သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ COVID-19 ကူးစက်သူ ၉၈,၀၄၇၊ သေဆုံးသူ ၂,၀၈၁ ဦးရှိပြီ


COVID-19 ကုသရေးဌာန၊ ဖောင်ကြီးရှိအထူးကြပ်မတ်ကုသဆောင်တွင် လူနာများကိုကုသမှုပေးနေတဲ့ မြင်ကွင်း။ (ဓာတ်ပုံ - MHSM - နိုဝင်ဘာ ၂၆၊ ၂၀၂၀)
COVID-19 ကုသရေးဌာန၊ ဖောင်ကြီးရှိအထူးကြပ်မတ်ကုသဆောင်တွင် လူနာများကိုကုသမှုပေးနေတဲ့ မြင်ကွင်း။ (ဓာတ်ပုံ - MHSM - နိုဝင်ဘာ ၂၆၊ ၂၀၂၀)

(Zawgyi / Unicode)

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း COVID-19 ရောဂါကူးစက်သူ ၁,၅၂၇ ဦး ထပ်တိုးပြီး သေဆုံးသူက ၂၂ ဦး ထပ်တိုးတဲ့အကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီကနေ့ည ထုတ်ပြန်ချက်ပါ သေဆုံးသူတွေထဲမှာ အယောက် ၂၀ က ရောဂါအခံရှိသူတွေ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဓာတ်ခွဲနမူနာပေါင်း ၂၃,၃၀၀ ခုကို စစ်ဆေးခဲ့တဲ့အထဲက အခုလို နောက်ထပ် ရောဂါပိုး ကူးစက်ထားသူတွေ တွေ့ရတာဖြစ်ပြီး ဒီကနေ့အထိဆိုရင် စစ်ဆေးခဲ့တဲ့ ဓာတ်ခွဲနမူနာပေါင်း ၁,၂၆၉,၈၂၄ ခု ရှိသွားပြီဖြစ်ပါတယ်။ အခုဆိုရင် ဓာတ်ခွဲစစ်ဆေးတဲ့ အရေအတွက်ဟာ နေ့စဉ်လို ပိုများလာပါတယ်။

သေဆုံးသူအရေအတွက်က ၂,၀၈၁ ဦး ရှိပြီဖြစ်ပြီး ရောဂါပိုး ကူးစက်သူပေါင်းကတော့ ၉၈,၀၄၇ ဦး ရှိသွားပါပြီ။

ဒီကနေ့ည ထုတ်ပြန်ချက်မှာ ဆေးရုံဆင်းခွင့်ရရှိသူ အရေအတွက် ၁,၄၀၉ ဦးရှိတယ်လို့ ဖော်ပြထားတာကြောင့် ရောဂါပျောက်ကင်းသွားသူပေါင်း ၇၆,၃၈၂ ဦး ရှိသွားပြီ ဖြစ်ပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန၊ သတင်းထုတ်ပြန်ရေးအဖွဲ့ဝင်၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက သူ့ရဲ့ဖေ့စ်ဘုတ်မှာ မကြာသေးခင် အချိန်ပိုင်းအတွင်းက ရေးထားတာအရဆိုရင် ဒီကနေ့ ဓာတ်ခွဲစစ်ဆေးတဲ့ နမူနာအရေအတွက် စုစုပေါင်းထဲမှာ ပိုးတွေ့သူ ၆.၅ ရာခိုင်နှုန်းရှိပြီး ပြန်ကောင်းလာသူ ၇၇.၉ ရာခိုင်နှုန်း၊ သေဆုံးနှုန်းက ၂.၁၂ ရာခိုင်နှုန်း ရှိပါတယ်။

သေဆုံးသူတွေထဲမှာ နောက်ခံရောဂါရှိသူက ၉၀.၉ ရာခိုင်နှုန်း ရှိတယ်လို့လည်း ဒေါက်တာခင်ခင်ကြီးက ရေးထားပါတယ်။

အခုအချက်အလက်တွေအရ ဒီရက်ပိုင်းတွေအတွင်း ပိုးတွေ့နှုန်းနဲ့ သေဆုံးနှုန်း အနည်းငယ်လျော့သွားပြီး ပြန်ကောင်းလာတဲ့နှုန်းက ဆက်တိုက်လို အနည်းငယ်စီ တိုးလာပါတယ်။ နောက်ခံရောဂါရှိသူ သေဆုံးနှုန်းကလည်း ပိုများလာတာ တွေ့ရပါတယ်။

ဒါပေမယ့် ရောဂါပိုးကူးစက်မှုဟာ စိုးရိမ်စရာ အခြေအနေမှာပဲ ရှိနေသေးပြီး လူထုအနေနဲ့ ကပ်ရောဂါ ကာကွယ်တားဆီးရေးဆိုင်ရာ လမ်းညွှန်ချက်တွေကို အတိအကျလိုက်နာကြဖို့ တာဝန်ရှိသူတွေက တိုက်တွန်းနေပါတယ်။

--------------------

(Unicode)











XS
SM
MD
LG