သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗြိတိန် ကိုဗစ်ကာကွယ်ဆေးထိုးမှု စတင်ပြင်ဆင်


ကိုဗစ်ကာကွယ်ဆေးလို့ ရေးထားတဲ့ ပုလင်းတခု။ (နိုဝင်ဘာ ၂၃၊ ၂၀၂၀)
ကိုဗစ်ကာကွယ်ဆေးလို့ ရေးထားတဲ့ ပုလင်းတခု။ (နိုဝင်ဘာ ၂၃၊ ၂၀၂၀)

[Zawgyi/Unicode]

ဗြိတိန်နိုင်ငံမှာ ကိုဗစ်ကာကွယ်ဆေးကို နက်ဖြန် အင်္ဂါနေ့မှာ စတင်ထိုးနိုင်ဖို့ ပြင်ဆင်မှုတွေလုပ်နေကြပါတယ်။ Pfizer နဲ့ BioNTech တို့ ပူးတွဲထုတ်လုပ်တဲ့ ကိုဗစ် ကာကွယ်ဆေးတွေ နိုင်ငံတဝန်းက ဆေးရုံတွေဆီ တနင်္ဂနွေနေ့ထဲက စတင်ရောက်ရှိလာနေပါတယ်။ Pfizer ၊BioNTech ကိုဗစ်ကာကွယ်ဆေးတွေ ပထမဆုံးရရှိတဲ့ Croydon မြို့ ဆေးရုံတခုရဲ့ ဆေးဝါးဆိုင်ရာ တဝန်ရှိသူက သိပ်ဝမ်းသာစရာဖြစ်တယ်လို့ ခုလို ပြောကြားပါတယ်။

အနုတ် ၇၀ ဒီဂရီ Celsius လောက်အေးတဲ့နေရာမှာ ထားရတဲ့ ဆေးတွေကို ကိုယ့်လက်နဲ့ ကိုင်မထားနိုင်ပေမဲ့ ဗြိတိန်မှာတင်မဟုတ်ဘဲ ကမ္ဘာမှာပါ ပထမဆုံး ထိုးရမယ့်ဆေးတွေဖြစ်တာကြောင့် မယုံနိုင်အောင်ဖြစ်ရကြောင်းနဲ့ ဂုဏ်ယူကြောင်း Croydon မြို့ဆေးရုံက ဆေးဝါးဆိုင်ရာအကြီးအကဲ Louise Coughlan ကပြောကြားခဲ့တာဖြစ်ပါတယ်။ ဗြိတိန်ကျန်းမာရေးဝန်ဆောင်မှု NHS ရဲ့ အစီအစဉ်နဲ့ နက်ဖြန်ကစပြီး ပထမအသုတ် ကိုဗစ်ကာကွယ်ဆေးကို အသက် ၈၀ ကျော် သက်ကြီးရွယ်အိုတွေ၊ လူနာတွေကို ပြုစုစောင့်ရှောက်နေရတဲ့ ကျန်းမာရေးဝန်ထမ်းတွေ၊ ကျန်းမာရေးစောင့်ရှောက်မှု ပေးနေရတဲ့လူအိုရုံတွေက ဘိုးဘွားတွေနဲ့ ဝန်ထမ်းတွေကို ထိုးပေးမှာ ဖြစ်ပါတယ်။

ဗြိတိန်နိုင်ငံတဝန်းက လူ ၈၀၀,၀၀၀ ကို ပထမသီတင်းပတ်ထဲမှာ ထိုးပေးနိုင်မယ်လို့ မေ ျှာ်လင့်ထားပါတယ်။ ကိုဗစ်ကာကွယ်ဆေးက တယောက်ကို ၂ ကြိမ်ထိုးဖို့ လိုအပ်ပါတယ်။ စမ်းသပ်စစ်ဆေးမှုမှာ ၉၅% လောက် ထိရောက်အောင်မြင်တဲ့ Pfizer-BioNTech ကိုဗစ်ကာကွယ်ဆေးတွေကို သုံးစွဲခွင့်ပြုဖို့ ဗြိတိန်အစိုးရက ပြီးခဲ့တဲ့ သီတင်းပတ်ထဲ ခွင့်ပြုခဲ့ပြီးနောက် Belgium နိုင်ငံဆေးစက်ရုံက ထုတ်လုပ်တဲ့ ကိုဗစ်ကာကွယ်ဆေးတွေ ဗြိတိန်နိုင်ငံကို ရောက်ရှိလာတာ ဖြစ်ပါတယ်။ ဗြိတိန်နိုင်ငံက Pfizer-BioNTech ကိုဗစ်ကာကွယ်ဆေး စုစုပေါင်း သန်း ၄၀ ဝယ်ယူထားပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]





XS
SM
MD
LG