သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရေသ့ေတာင္မွာ အဓမၼျပဳက်င့္ခဲ့တဲ့စစ္သား ၃ ဦးအမႈ ေရွ႕သီတင္းပတ္မွာ စီရင္ခ်က္ခ်မည္


ရခိုင္ျပည္နယ္ စစ္ေတြၿမိဳ႕မွာ ေတြ႔ရတဲ့ ျမန္မာတပ္မေတာ္သားမ်ား -(မွတ္တမ္းဓါတ္ပံု-ႏို၀င္ဘာ ၁၁ ရက္ေန႔ ၂၀၁၂)

[Zawgyi/Unicode]

ရခိုင္ျပည္နယ္ ရေသ့ေတာင္ၿမိဳ႕နယ္က ေဒသခံ အမ်ိဳးသမီးတစ္ဦးကို အဓမၼျပဳက်င့္ခဲ့တယ္လုိ႔ စြပ္စဲြထားတဲ့ တပ္မေတာ္သားသံုးဦးကို ေရွ႕သီတင္းပတ္မွာ စီရင္ခ်က္ခ်မယ့္အေၾကာင္း ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုသက္ႏိုင္က သတင္းေပးပို႔ထားပါတယ္။

လက္နက္ကိုင္ပဋိပကၡေတြ ႀကံဳခဲ့ရတဲ့ ရခိုင္ျပည္နယ္ေျမာက္ပိုင္း ရေသ့ေတာင္ၿမိဳ႕နယ္ ဦးဂါေက်းရြာမွာ ၿပီးခဲ့တဲ့ ဇြန္လ ၂၉ ရက္ေန႔က အသက္ ၃၀ ေက်ာ္အရြယ္ အမ်ိဳးသမီးတစ္ဦးကို တပ္မေတာ္သားသံုးဦးက ၿခိမ္းေျခာက္ၿပီး အဓမၼျပဳက်င့္ခဲ့တယ္ဆုိတဲ့ စြပ္စဲြခ်က္နဲ႔ ကာယကံရွင္ အမ်ိဳးသမီးက စစ္ေတြၿမိဳ႕မရဲစခန္းမွာ ဇူလိုင္လ ၁၀ ရက္ေန႔က အမႈဖြင့္ တုိင္ၾကားခဲ့ၿပီးေနာက္ အခုေနာက္ဆုံး အေရးယူဖုိ႔ စီစဥ္ေနတာ ျဖစ္ပါတယ္။

စြပ္စဲြခံရသူ တပ္မေတာ္သား သံုး ဦး ကုိယ္တုိင္ကလည္း မေန႔တုန္းက စစ္ေဆးရာမွာ အျပစ္က်ဳးလြန္ခဲ့ေၾကာင္း ၀န္ခံခဲ့တာေၾကာင့္ လာမယ့္ တနလၤာေန႔က်ရင္ စီရင္ခ်က္ခ်မွာျဖစ္ေၾကာင္း တရားလုိ အက်ဳိးေဆာင္ေရွ႕ေန ေဒၚျမသူဇာက ေျပာပါတယ္။

“ဒီဇင္ဘာလ ၃ ရက္ေန႔က တပ္မေတာ္သား သံုးဦးကို စစ္ေတြၿမိဳ႕ အက်ဥ္းစစ္တရားရံုး မွာ အက်ဥ္းခံုရံုးဖြဲ႔ၿပီးေတာ့ စစ္တယ္ေပါ့ေနာ္။ စစ္ေဆးတဲ့အခါ တပ္မေတာ္သား သံုးဦးကလည္း သူတို႔ က်ဴးလြန္တယ္ဆိုတာကို ဝင္ခံတယ္။ ဝင္ခံတဲ့ အတြက္ သူတို႔ကို ၁၉၅၉ခု တပ္မေတာ္ အက္ဥပေဒပုဒ္မ-၁၁၄ (က)ႀကီးအရ စြဲခ်က္တင္ပါတယ္။ စဲြခ်က္တင္တဲ့ အခါ တပ္မေတာ္ တစ္ဦးကို ပုဒ္မ ၃ခုနဲ႔ စြဲခ်က္တင္ၿပီးေတာ့ က်န္တဲ့ နွစ္ဦးကို ပုဒ္မ ၂ခုနဲ႔ စြဲခ်က္တင္ပါတယ္။”

