလုပ္ရမယ္၊ ဟိုမွာ ဒီမွာလည္း သြားလို႔ရမယ္ အဲ့ဒီလိုမ်ိဳး သူတို႔ကို စည္းရံုးတာရွိတယ္။ စည္းရံုးၿပီးေတာ့ အခုသြားတယ္ဆိုတာကလည္း သြားတဲ့သူတုိင္းက ကိုယ့္စိတ္ဆႏၵနဲ႔ သြားတယ္လို႔ က်ေနာ္တို႔က လက္ခံလို႔မရဘူး။ က်ေနာ္တို႔က ဒီကိစၥကို အခုသြားေနၾကတဲ့လူေတြက တကယ့္ သူတို႔စိတ္ဆႏၵနဲ႔ သြားသလား မသြားသလားဆိုတာကို က်ေနာ္တို႔ ဒုကၡသည္ေတြဘက္က ေကာ္မတီတခုေပါ့ေနာ္။ၿပီးေတာ့ UN ေနာက္ လူ႔အခြင့္အေရးအဖြဲ႔ေတြ အဲ့လိုအဖြဲ႔တခု စနစ္တက်ဖြဲ႔စည္းၿပီးေတာ့ ဒီအဖြဲ႔ကေန တဆင့္ အဲ့ဒီ့လူေတြ တကယ္သြားတာလား မသြားခ်င္ဘဲနဲ႔ အက်ပ္ကိုင္ၿပီးေတာ့ ေခၚသြားတာလား အဲ့ဒီ့ဟာေလးကို ေမးရမွာပါ။ စံုစမ္းရမွာပါ ေလ့လာရမွာပါ။"
က်န္ခဲ့တဲ့ ရိုဟင္ဂ်ာစခန္းထဲက ရိုဟင္ဂ်ာအမ်ိဳးသမီးတဦးကေတာ့ သူမအေနနဲ႔ ဘာဆန္ခ်ာကၽြန္းကိုသြားဖို႔ စိတ္ကူး လံုးဝမရွိပါဘူးလို႔ ဆိုပါတယ္။
"မလိုက္ဘူး။ ငါတုိ႔ ဘာျဖစ္လို႔သြားမွာလဲ အဲ့ဒီ့မွာ။ ငါတို႔ျမန္မာျပည္ကုိပဲ ငါတို႔သြားမွာေပါ့ ဘာဆန္ခ်ာကၽြန္းကို မသြားဘူး။ မသြားခ်င္ဘူးေလ... ငါတို႔ေနရာလား၊ ငါတို႔ေနတဲ့ေနရာလည္း မဟုတ္ဘူးေလ။ ငါတို႔ေမြးတဲ့ေနရာလည္း မဟုတ္ဘူးေလ.. ဘာျဖစ္လို႔ အဲ့ဒီ့ေနရာကို သြားေနၾကရမွာလဲ။"
ဘာလုခါလီ ဒုကၡသည္စခန္း အမွတ္ ၉ မွာေနတဲ့ ရိုဟင္ဂ်ာဒုကၡသည္ ဦးအီစလံေခၚ ဦးေက်ာ္ျမင့္ကေတာ့ သူတို႔ ဘာလုခါလီကမ့္ထဲကေန ကိုယ္တုိင္ပါသြားတဲ့ ရိုဟင္ဂ်ာဒုကၡသည္ ဦးအီနုတ္နဲ႔ အဆက္အသြယ္ရၿပီး ေနာက္ဆံုး သူသိရသေလာက္ အေျခအေနကို ေျပာျပပါတယ္။
"မေန႔က ဒီမွာ ဘတ္စ္ကားၾကီး ၁၀ စီးနဲ႔ သူတို႔ က အသုတ္လုိက္ သူတို႔ကို ပထမUkhia ၿမိဳ႕ကိုေခၚသြားတယ္၊ Ukhia ကေန စစ္ေဆးၿပီးေတာ့ စစ္တေကာင္းၿမိဳ႕ကိုသယ္ေဆာင္သြားခဲ့တယ္။ စစ္တေကာင္းၿမိဳ႕ကေန ဆိပ္ကမ္းၿမိဳ႕ကေန ဘာဆန္ခ်ာသြားမယ္၊ ဒီကေန႔မနက္မွာေတာ့ ဘာဆန္ခ်ာကၽြန္းဆီကို ဆိုက္ေရာက္သြားၿပီလို႔ ဘာလုခါလီဒုကၡသည္စခန္းက အီႏုတ္ေျပာတာ က်ေနာ္တို႔ ၾကားခဲ့ရတယ္။ မိသားစုအလုိက္ သူတို႔ကို