သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

Cox's Bazar က ဒုကၡသည္ေတြ Bhasan Char ကၽြန္းေပၚ စတင္ေျပာင္းေရႊ႕


ရိုဟင္ဂ်ာဒုကၡသည္မ်ားကို ဘတ္စ္ကားနဲ႔ Bhasan Char ကၽြန္းဆီ ပို႔ေဆာင္တဲ့ ျမင္ကြင္း။ (ဒီဇင္ဘာ ၀၃၊ ၂၀၂၀)

[Zawgyi/Unicode]

ဘဂၤလားေဒ့ရွ္ႏုိင္ငံက ဒုကၡသည္စခန္းေတြမွာ ေနထုိင္ေနၾကတဲ့ ႐ုိဟင္ဂ်ာမြတ္ဆလင္ေတြကို ဘဂၤလားေဒ့ရွ္အစိုးရက Bhasan Char ကၽြန္းကို စတင္ေျပာင္းေရႊ႕ေနၿပီျဖစ္ပါတယ္။ ဘဂၤလားေဒ့ရွ္အာဏာပိုင္ေတြက Cox’s Bazar ေဒသက ဒုကၡသည္စခန္းေတြမွာရွိတဲ့ ႐ုိဟင္ဂ်ာဒုကၡသည္ေတြထဲက ၄၀၀ ေက်ာ္ကို ဘာဆန္ခ်ာကၽြန္းကို ပို႔ဖို႔အတြက္ ဘတ္စ္ကား ၁၀ စင္းထက္မနည္းနဲ႔ တင္ေဆာင္ၿပီး စစ္တေကာင္းဆိပ္ကမ္းကို ဒီကေန႔မွာ စတင္ပို႔ေဆာင္ခဲ့တာျဖစ္ပါတယ္။

အဲဒီကၽြန္းကိုသြားမယ့္ လူ ၄၀၀ ေက်ာ္ကို ဘတ္စ္ကား ၁၀ စင္းနဲ႔ တင္ေဆာင္သြားတယ္လို႔ Cox’s Bazar ေဒသ ရဲတပ္ဖဲြ႔အႀကီးအကဲ Ahmed Sunjur Morshed က AFP သတင္းဌာနကို ေျပာပါတယ္။

အဲဒီဒုကၡသည္ေတြကို စစ္တေကာင္းဆိပ္ကမ္းကေန ဘဂၤလားေဒ့ရွ္စစ္တပ္ရဲ႕ ကမ္းတက္စစ္ေရယာဥ္နဲ႔ ဘာဆန္ခ်ာကၽြန္းကို မနက္ျဖန္ ေသာၾကာေန႔မွာ ပို႔ေဆာင္သြားမွာျဖစ္တယ္လို႔ အာဏာပိုင္ေတြက ေျပာပါတယ္။ အခုေလာေလာဆယ္ ပထမအဆင့္အေနနဲ႔ ဘဂၤလားေဒ့ရွ္အာဏာပိုင္ေတြဘက္က အဲဒီကၽြန္းကို ဒုကၡသည္ ၂,၅၀၀ ေလာက္ ပို႔ေဆာင္သြားဖို႔ စီစဥ္ေနတယ္လို႔လည္း ေျပာပါတယ္။ ဒုကၡသည္စခန္းေတြမွာေတာ့ ေနာက္ထပ္ ဘတ္စ္ကားေတြ အေတာ္မ်ားမ်ားဆက္ေစာင့္ေနတယ္လို႔ AFP က ေျပာပါတယ္။ ဒါေပမဲ့ ေနာက္ထပ္ဒုကၡသည္ေတြ သြား၊ မသြားဆုိတာေတာ့ ရွင္းရွင္းလင္းလင္း မသိရေသးဘဲ အာဏာပိုင္ေတြဟာ ဒုကၡသည္ေတြကို သူတုိ႔ရဲ႕ဆႏၵမပါဘဲ အတင္းအၾကပ္ သြားခုိင္းေနတယ္လို႔ လူ႔အခြင့္အေရးအဖဲြ႔ေတြက စြပ္စဲြေျပာဆုိေနပါတယ္။