ျပစ္မႉက်ဴးလြန္တဲ့ တပ္မေတာ္သား သံုး ဦးကို လာမည့္ ဒီဇင္ဘာလ ၁၁ ေန႔မွာ အမိန္႔ခ်မွာျဖစ္ၿပီး ျပစ္မႉက်ဴးလြန္ခဲ့တဲ့ တပ္မေတာ္သားသံုးဦးထဲက တစ္ဦးကို ပုဒ္မ သံုးခုနဲ႔ စြဲခ်က္တင္ခဲ့ၿပီး က်န္တဲ့ ႏွစ္ဦးကိုေတာ့ ပုဒ္မႏွစ္ခုနဲ႔ စြဲခ်က္တင္ထားေၾကာင္းလည္း တရားလႊတ္ေတာ္ ေရွ႕ေနေဒၚျမသူဇာက ေျပာပါတယ္။

“နယ္ဘက္ျပစ္မႉ ၃၇၆၊ တပ္မေတာ္အက္ဥပေဒ ပုဒ္မ ၇၁၊ နယ္ဖက္ျပစ္မႉ ၃၆၆ တပ္မေတာ္ အက္ဥပေဒ ပုဒ္မ ၇၁၊ တပ္မေတာ္အက္ဥပေဒပုဒ္မ ၃၅(င) တို႔နဲ႔ စြဲခ်က္တင္ခဲ့ၿပီး က်န္တဲ့ တစ္ဦးကို နယ္ဖက္ျပစ္မႉ ၃၇၆၊ တပ္မေတာ္ပက္ဥပေဒပုဒ္မ ၇၁ ၿပီးေတာ့ တပ္မေတာ္အက္ ဥပေဒပုဒ္မ ၄၇(၁)နဲ႔ စြဲခ်က္တင္တယ္။ ေနာက္တစ္ဦးကိုေတာ့ နယ္ဘက္ျပစ္မႉ ပုဒ္မ ၃၇၆ရယ္ တပ္မေတာ္အက္ဥပေဒ ပုဒ္မ ၇၁ ၿပီးေတာ့ တပ္မေတာ္အက္ဥပေဒပုဒ္မ ၄၇(၁)နဲ႔ စြဲခ်က္တင္ တယ္။”

ျမန္မာႏိုင္ငံအတြင္းက စစ္ေရးပဋိပကၡေတြ ရွိေနတဲ့ တိုင္းရင္းသားေဒသေတြမွာ တပ္မေတာ္ဘက္က အမ်ိဳးသမီးေတြအေပၚ အဓမၼက်ဳးလြန္းခဲ့တဲ့ အမႈေပါင္း ၂၀၁၀ ကေန ၂၀၁၄ ခုႏွစ္အထိ ၉၄ မႈရွိတယ္လို႔ အမ်ိဳးသမီးမ်ား အဖြဲ႔ခ်ဳပ္ (ျမန္မာႏိုင္ငံ)က ထုတ္ျပန္တဲ့ အစီရင္ခံစာထဲမွာ ေဖာ္ျပထားတယ္လုိ႔ ေနာ္ဆဲဆဲကေျပာတယ္။ ျပစ္မႉက်ဴးလြန္သူေတြကို ထိုက္တန္တဲ့ဘအျပစ္ေပးေစခ်င္တယ္လို႔လည္း အမ်ဳိးသမီးေရးလႈပ္ရွားေနတဲ့ အမ်ိဳးသမီးမ်ားအဖြဲ႔ခ်ဳပ္ (ျမန္မာႏိုင္ငံ) အဖဲြ႔ရဲ႕ အတြင္းေရးမွဴး ေနာ္ဆဲဆဲက ေျပာပါတယ္။