တဦးကို ဒါကာေငြ ၅,၀၀၀ က်ပ္ ေထာက္ပံ့ေပးမယ္လို႔ ေျပာသြားတယ္။ ဘာဆန္ခ်ာကၽြန္းကိုေရာက္သြားတဲ့သူေတြကို အလုပ္အကိုင္ဖန္တီးေပးမယ္။ ေနာက္ စီးပြားေရးေသာ္လည္းေကာင္း စိုက္ပ်ိဳးေရးလုပ္ငန္းေသာ္လည္းေကာင္း အသက္ေမြးဝမ္းေက်ာင္းေတြကို အစိုးရဘက္က ဖန္တီးေပးမယ္လို႔ စခန္းတာဝန္ခံေတြက ေျပာျပခဲ့တာရွိပါတယ္ခင္ဗ်။ အဓိကကေတာ့ ရိုဟင္ဂ်ာဒုကၡသည္ေတြဟာ ၃ ႏွစ္ေက်ာ္၊ ၄ နွစ္နီးပါးေလာက္ရွိၾကၿပီ။ ျမန္မာႏုိင္ငံကိုျပန္ဖို႔အစီအစဥ္ကလည္း မေတြ႔ရတဲ့အတြက္ေၾကာင့္ လူေတြရဲ႕ ကံၾကမၼာကိုေျပာင္းလဲႏုိင္မလား ဆိုၿပီး လူေတြရဲ႕စိတ္ေသာက ခံစားခ်က္အမ်ိဳးမ်ိဳးနဲ႔ ဒုကၡသည္စခန္းေတြထဲမွာ ၾကပ္ညပ္သိပ္ၿပီးေတာ့ေနရတယ္ အလုပ္အကိုင္ကလည္းမရွိသေလာက္ျဖစ္ေနေတာ့ ဘာဆန္ခ်ာကၽြန္းကို မိမိဆႏၵအေလ်ာက္ သြားေနၾကတာျဖစ္ႏုိင္ပါတယ္ခင္ဗ်။"
Bhasan Char ကၽြန္းကို ေျပာင္းေရႊ႕တာနဲ႔ပတ္သက္လို႔ ဒုကၡသည္ေတြအေနနဲ႔ သတင္းအခ်က္အလက္ ေသခ်ာသိၿပီး လြတ္လြတ္လပ္လပ္ ဆံုးျဖတ္ခ်က္ခ်တာမ်ဳိး ျဖစ္ရမယ္လုိ႔ ဒုကၡသည္မ်ားဆိုင္ရာ ကုလသမဂၢ မဟာမင္းႀကီး႐ံုး (UNHCR) က ဒီကေန႔ေျပာပါတယ္။
ဒုကၡသည္ေတြ ကၽြန္းကို ေျပာင္းေရႊ႕တာဟာ သူတို႔သေဘာဆႏၵအရ ေျပာင္းေရႊ႕တာ ျဖစ္ရပါေစမယ္လုိ႔ ဘဂၤလားေဒ့ရွ္က အခိုင္အမာေျပာထားတဲ့အတိုင္း လုပ္ေဆာင္ဖို႔ UNCHR က ဘဂၤလားေဒ့ရွ္ကို ေတာင္းဆိုထားတဲ့အေၾကာင္း UNHCR ေျပာခြင့္ရ Babar Baloch က ဂ်ီနီဗာမွာလုပ္တဲ့ သတင္းစာရွင္းလင္းပြဲအတြင္း ေျပာသြားပါတယ္။
ဒီကၽြန္းဟာ ဒုကၡသည္ေတြေနထိုင္ေရး ေဘးကင္းၿပီး ေရရွည္ခုိင္မာတဲ့ ေနရာတစ္ခု ဟုတ္မဟုတ္ဆိုတဲ့ အေျခအေနေတြကို ဘဂၤလားေဒ့ရွ္အစိုးရက ခြင့္ျပဳမယ္ဆိုရင္ ဆန္းစစ္ေလ့လာသြားဖုိ႔ UNHCR အေနနဲ႔ အဆင္သင့္ရွိတယ္လို႔လည္း ေျပာခြင့္ရ Babar Baloch ကေျပာပါတယ္။
အရင္ ဘာဆန္ခ်ာကၽြန္းကို ပို႔ခံထားရတဲ့ ေလွစီးေျပးဒုကၡသည္ ၃၀၀ ေက်ာ္ ဆက္မေနခ်င္လို႔ ဒုကၡသည္စခန္းေတြဆီ ပုိ႔ေဆာင္ေပးဖို႔ ေတာင္းဆိုခဲ့တုန္း ကေတာ့ ဘဂၤလားေဒ့ရွ္အစိုးရဘက္က ကၽြန္းေပၚကလူေတြကို ျမန္မာျပည္ကုိပဲ ျပန္ပို႔ေဆာင္မွာျဖစ္တယ္လို႔ ေျပာဆိုထားပါတယ္။ လက္ရွိမွာေတာ့ ရိုဟင္ဂ်ာဆိုတဲ့အသံုးကို လက္မခံထားတဲ့ ျမန္မာႏိုင္ငံအစိုးရကို ဘဂၤလားေဒ့ရွ္အစုိးရဘက္က ဒီဒုကၡသည္ေတြ ျပန္လည္ေခၚေဆာင္ဖို႔ တိုက္တြန္းေနပါတယ္။
[Unicode Version]
ရိုဟင်ဂျာဒုက္ခသည်တချို့ Bhasan Char ကျွန်းပြောင်းတဲ့အပေါ် ကျန်လူတွေရဲ့အမြင်
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ Cox's Bazar ဒေသ ဒုက္ခသည်စခန်းတွေထဲက ရိုဟင်ဂျာဒုက္ခသည်တွေကို Bhasan Char ကျွန်းပေါ် ပြောင်းရွှေ့မယ့်အရေး လူ့အခွင့်အရေးအဖွဲ့တွေက ကန့်ကွက်နေတဲ့ကြားမှာပဲ ဒီကနေ့မှာတော့ ဒုက္ခသည် ၁,၆၀၀ ကျော် ပြောင်းသွားကြပါပြီ။ ဒီအပေါ်မှာ စခန်းတွေထဲ ကျန်ခဲ့သူတွေက ဘယ်လိုမြင်ကြပါသလဲ ... သဘောထားအမြင်တချို့ကို မဆုမွန်က စုစည်းတင်ပြထားပါတယ်။
Bhashan Char ကျွန်း ဆိုတာကတော့ မြန်မာနိုင်ငံက တိမ်းရှောင်ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာဒုက္ခသည် သိန်းနဲ့ချီ ခိုလှုံနေထိုင်တဲ့ လူဦးရေ ထူထပ်များပြားလွန်းလှတဲ့ ဒုက္ခသည်စခန်းတွေထဲက ဒုက္ခသည်တချို့ကို ရွှေ့ပြောင်းနေရာချထားဖို့ဘင်္ဂလားဒေ့ရှ်အစိုးရက စီစဉ်ထားတဲ့ ပင်လယ်ထဲက ကျွန်းတကျွန်းဖြစ်ပါတယ်။
ဒါပေမဲ့လည်း ဒီကနေ့ ဒီဇင်ဘာလ ၄ ရက်နေ့ နေ့လည် ၂ နာရီ ဝန်းကျင်မှာတော့ အဲ့ဒီ့ ဘာဆန်ချာကျွန်းဆီကို ရိုဟင်ဂျာဒုက္ခသည်ပေါင်း ၁,၆၄၂ ယောက် စတင်ဆိုက်ရောက်သွားပြီဖြစ်ပါတယ်။ ဘာဆန်ချာကျွန်းကို ဘင်္ဂလားဒေ့ရှ်အစိုးရ အစီအစဉ်နဲ့ အရင်တခေါက် သွားလေ့လာခဲ့တဲ့ စခန်းခေါင်းဆောင်၊ ဘာသာရေးခေါင်းဆောင်တွေထဲက ဘာလုခါလီစခန်း (၁) ရဲ့ခေါင်းဆောင် အရင် မောင်တောမြို့နယ် တောင်ပြိုလက်ဝဲရွာက အထက်တန်းပြဆရာ ဆရာနုရ်မာမတ်ကတော့ စခန်းထဲက ဒုက္ခသည်တွေဟာ ဘယ်သူရဲ့တိုက်တွန်း ဖိအားပေးမှုမှ မပါဘဲ ကိုယ့်သဘော ကိုယ့်ဆန္ဒနဲ့ ထွက်ခွာသွားကြတာလို့ဆိုပါတယ်။
