သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Biden အစိုးရသစ်အတွက် ကျန်းမာရေး တာဝန်ယူမယ့် အဖွဲ့ဝင်တွေ ကြေညာ


(Zawgyi/Unicode)

အမေရိကန် ရွေးကောက်ခံ သမ္မတ Joe Biden က သူ့အစိုးရလက်ထက် ကျန်းမာရေးဆိုင်ရာ တာဝန်ယူဖို့ ရွေးချယ်ထားသူတွေကို တနလာၤနေ့မှာ ထုတ်ပြန်ပါတယ်။ နိုင်ငံရဲ့ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဘေး တိုက်ဖျက်ရေး၊ နောက် လာမယ့်လပိုင်းတွေ အတွင်း သန်းပေါင်းများစွာသော ကာကွယ်ဆေးထိုး လုပ်ငန်းတွေကို ကြီးကြပ်ရမယ့် ကျန်းမာရေးနဲ့ လူမှုဝန်ထမ်းဌာန ဝန်ကြီး အဖြစ် လွှတ်တော် အမတ်ဟောင်း Xavier Becerra ကို ရွေးချယ်ထားပါတယ်။ မစ္စတာ Becerra က လက်ရှိမှာ ကယ်လီဖိုးနီးယားပြည်နယ် ရှေ့နေချုပ် ဖြစ်ပါတယ်။

ကူးစက်ရောဂါ ဆိုင်ရာ ထိပ်တန်း ပညာရှင် ဒေါက်တာ Anthony Fauci ကိုေတော့ COVID-19 အရေး အကြံပေး အရာရှိချုပ် အဖြစ် ရွေးချယ်ထားပါတယ်။ ဓာတ်မတည့်မှုနဲ့ ကူးစက်မြန် ရောဂါများဆိုင်ရာ အမျိုးသား ဌာနကြီးရဲ့ ညွှန်ကြားရေးမှူး အဖြစ်လည်း ဒေါက်တာ Fauci ဆက်လက် တာဝန်ယူဖို့လည်း ပြောဆိုထားပါတယ်။

အရင် သမ္မတ Barack Obama လက်ထက် ၂၀၁၄ ခုနှစ်ကနေ ၂၀၁၇ ခုနှစ် အထိ အများပြည်သူ ကျန်းမာရေးဆိုင်ရာ တပ်ဖွဲ့ အကြီးအကဲ အဖြစ် တာဝန်ယူခဲ့တဲ့ ဒေါက်တာ Vivek Murthy ကို မူလ ရာထူး အတွက် ပြန်လည် ရွေးချယ်ထားပါတယ်။

မန်ဆာချူးဆက် ပြည်နယ်ရဲ့ ဗိုင်းရပ်စ် စမ်းသပ်မှု၊ ကာကွယ်ရေးနဲ့ ကုသရေးဆိုင်ရာ ထိပ်တန်း ပညာရှင် ဒေါက်တာ Rochelle Walensky ကိုတော့ အမေရိကန် CDC ကူးစက်ရောဂါ ထိန်းချုပ် ကာကွယ်ရေး ဌာန ညွှန်ကြားရေးမှူး အဖြစ် ရွေးချယ်ထားပါတယ်။ သူမဟာဆိုရင် Havard ဆေးကျောင်းက ဆေးဘက်ဆိုင်ရာ ပါမောက္ခ ဖြစ်သလို မန်ဆာချူးဆက် အထွေထွေ ဆေးရုံကြီးရဲ့ ကူးစက်ရောဂါများဆိုင်ရာ အကြီးအကဲလည်း ဖြစ်ပါတယ်။

အမေရိကန်ရဲ့ လူမျိုးစုရေးရာ နဲ့ တိုင်းရင်း မျိုးနွယ် အုပ်စုတွေကြား မတူညီတဲ့ ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ ကျွမ်းကျင်သူ၊ Yale တက္ကသိုလ် ဆေးကျောင်းရဲ့ အများပြည်သူ ကျန်းမာရေး စီမံခန့်ခွဲမှု ဆိုင်ရာ တွဲဖက် ပါမောက္ခ ဒေါက်တာ Marcella Nunez-Smith ကိုတော့ COVID-19 ဆိုင်ရာ တန်းတူညီမျှမှု ရှိရေးဆိုင်ရာ အဖွဲ့ အကြီးအကဲ အဖြစ် ရွေးကောက်ခံ သမ္မတ Biden က ရွေးချယ်ထားပါတယ်။

Biden အစိုးရသစ်အတွက် ကျန်းမာရေး တာဝန်ယူမယ့် အဖွဲ့ဝင်တွေ ကြေညာ
please wait

No media source currently available

0:00 0:01:55 0:00
တိုက်ရိုက် လင့်ခ်


.............


(Unicode)






XS
SM
MD
LG