“က်မတိုု႔ သိရသေလာက္ဆိုရင္ တစ္ခ်ိဳ႕ေသာအမႉေတြက ဘာမွ တရားမရင္ဆိုင္ရဘဲနဲ႔ ဒီအတိုင္း ပဲထားခဲ့တယ္။ ၿပီးေတာ့ က်ဴးလြန္တဲ့သူေတြကိုလည္း ျပစ္ဒဏ္ကင္း လြတ္ခြင့္ ေပးတယ္ ေပါ့ေနာ္။ အခုရေသ့ေတာင္ၿမိဳ႕နယ္ ဦးဂါေက်းရြာက အမႉကေတာ့ တပ္မေတာ္သားေတြက ဝင္ခံတယ္လို႔ က်မတို႔ ၾကားရတယ္။ အမိန္႔ခ်မွတ္မွာက ၁၁ ရက္ေန႔ေပါ့ေနာ္ တစ္ဖက္မွာက တရားစီရင္ေရးအထိ ေရာက္ၿပီး ဝင္ခံခဲ့ေပမယ့္ တရားမွ်တမႉ ဘယ္ေလာက္ရွိမရွိ ဆိုတာကေတာ့ အဓိက က်တဲ့အပိုင္းေပါ့ေနာ္။ ၁၁ ရက္ေန႔မွာ သူတို႔ ဘယ္လိုျပစ္ဒဏ္ေပးမလဲ ဆိုတာကို ေစာင့္ၾကည့္ေနပါတယ္။ တကယ္က်ဴးလြန္တဲ့ သူေတြကို ထိုက္တန္တဲ့ အျပစ္ေပးေစခ်င္တယ္။ ၿပီးေတာ့ တကယ္က်ဴးလြန္တဲ့ ဒီစစ္ပြဲမွာ မဒိန္းက်င့္ခံရတာက မဒိန္းမႉတြင္မက စစ္ရာဇတ္မႉ ပါက်ဴးလြန္တဲ့ ရာဇဝတ္မႉေတြျဖစ္တယ္။ ထိုက္ထိုက္တန္တန္နဲ႔ အေရးယူ ေဆာင္ရြက္သင့္တယ္။ ျပစ္ဒဏ္ေပးသင့္တယ္ေပါ့ေနာ္။”

စစ္ေရးတင္းမာမႈေတြ ႀကံဳခဲ့ရတဲ့ ရခုိင္ျပည္နယ္မွာ အမ်ဳိးသမီးေတြအေပၚ လိင္ပုိင္းဆုိင္ရာ အႏုိင္က်င့္ ေစာ္ကားတာ အပါအ၀င္ လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈေတြ က်ဳးလြန္တဲ့ စြပ္စဲြမႈေတြ မၾကာခဏ ထြက္ေပၚေလ့ရွိေပမဲ့ ထိေရာက္တဲ့ အေရးယူမႈေတြ မရွိဘူးဆုိၿပီး ျပည္တြင္း၊ ျပည္ပ လူ႔အခြင့္အေရး လႈပ္ရွားသူေတြ ေ၀ဖန္ေနၾကတာပါ။ အခုအမႈမွာ ကာယကံရွင္ အမ်ဳိးသမီးအတြက္ အက်ဳိးေဆာင္ေပးေနတဲ့ ေရွ႕ေန ေဒၚျမသူဇာကေတာ့ ထုိက္သင့္တဲ့ျပစ္ဒဏ္ စီရင္မယ္လုိ႔ ေမွ်ာ္လင့္ေၾကာင္း ေျပာပါတယ္။

“က်မတို႔ကေတာ့ ျပည္သူလူထုနဲ႔ အတူနစ္နာတဲ့ အမ်ိဳးသမီးနဲ႔ အတူ လာမယ့္ ၁၁ ရက္ေန႔ ရံုးခ်ိန္းကို ေမွ်ာ္လင့္ေနပါတယ္။ နစ္နာတဲ့ အမ်ိဳးသမီးကလည္း သူ႔အေပၚမွာ က်ဴးလြန္ထားတဲ့ ျပစ္မႉနဲ႔ ညီမွ်ေအာင္ ျပစ္ဒဏ္ခ်မွေပးေစခ်င္တယ္။ ခ်မွတ္ေပးဖို႔အတြက္လည္း က်မတို႔ ေမ်ွာ္လင့္ေနပါတယ္။”

တပ္မေတာ္သား ၃ ဦး အမႈရင္ဆုိင္ေနရတဲ့ အေျခအေနနဲ႔ ပတ္သက္လုိ႔ ပုိမုိသိရွိႏုိင္ေအာင္ တပ္မေတာ္ ေျပာခြင့္ရသူကုိ ေမးျမန္းဖုိ႔ ႀကိဳးစားေပမဲ့ ဆက္သြယ္လုိ႔ မရခဲ့ပါဘူး