"အခု ဘာဆန်ချာကျွန်းဆိုတဲ့နေရာကို သွားလိုက်တဲ့ မိသားစုတွေကတော့ သူတို့သဘောနဲ့ သူတို့သွားခဲ့တာ။ ကျနော်တို့ ဘာမှမပြောဘူး။ သူတို့သဘောနဲ့သူတို့ သွားတဲ့အတွက်ကြောင့် ကျနော်တို့လည်း ကြားဝင်ပြီး ဘာမှပြောစရာ အကြောင်းမရှိလို့ ကျနော်တို့လည်း မဟန့်တားဘူး။ ဘင်္ဂလားဒေ့ရှ်အစိုးရကလည်း ပြောထားတယ် ဘာဆန်ချာကျွန်း ဆိုတဲ့နေရာက သူတို့အတွက် အဆင်ပြေမယ်။ သူတို့ ရှင်းပြတဲ့အတွက် သူတို့နားလည်သွားတယ်။ နားလည်သွားလို့ သူတို့ရောက်သွားတာနဲ့ အဆင်ပြေမလား၊ မပြေဘူးလား သူတို့ပဲသိမယ်။ ဘင်္ဂလားဒေ့ရှ်အစိုးရက ကျနော်တို့ကိုပြောထားတာကတော့ သူတို့ဟိုမှာ လိုအပ်တဲ့ ဟာတွေဖြည့်စွမ်းမယ်။ အကုန်လုံး အဆင်ပြေအောင် လုပ်ပေးမယ် အဲ့ဒီလို ကတိပေးထားတယ်။ သူတို့ ကတော့ အခုအဲဒီ့နေရာကိုရောက်သွားပြီ။ သူတို့တပတ်လောက်ကြာမှ သူတို့အခြေအနေ ဘယ်လိုလဲ သိရမယ်။ အခုလောလောဆယ်တော့ မသိရဘူး။ ကျနော်တို့တော့ ဘာမှ တိုက်တွန်းတာမရှိဘူး။"
ကုတုပလောင်ဒုက္ခသည်စခန်း အမှတ် (၇) မှာ နေထိုင်တဲ့စေတနာ့ဝန်ထမ်း ရိုဟင်ဂျာ ဒုက္ခသည်တဦးဖြစ်တဲ့ ဦးအောင်မြိုင်ကတော့ အခုကျွန်းဆီကို လိုက်သွားကြတဲ့ ဒုက္ခသည်တွေဟာ အမှန်တကယ်ပဲ သူတို့သဘောဆန္ဒနဲ့သွားကြတာ ဟုတ်၊ မဟုတ် အသေအချာ စုံစမ်းစစ်ဆေးစေချင်ပါတယ်။
"အခုပါသွားတာ လူပေါင်း ၁,၆၄၂ ဦးပါ မိသားစုက ၄၀၀ ပါ။ ဟိုးမှာ ကျွန်းကိုရောက်သွားရင် ဒီလိုမျိုး တိုက်အိမ်တွေရှိတယ်။ ဆိုင်ကလုန်းစင်တာတွေရှိတယ်။ ဘာမှဖြစ်မှာမဟုတ်ဘူး၊ ပိုက်ဆံလည်းရမယ်၊ မွေးမြူရေးတွေလည်းလုပ်ရမယ်၊ ဟိုမှာ ဒီမှာလည်း သွားလို့ရမယ် အဲ့ဒီလိုမျိုး သူတို့ကို စည်းရုံးတာရှိတယ်။ စည်းရုံးပြီးတော့ အခုသွားတယ်ဆိုတာကလည်း သွားတဲ့သူတိုင်းက ကိုယ့်စိတ်ဆန္ဒနဲ့ သွားတယ်လို့ ကျနော်တို့က လက်ခံလို့မရဘူး။ ကျနော်တို့က ဒီကိစ္စကို အခုသွားနေကြတဲ့လူတွေက တကယ့် သူတို့စိတ်ဆန္ဒနဲ့ သွားသလား မသွားသလားဆိုတာကို ကျနော်တို့ ဒုက္ခသည်တွေဘက်က ကော်မတီတခုပေါ့နော်။ပြီးတော့ UN နောက် လူ့အခွင့်အရေးအဖွဲ့တွေ အဲ့လိုအဖွဲ့တခု စနစ်တကျဖွဲ့စည်းပြီးတော့ ဒီအဖွဲ့ကနေ တဆင့် အဲ့ဒီ့လူတွေ တကယ်သွားတာလား မသွားချင်ဘဲနဲ့ အကျပ်ကိုင်ပြီးတော့ ခေါ်သွားတာလား အဲ့ဒီ့ဟာလေးကို မေးရမှာပါ။ စုံစမ်းရမှာပါ လေ့လာရမှာပါ။"
ကျန်ခဲ့တဲ့ ရိုဟင်ဂျာစခန်းထဲက ရိုဟင်ဂျာအမျိုးသမီးတဦးကတော့ သူမအနေနဲ့ ဘာဆန်ချာကျွန်းကိုသွားဖို့ စိတ်ကူး လုံးဝမရှိပါဘူးလို့ ဆိုပါတယ်။
"မလိုက်ဘူး။ ငါတို့ ဘာဖြစ်လို့သွားမှာလဲ အဲ့ဒီ့မှာ။ ငါတို့မြန်မာပြည်ကိုပဲ ငါတို့သွားမှာပေါ့ ဘာဆန်ချာကျွန်းကို မသွားဘူး။ မသွားချင်ဘူးလေ... ငါတို့နေရာလား၊ ငါတို့နေတဲ့နေရာလည်း မဟုတ်ဘူးလေ။ ငါတို့မွေးတဲ့နေရာလည်း မဟုတ်ဘူးလေ.. ဘာဖြစ်လို့ အဲ့ဒီ့နေရာကို သွားနေကြရမှာလဲ။"
ဘာလုခါလီ ဒုက္ခသည်စခန်း အမှတ် ၉ မှာနေတဲ့ ရိုဟင်ဂျာဒုက္ခသည် ဦးအီစလံခေါ် ဦးကျော်မြင့်ကတော့ သူတို့ ဘာလုခါလီကမ့်ထဲကနေ ကိုယ်တိုင်ပါသွားတဲ့ ရိုဟင်ဂျာဒုက္ခသည် ဦးအီနုတ်နဲ့ အဆက်အသွယ်ရပြီး နောက်ဆုံး သူသိရသလောက် အခြေအနေကို ပြောပြပါတယ်။
"မနေ့က ဒီမှာ ဘတ်စ်ကားကြီး ၁၀ စီးနဲ့ သူတို့ က အသုတ်လိုက် သူတို့ကို ပထမUkhia မြို့ကိုခေါ်သွားတယ်၊ Ukhia ကနေ စစ်ဆေးပြီးတော့ စစ်တကောင်းမြို့ကိုသယ်ဆောင်သွားခဲ့တယ်။ စစ်တကောင်းမြို့ကနေ ဆိပ်ကမ်းမြို့ကနေ ဘာဆန်ချာသွားမယ်၊ ဒီကနေ့မနက်မှာတော့ ဘာဆန်ချာကျွန်းဆီကို ဆိုက်ရောက်သွားပြီလို့ ဘာလုခါလီဒုက္ခသည်စခန်းက အီနုတ်ပြောတာ ကျနော်တို့ ကြားခဲ့ရတယ်။ မိသားစုအလိုက် သူတို့ကို တဦးကို ဒါကာငွေ ၅,၀၀၀ ကျပ် ထောက်ပံ့ပေးမယ်လို့ ပြောသွားတယ်။ ဘာဆန်ချာကျွန်းကိုရောက်သွားတဲ့သူတွေကို အလုပ်အကိုင်ဖန်တီးပေးမယ်။ နောက် စီးပွားရေးသော်လည်းကောင်း စိုက်ပျိုးရေးလုပ်ငန်းသော်လည်းကောင်း အသက်မွေးဝမ်းကျောင်းတွေကို အစိုးရဘက်က ဖန်တီးပေးမယ်လို့ စခန်းတာဝန်ခံတွေက ပြောပြခဲ့တာရှိပါတယ်ခင်ဗျ။ အဓိကကတော့ ရိုဟင်ဂျာဒုက္ခသည်တွေဟာ ၃ နှစ်ကျော်၊ ၄ နှစ်နီးပါးလောက်ရှိကြပြီ။ မြန်မာနိုင်ငံကိုပြန်ဖို့အစီအစဉ်ကလည်း မတွေ့ရတဲ့အတွက်ကြောင့် လူတွေရဲ့ ကံကြမ္မာကိုပြောင်းလဲနိုင်မလား ဆိုပြီး လူတွေရဲ့စိတ်သောက ခံစားချက်အမျိုးမျိုးနဲ့ ဒုက္ခသည်စခန်းတွေထဲမှာ ကြပ်ညပ်သိပ်ပြီးတော့နေရတယ် အလုပ်အကိုင်ကလည်းမရှိသလောက်ဖြစ်နေတော့ ဘာဆန်ချာကျွန်းကို မိမိဆန္ဒအလျောက် သွားနေကြတာဖြစ်နိုင်ပါတယ်ခင်ဗျ။"
Bhasan Char ကျွန်းကို ပြောင်းရွှေ့တာနဲ့ပတ်သက်လို့ ဒုက္ခသည်တွေအနေနဲ့ သတင်းအချက်အလက် သေချာသိပြီး လွတ်လွတ်လပ်လပ် ဆုံးဖြတ်ချက်ချတာမျိုး ဖြစ်ရမယ်လို့ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး (UNHCR) က ဒီကနေ့ပြောပါတယ်။
ဒုက္ခသည်တွေ ကျွန်းကို ပြောင်းရွှေ့တာဟာ သူတို့သဘောဆန္ဒအရ ပြောင်းရွှေ့တာ ဖြစ်ရပါစေမယ်လို့ ဘင်္ဂလားဒေ့ရှ်က အခိုင်အမာပြောထားတဲ့အတိုင်း လုပ်ဆောင်ဖို့ UNCHR က ဘင်္ဂလားဒေ့ရှ်ကို တောင်းဆိုထားတဲ့အကြောင်း UNHCR ပြောခွင့်ရ Babar Baloch က ဂျီနီဗာမှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောသွားပါတယ်။
ဒီကျွန်းဟာ ဒုက္ခသည်တွေနေထိုင်ရေး ဘေးကင်းပြီး ရေရှည်ခိုင်မာတဲ့ နေရာတစ်ခု ဟုတ်မဟုတ်ဆိုတဲ့ အခြေအနေတွေကို ဘင်္ဂလားဒေ့ရှ်အစိုးရက ခွင့်ပြုမယ်ဆိုရင် ဆန်းစစ်လေ့လာသွားဖို့ UNHCR အနေနဲ့ အဆင်သင့်ရှိတယ်လို့လည်း ပြောခွင့်ရ Babar Baloch ကပြောပါတယ်။
အရင် ဘာဆန်ချာကျွန်းကို ပို့ခံထားရတဲ့ လှေစီးပြေးဒုက္ခသည် ၃၀၀ ကျော် ဆက်မနေချင်လို့ ဒုက္ခသည်စခန်းတွေဆီ ပို့ဆောင်ပေးဖို့ တောင်းဆိုခဲ့တုန်း ကတော့ ဘင်္ဂလားဒေ့ရှ်အစိုးရဘက်က ကျွန်းပေါ်ကလူတွေကို မြန်မာပြည်ကိုပဲ ပြန်ပို့ဆောင်မှာဖြစ်တယ်လို့ ပြောဆိုထားပါတယ်။ လက်ရှိမှာတော့ ရိုဟင်ဂျာဆိုတဲ့အသုံးကို လက်မခံထားတဲ့ မြန်မာနိုင်ငံအစိုးရကို ဘင်္ဂလားဒေ့ရှ်အစိုးရဘက်က ဒီဒုက္ခသည်တွေ ပြန်လည်ခေါ်ဆောင်ဖို့ တိုက်တွန်းနေပါတယ်။