သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာဒုက္ခသည် ၁,၆၀၀ ကျော် Bhasan Char ကျွန်း ပြောင်းရွှေ့


Bhasan Char ကျွန်းသို့ Rohingya ဒုက္ခသည်တွေ ပြောင်းရွှေ့တဲ့ မြင်ကွင်း။ (ဒီဇင်ဘာ ၀၄၊ ၂၀၂၀)
Bhasan Char ကျွန်းသို့ Rohingya ဒုက္ခသည်တွေ ပြောင်းရွှေ့တဲ့ မြင်ကွင်း။ (ဒီဇင်ဘာ ၀၄၊ ၂၀၂၀)

[Zawgyi/Unicode]

ဘင်္ဂလားဒေ့ရှ်အစိုးရက နိုင်ငံတွင်းမှာရှိတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တချို့ကို ဘာဆန်ချာကျွန်းကို ဒီနေ့ စတင်ပို့ဆောင်နေပြီဖြစ်ပါတယ်။ ဒုက္ခသည်တွေကို အဲဒီကျွန်းကိုပို့မယ်အစီအစဉ်ကို ရပ်တန့်ဖို့ လူ့အခွင့်အရေးအဖွဲ့တွေက တောင်းဆိုနေပေမယ့်လည်း ဘင်္ဂလားဒေ့ရှ်အစိုးရက ဒီနေ့မှာ စတင်ပို့ဆောင်လိုက်တာဖြစ်ပါတယ်။ Cox’s Bazar ဒေသမှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေထဲက ဦးရေ ၁,၆၀၀ ကျော်ကို တင်ဆောင်ထားတဲ့ ဘင်္ဂလားဒေ့ရှ်ရေတပ်သင်္ဘော ၇ စင်းဟာ ဘာဆန်ချာကျွန်းကို ဒီနေ့ မနက်ပိုင်းက ထွက်ခွာပြီး နေ့လယ်ပိုင်းမှာ ရောက်သွားပါပြီ။

ဒုက္ခသည်တွေအတွက် အစားအစာတွေနဲ့ တခြားလိုအပ်တဲ့အရာတွေကို တင်ထားတဲ့ နောက်ထပ် သင်္ဘောနှစ်စင်းလည်းပါပါတယ်။

ဒါ့အပြင် နောက်ထပ် ဒုက္ခသည်ထောင်ပေါင်းများစွာကိုလည်း လာမယ့်ရက်ပိုင်းတွေအတွင်း ဘာဆန်ချာကျွန်းကို ပို့ဆောင်ဖို့အတွက် စီစဉ်နေတယ်လို့ အမည်မဖော်လိုတဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရတာဝန်ရှိသူတဦးက ဗွီအိုအေကို ပြောပါတယ်။

ဒီအဆင့်မှာ ဒုက္ခသည် ၂,၅၀၀ လောက် ဘာဆန်ချာကျွန်းကို အောင်မြင်စွာ ပို့ဆောင်နိုင်ဖို့ မျှော်လင့်ထားပြီး လာမယ့် သီတင်းပတ်တွေ လပိုင်းတွေအတွင်း နောက်ထပ် ဒုက္ခသည်ထောင်ပေါင်းများစွာကို ဘာဆန်ချာကျွန်းကို ထပ်မံရွှေ့ပြောင်းပေးနိုင်ဖို့ မျှော်လင့်တယ်လို့ သူက ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး A.K. Abdul Momen ကတော့ ဘယ်ဒုက္ခသည်တဦးတယောက်ကိုမှ အဲဒီကျွန်းကို အတင်းအကြပ်ရွှေ့ပြောင်းခိုင်းတာ မဟုတ်ဘူးလို့ ပြောပါတယ်။

“သူတို့ဆန္ဒအလျောက်သွားဖို့ သဘောတူတဲ့သူတွေကိုပဲ အဲဒီကိုပို့ဆောင်ပေးတာဖြစ်ပြီး Cox’s Bazar က လူတွေပြည့်ကြပ်နေတဲ့ ဒုက္ခသည်စခန်းတွေမှာဆိုရင် သူတို့ဟာ အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်နေရပါတယ်။ ဘာဆန်ချာကျွန်းမှာတော့ သူတို့အနေနဲ့ သေချာပေါက် ပိုပြီးတော့ အဆင်ပြေမှာဖြစ်တယ်။" လို့ နိုင်ငံခြားရေးဝန်ကြီး Abdul Momen က ပြောပါတယ်။

လူ့အခွင့်အရေးအဖွဲ့ အတော်များများကတော့ ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့ ဒီအစီအစဉ်ကို ရပ်တန့်ဖို့နဲ့ ဒီကျွန်းအနေနဲ့ ဒုက္ခသည်တွေကို လက်ခံနိုင်စွမ်းရှိမရှိဆိုတာကို စုံစမ်းဖို့ သီးခြားလွတ်လပ်တဲ့ ကျွမ်းကျင်တဲ့အဖွဲ့တခုကို စေလွှတ်ဖို့ တောင်းဆိုထားပါတယ်။

ရိုဟင်ဂျာဒုက္ခသည် ၁,၆၀၀ ကျော် Bhasan Char ကျွန်း ပြောင်းရွှေ့
please wait

No media source currently available

0:00 0:01:17 0:00
တိုက်ရိုက် လင့်ခ်

[Unicode Version]









XS
SM
MD
LG