လြန္ခဲ့တဲ့ ၂၀၁၇ ခုႏွစ္တုန္းကလည္း ရခုိင္ျပည္နယ္ ေျမာက္ပုိင္းမွာ လုံၿခံဳေရးကင္းစခန္းေတြကုိ စီးနင္းတုိက္ ခုိက္ခဲ့တဲ့ ARSA ႐ုိဟင္ဂ်ာ အစြန္းေရာက္အုပ္စုကုိ လုိက္လံရွင္းလင္းခဲ့တဲ့ ျမန္မာလုံၿခံဳေရး တပ္ဖဲြ႔ေတြရဲ႕ စစ္ဆင္ေရး ေတြအတြင္း ႐ုိဟင္ဂ်ာ အမ်ဳိးသမီးေတြအေပၚ အဓမၼျပဳက်င့္မႈေတြ အပါအ၀င္ လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈေတြ အႀကီးအက်ယ္ က်ဳးလြန္ခဲ့ေၾကာင္း ကုလသမဂၢနဲ႔ ႏုိင္ငံတကာ လူ႔အခြင့္အေရး အဖဲြ႔ေတြက စြပ္စဲြခဲ့ဖူးပါတယ္။ ဒါေပမဲ့လည္း ႐ုိဟင္ဂ်ာဆုိတဲ့ အသုံးအႏႈန္းကုိ တရား၀င္ အသိအမွတ္မျပဳတဲ့ တပ္မေတာ္နဲ႔ ျမန္မာအစုိးရကေတာ့ ႏုိင္ငံတကာက စြပ္စဲြေနသေလာက္ လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈေတြ က်ဳးလြန္ခဲ့တာ မရွိေၾကာင္းနဲ႔ က်ဳးလြန္ခဲ့တဲ့ လုပ္ရပ္ေတြကုိလည္း စုံစမ္းေဖာ္ထုတ္ အေရးယူတာေတြ ရွိခဲ့ေၾကာင္း တုံ႔ျပန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


..............

[Unicode Version]

ရသေ့တောင်မှာ အဓမ္မပြုကျင့်ခဲ့တဲ့စစ်သား ၃ ဦးအမှု ရှေ့သီတင်းပတ်မှာ စီရင်ချက်ချမည်

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်က ဒေသခံ အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့တယ်လို့ စွပ်စွဲထားတဲ့ တပ်မတော်သားသုံးဦးကို ရှေ့သီတင်းပတ်မှာ စီရင်ချက်ချမယ့်အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုသက်နိုင်က သတင်းပေးပို့ထားပါတယ်။

လက်နက်ကိုင်ပဋိပက္ခတွေ ကြုံခဲ့ရတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်း ရသေ့တောင်မြို့နယ် ဦးဂါကျေးရွာမှာ ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက်နေ့က အသက် ၃၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးကို တပ်မတော်သားသုံးဦးက ခြိမ်းခြောက်ပြီး အဓမ္မပြုကျင့်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ကာယကံရှင် အမျိုးသမီးက စစ်တွေမြို့မရဲစခန်းမှာ ဇူလိုင်လ ၁၀ ရက်နေ့က အမှုဖွင့် တိုင်ကြားခဲ့ပြီးနောက် အခုနောက်ဆုံး အရေးယူဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။

စွပ်စွဲခံရသူ တပ်မတော်သား သုံး ဦး ကိုယ်တိုင်ကလည်း မနေ့တုန်းက စစ်ဆေးရာမှာ အပြစ်ကျုးလွန်ခဲ့ကြောင်း ဝန်ခံခဲ့တာကြောင့် လာမယ့် တနင်္လာနေ့ကျရင် စီရင်ချက်ချမှာဖြစ်ကြောင်း တရားလို အကျိုးဆောင်ရှေ့နေ ဒေါ်မြသူဇာက ပြောပါတယ်။

“ဒီဇင်ဘာလ ၃ ရက်နေ့က တပ်မတော်သား သုံးဦးကို စစ်တွေမြို့ အကျဉ်းစစ်တရားရုံး မှာ အကျဉ်းခုံရုံးဖွဲ့ပြီးတော့ စစ်တယ်ပေါ့နော်။ စစ်ဆေးတဲ့အခါ တပ်မတော်သား သုံးဦးကလည်း သူတို့ ကျူးလွန်တယ်ဆိုတာကို ဝင်ခံတယ်။ ဝင်ခံတဲ့ အတွက် သူတို့ကို ၁၉၅၉ခု တပ်မတော် အက်ဥပဒေပုဒ်မ-၁၁၄ (က)ကြီးအရ စွဲချက်တင်ပါတယ်။ စွဲချက်တင်တဲ့ အခါ တပ်မတော် တစ်ဦးကို ပုဒ်မ ၃ခုနဲ့ စွဲချက်တင်ပြီးတော့ ကျန်တဲ့ နှစ်ဦးကို ပုဒ်မ ၂ခုနဲ့ စွဲချက်တင်ပါတယ်။”

ပြစ်မှူကျူးလွန်တဲ့ တပ်မတော်သား သုံး ဦးကို လာမည့် ဒီဇင်ဘာလ ၁၁ နေ့မှာ အမိန့်ချမှာဖြစ်ပြီး ပြစ်မှူကျူးလွန်ခဲ့တဲ့ တပ်မတော်သားသုံးဦးထဲက တစ်ဦးကို ပုဒ်မ သုံးခုနဲ့ စွဲချက်တင်ခဲ့ပြီး ကျန်တဲ့ နှစ်ဦးကိုတော့ ပုဒ်မနှစ်ခုနဲ့ စွဲချက်တင်ထားကြောင်းလည်း တရားလွှတ်တော် ရှေ့နေဒေါ်မြသူဇာက ပြောပါတယ်။

“နယ်ဘက်ပြစ်မှူ ၃၇၆၊ တပ်မတော်အက်ဥပဒေ ပုဒ်မ ၇၁၊ နယ်ဖက်ပြစ်မှူ ၃၆၆ တပ်မတော် အက်ဥပဒေ ပုဒ်မ ၇၁၊ တပ်မတော်အက်ဥပဒေပုဒ်မ ၃၅(င) တို့နဲ့ စွဲချက်တင်ခဲ့ပြီး ကျန်တဲ့ တစ်ဦးကို နယ်ဖက်ပြစ်မှူ ၃၇၆၊ တပ်မတော်ပက်ဥပဒေပုဒ်မ ၇၁ ပြီးတော့ တပ်မတော်အက် ဥပဒေပုဒ်မ ၄၇(၁)နဲ့ စွဲချက်တင်တယ်။ နောက်တစ်ဦးကိုတော့ နယ်ဘက်ပြစ်မှူ ပုဒ်မ ၃၇၆ရယ် တပ်မတော်အက်ဥပဒေ ပုဒ်မ ၇၁ ပြီးတော့ တပ်မတော်အက်ဥပဒေပုဒ်မ ၄၇(၁)နဲ့ စွဲချက်တင် တယ်။”

မြန်မာနိုင်ငံအတွင်းက စစ်ရေးပဋိပက္ခတွေ ရှိနေတဲ့ တိုင်းရင်းသားဒေသတွေမှာ တပ်မတော်ဘက်က အမျိုးသမီးတွေအပေါ် အဓမ္မကျုးလွန်းခဲ့တဲ့ အမှုပေါင်း ၂၀၁၀ ကနေ ၂၀၁၄ ခုနှစ်အထိ ၉၄ မှုရှိတယ်လို့ အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ)က ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားတယ်လို့ နော်ဆဲဆဲကပြောတယ်။ ပြစ်မှူကျူးလွန်သူတွေကို ထိုက်တန်တဲ့ဘအပြစ်ပေးစေချင်တယ်လို့လည်း အမျိုးသမီးရေးလှုပ်ရှားနေတဲ့ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) အဖွဲ့ရဲ့ အတွင်းရေးမှူး နော်ဆဲဆဲက ပြောပါတယ်။

“ကျမတို့ သိရသလောက်ဆိုရင် တစ်ချို့သောအမှူတွေက ဘာမှ တရားမရင်ဆိုင်ရဘဲနဲ့ ဒီအတိုင်း ပဲထားခဲ့တယ်။ ပြီးတော့ ကျူးလွန်တဲ့သူတွေကိုလည်း ပြစ်ဒဏ်ကင်း လွတ်ခွင့် ပေးတယ် ပေါ့နော်။ အခုရသေ့တောင်မြို့နယ် ဦးဂါကျေးရွာက အမှူကတော့ တပ်မတော်သားတွေက ဝင်ခံတယ်လို့ ကျမတို့ ကြားရတယ်။ အမိန့်ချမှတ်မှာက ၁၁ ရက်နေ့ပေါ့နော် တစ်ဖက်မှာက တရားစီရင်ရေးအထိ ရောက်ပြီး ဝင်ခံခဲ့ပေမယ့် တရားမျှတမှူ ဘယ်လောက်ရှိမရှိ ဆိုတာကတော့ အဓိက ကျတဲ့အပိုင်းပေါ့နော်။ ၁၁ ရက်နေ့မှာ သူတို့ ဘယ်လိုပြစ်ဒဏ်ပေးမလဲ ဆိုတာကို စောင့်ကြည့်နေပါတယ်။ တကယ်ကျူးလွန်တဲ့ သူတွေကို ထိုက်တန်တဲ့ အပြစ်ပေးစေချင်တယ်။ ပြီးတော့ တကယ်ကျူးလွန်တဲ့ ဒီစစ်ပွဲမှာ မဒိန်းကျင့်ခံရတာက မဒိန်းမှူတွင်မက စစ်ရာဇတ်မှူ ပါကျူးလွန်တဲ့ ရာဇဝတ်မှူတွေဖြစ်တယ်။ ထိုက်ထိုက်တန်တန်နဲ့ အရေးယူ ဆောင်ရွက်သင့်တယ်။ ပြစ်ဒဏ်ပေးသင့်တယ်ပေါ့နော်။”