ဒုကၡသည္ေတြကို အခုလို ဘာဆန္ခ်ာကၽြန္းကို ပို႔ေဆာင္မယ့္အစီအစဥ္ကို ရပ္တန္႔ဖို႔ လူ႔အခြင့္အေရးအဖဲြ႔ေတြကလည္း ဘဂၤလားေဒ့ရွ္အစိုးကို ဒီကေန႔ တုိက္တြန္းလိုက္ပါတယ္။ အခုလုိဒုကၡသည္ေတြကို ေရႊ႕ေျပာင္းေနရခ်ထားတဲ့အစီအစဥ္မွာ သူတုိ႔ပါ၀င္ပတ္သက္မႈမရွိသလို သတင္းေတြလည္း အကန္႔အသတ္နဲ႔ပဲ ရရွိတယ္လို႔ ဘဂၤလားေဒ့ရွ္ႏုိင္ငံမွာ ရွိတဲ့ ကုလသမဂၢရုံးရဲ႕ ဒီေန႔ေၾကျငာခ်က္ထဲမွာ ေျပာလိုက္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

Cox's Bazar က ဒုက္ခသည်တွေ Bhasan Char ကျွန်းပေါ် စတင်ပြောင်းရွှေ့

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေကြတဲ့ ရိုဟင်ဂျာမွတ်ဆလင်တွေကို ဘင်္ဂလားဒေ့ရှ်အစိုးရက Bhasan Char ကျွန်းကို စတင်ပြောင်းရွှေ့နေပြီဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေက Cox’s Bazar ဒေသက ဒုက္ခသည်စခန်းတွေမှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေထဲက ၄၀၀ ကျော်ကို ဘာဆန်ချာကျွန်းကို ပို့ဖို့အတွက် ဘတ်စ်ကား ၁၀ စင်းထက်မနည်းနဲ့ တင်ဆောင်ပြီး စစ်တကောင်းဆိပ်ကမ်းကို ဒီကနေ့မှာ စတင်ပို့ဆောင်ခဲ့တာဖြစ်ပါတယ်။

အဲဒီကျွန်းကိုသွားမယ့် လူ ၄၀၀ ကျော်ကို ဘတ်စ်ကား ၁၀ စင်းနဲ့ တင်ဆောင်သွားတယ်လို့ Cox’s Bazar ဒေသ ရဲတပ်ဖွဲ့အကြီးအကဲ Ahmed Sunjur Morshed က AFP သတင်းဌာနကို ပြောပါတယ်။

အဲဒီဒုက္ခသည်တွေကို စစ်တကောင်းဆိပ်ကမ်းကနေ ဘင်္ဂလားဒေ့ရှ်စစ်တပ်ရဲ့ ကမ်းတက်စစ်ရေယာဉ်နဲ့ ဘာဆန်ချာကျွန်းကို မနက်ဖြန် သောကြာနေ့မှာ ပို့ဆောင်သွားမှာဖြစ်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ အခုလောလောဆယ် ပထမအဆင့်အနေနဲ့ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေဘက်က အဲဒီကျွန်းကို ဒုက္ခသည် ၂,၅၀၀ လောက် ပို့ဆောင်သွားဖို့ စီစဉ်နေတယ်လို့လည်း ပြောပါတယ်။ ဒုက္ခသည်စခန်းတွေမှာတော့ နောက်ထပ် ဘတ်စ်ကားတွေ အတော်များများဆက်စောင့်နေတယ်လို့ AFP က ပြောပါတယ်။ ဒါပေမဲ့ နောက်ထပ်ဒုက္ခသည်တွေ သွား၊ မသွားဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးဘဲ အာဏာပိုင်တွေဟာ ဒုက္ခသည်တွေကို သူတို့ရဲ့ဆန္ဒမပါဘဲ အတင်းအကြပ် သွားခိုင်းနေတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက စွပ်စွဲပြောဆိုနေပါတယ်။

ဒုက္ခသည်တွေကို အခုလို ဘာဆန်ချာကျွန်းကို ပို့ဆောင်မယ့်အစီအစဉ်ကို ရပ်တန့်ဖို့ လူ့အခွင့်အရေးအဖွဲ့တွေကလည်း ဘင်္ဂလားဒေ့ရှ်အစိုးကို ဒီကနေ့ တိုက်တွန်းလိုက်ပါတယ်။ အခုလိုဒုက္ခသည်တွေကို ရွှေ့ပြောင်းနေရချထားတဲ့အစီအစဉ်မှာ သူတို့ပါဝင်ပတ်သက်မှုမရှိသလို သတင်းတွေလည်း အကန့်အသတ်နဲ့ပဲ ရရှိတယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရှိတဲ့ ကုလသမဂ္ဂရုံးရဲ့ ဒီနေ့ကြေငြာချက်ထဲမှာ ပြောလိုက်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG