သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဗစ်ကာကွယ်ဆေး ကမ္ဘာတဝန်း အလားအလာကောင်း


ကိုဗစ်ကာကွယ်ဆေးပုလင်းတခု။ (ဇူလိုင် ၂၇၊ ၂၀၂၀)
ကိုဗစ်ကာကွယ်ဆေးပုလင်းတခု။ (ဇူလိုင် ၂၇၊ ၂၀၂၀)

[Zawgyi/Unicode]

ဗြိတိန်မှာ ဒီကနေ့ COVID-19 ကာကွယ်ဆေးစပြီး ထိုးနှံပေးလိုက်တာနဲ့အတူ တခြားနိုင်ငံတွေမှာလည်း အလားတူ COVID-19 ကာကွယ်ဆေး ထိုးပေးဖို့ အခြေအနေတွေက နီးစပ်နေပြီဖြစ်ပါတယ်။

တောင်ကိုရီးယားနိုင်ငံက Pfizer/BioNTech ဆေးကုမ္ပဏီရဲ့ ကာကွယ်ဆေးတွေနဲ့ အတူ ဗြိတိန်အခြေစိုက် AstraZeneca နဲ့ အမေရိကန် Johnson & Johnson နဲ့ Moderna ဆေးကုမ္ပဏီတွေကနေ ကာကွယ်ဆေး ၆၄ သန်း မှာယူထားပြီးဖြစ်တယ်လို့ ပြောပါတယ်။

ကနေဒါနိုင်ငံကလည်း ဒီ Pfizer/BioNTech ရဲ့ ကာကွယ်ဆေး ပထမအသုတ်ကို ဒီဇင်ဘာလကုန်ပိုင်းလောက်မှာ စပြီးရမယ်လို့ တနင်္လာနေ့က ပြောပါတယ်။ လကုန်မှာ ဆေး ၂၄၉,၀၀၀ ရောက်မှာ ဖြစ်ပြီး နောက်ထပ် ၃,၀၀၀,၀၀၀ က နောက်နှစ်အစောပိုင်းလောက်မှာရလိမ့်မယ်လို့ ဝန်ကြီးချုပ် Justin Trudeau ကပြောပါတယ်။

နိုင်ငံအတော်များများမှာ ကာကွယ်ဆေးတွေ ထိုးနှံပေးဖို့ ပြင်ဆင်နေတဲ့ အချိန်မှာပဲ လူတွေကို ကိုယ်တိုင် သဘောဆန္ဒမပါဘဲ ဆေးမထိုးမနေရ မသတ်မှတ်ဖို့အတွက် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ (WHO) က သတိပေးထားပါတယ်။ ပြည်သူတွေ ကာကွယ်ဆေးကို ယုံကြည်လက်ခံ ထိုးနှံဖို့ နိုင်ငံအစိုးရတွေအနေနဲ့ လုပ်ဆောင်ကြဖို့ WHO က တိုက်တွန်းနေပေမဲ့ ဆေးမထိုးမနေရ သတ်မှတ်တာကတော့ မှန်ကန်တဲ့ ချဉ်းကပ်မှုမျိုးမဟုတ်ဘူးလို့ ကျန်းမာရေးပညာရှင်တွေက သတိပေးနေတာပါ။

တကမ္ဘာလုံးအတိုင်းအတာနဲ့ အခုထိ COVID-19 ကူးစက်သူ ၆၇.၆ သန်းနဲ့ သေဆုံးသူက ၁.၅ သန်းရှိပါတယ်။ Johns Hopkins တက္ကသိုလ် စာရင်းတွေအရ အမေရိကန်က ကူးစက်သူ ၁၄.၉ သန်း၊ သေဆုံးသူ ၂၈၃,၇၀၀ ကျော်နဲ့ တကမ္ဘာလုံးမှာ ကူးစက်မှုနှုန်း အများဆုံးဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]







XS
SM
MD
LG