စစ်ရေးတင်းမာမှုတွေ ကြုံခဲ့ရတဲ့ ရခိုင်ပြည်နယ်မှာ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့် စော်ကားတာ အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျုးလွန်တဲ့ စွပ်စွဲမှုတွေ မကြာခဏ ထွက်ပေါ်လေ့ရှိပေမဲ့ ထိရောက်တဲ့ အရေးယူမှုတွေ မရှိဘူးဆိုပြီး ပြည်တွင်း၊ ပြည်ပ လူ့အခွင့်အရေး လှုပ်ရှားသူတွေ ဝေဖန်နေကြတာပါ။ အခုအမှုမှာ ကာယကံရှင် အမျိုးသမီးအတွက် အကျိုးဆောင်ပေးနေတဲ့ ရှေ့နေ ဒေါ်မြသူဇာကတော့ ထိုက်သင့်တဲ့ပြစ်ဒဏ် စီရင်မယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။

“ကျမတို့ကတော့ ပြည်သူလူထုနဲ့ အတူနစ်နာတဲ့ အမျိုးသမီးနဲ့ အတူ လာမယ့် ၁၁ ရက်နေ့ ရုံးချိန်းကို မျှော်လင့်နေပါတယ်။ နစ်နာတဲ့ အမျိုးသမီးကလည်း သူ့အပေါ်မှာ ကျူးလွန်ထားတဲ့ ပြစ်မှူနဲ့ ညီမျှအောင် ပြစ်ဒဏ်ချမှပေးစေချင်တယ်။ ချမှတ်ပေးဖို့အတွက်လည်း ကျမတို့ မျှော်လင့်နေပါတယ်။”

တပ်မတော်သား ၃ ဦး အမှုရင်ဆိုင်နေရတဲ့ အခြေအနေနဲ့ ပတ်သက်လို့ ပိုမိုသိရှိနိုင်အောင် တပ်မတော် ပြောခွင့်ရသူကို မေးမြန်းဖို့ ကြိုးစားပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး

လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ်တုန်းကလည်း ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ လုံခြုံရေးကင်းစခန်းတွေကို စီးနင်းတိုက် ခိုက်ခဲ့တဲ့ ARSA ရိုဟင်ဂျာ အစွန်းရောက်အုပ်စုကို လိုက်လံရှင်းလင်းခဲ့တဲ့ မြန်မာလုံခြုံရေး တပ်ဖွဲ့တွေရဲ့ စစ်ဆင်ရေး တွေအတွင်း ရိုဟင်ဂျာ အမျိုးသမီးတွေအပေါ် အဓမ္မပြုကျင့်မှုတွေ အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အကြီးအကျယ် ကျုးလွန်ခဲ့ကြောင်း ကုလသမဂ္ဂနဲ့ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့တွေက စွပ်စွဲခဲ့ဖူးပါတယ်။ ဒါပေမဲ့လည်း ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို တရားဝင် အသိအမှတ်မပြုတဲ့ တပ်မတော်နဲ့ မြန်မာအစိုးရကတော့ နိုင်ငံတကာက စွပ်စွဲနေသလောက် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျုးလွန်ခဲ့တာ မရှိကြောင်းနဲ့ ကျုးလွန်ခဲ့တဲ့ လုပ်ရပ်တွေကိုလည်း စုံစမ်းဖော်ထုတ် အရေးယူတာတွေ ရှိခဲ့ကြောင်း တုံ့ပြန်ထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG