သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ရီပတ္ဘလစ္ကန္ အမတ္ေတြအတြက္ မဲဆြယ္ဖို႔ Donald Trump ေဂ်ာ္ဂ်ီယာျပည္နယ္သြား


ေဂ်ာ္ဂ်ီယာျပည္နယ္ကို ထြက္ခြာသြားတဲ့ သမၼတ Donald Trump နဲ႔ သမၼတကေတာ္ Melania Trump. (ဒီဇင္ဘာ ၅၊ ၂၀၂၀)

(Zawgyi / Unicode)

အေမရိကန္ျပည္ေထာင္စု ေဂ်ာ္ဂ်ီယာျပည္နယ္မွာ လာမယ့္ ဇန္နဝါရီလထဲ တေက်ာ့ျပန္က်င္းပမယ့္ အထက္လႊတ္ေတာ္အမတ္ ေရြးေကာက္ပြဲအတြက္ ရီပတ္ဘလစ္ကန္ အထက္လႊတ္ေတာ္အမတ္ ၂ ဦးနဲ႔အတူ စည္း႐ုံးေရးဆင္းဖို႔ သမၼတ Donald Trump စေနေန႔မွာ သြားေရာက္ပါတယ္။

ေရြးေကာက္ခံသမၼတ ဒီမိုကရက္ Joe Biden စၿပီး တာဝန္ယူမယ့္အခ်ိန္ အထက္လႊတ္ေတာ္မွာ ဒီမိုကရက္နဲ႔ ရီပတ္ဘလစ္ကန္ ဘယ္ပါတီက အမ်ားစုနဲ႔ ထိန္းခ်ဳပ္မလဲ ဆိုတာကုိ ေဂ်ာ္ဂ်ီယာျပည္နယ္ အထက္လႊတ္ေတာ္အမတ္ ေရြးေကာက္ပြဲရလဒ္က အဆံုးအျဖတ္ေပးမွာပါ။

တရားဝင္ မေၾကညာရေသးတဲ့ ေရြးေကာက္ပြဲ ရလဒ္ေတြအရ ဒုတိယသမၼတေဟာင္း Biden က ေဂ်ာ္ဂ်ီယာမွာ မဲ ၁၂,၀၀၀ နီးပါးအသာနဲ႔ ႏုိင္ပါတယ္။

ေဂ်ာ္ဂ်ီယာျပည္နယ္တြင္း ႏုိဝင္ဘာလ ၃ ရက္ေန႔ သမၼတေရြးေကာက္ပြဲ ရလဒ္ေတြကို ပယ္ဖ်က္ေပးဖို႔ ေသာၾကာေန႔က တရားစြဲဆိုေၾကာင္း သမၼတ Trump ရဲ႕ ေရြးေကာက္ပြဲ စည္း႐ုံးေရးအဖြဲ႔က ေျပာဆိုထားပါတယ္။

ေရြးေကာက္ပြဲ ရလဒ္ေတြကို ျပန္လည္စစ္ေဆးႏုိင္ဖို႔၊ ေနာက္ ေဂ်ာ္ဂ်ီယာနဲ႔ တျခား အႀကိတ္အနယ္ ယွဥ္ၿပိဳင္ရတဲ့ ျပည္နယ္ေတြမွာ ဒီမိုကရက္ Biden အႏုိင္ရထားတာကို ကန္႔ကြက္ႏုိင္ေရး ေရြးေကာက္ပဲြလြန္ကာလမွာ ဆက္လက္ႀကိဳးပမ္းေနတဲ့ ရီပတ္ဘလစ္ကန္သမၼတ Trump က ေဂ်ာ္ဂ်ီယာကို သြားေရာက္တာ ျဖစ္ပါတယ္။

အထက္လႊတ္ေတာ္မွာ အမတ္အမ်ားစုနဲ႔ ဆက္လက္ထိန္းခ်ဳပ္ထားႏုိင္ေရးအတြက္ ရီပတ္ဘလစ္ကန္ပါတီက အထက္လႊတ္ေတာ္အမတ္တဦး ထပ္ၿပီး အႏုိင္ရဖို႔ လိုအပ္ေနပါတယ္။

ေဂ်ာ္ဂ်ီယာျပည္နယ္မွာ ဇန္နဝါရီလ ၅ ရက္ေန႔ တေက်ာ့ျပန္က်င္းပမယ့္ ေရြးေကာက္ပြဲမွာ ရီပတ္ဘလစ္ကန္ အထက္လႊတ္ေတာ္အမတ္ David Perdue က ၿပိဳင္ဘက္ ဒီိမိုကရက္ Jon Ossoff ကို အႏုိင္ရဖို႔ လိုအပ္ၿပီး ရီပတ္ဘလစ္ကန္ အထက္လႊတ္ေတာ္အမတ္ Kelly Loeffler က ဒီမိုကရက္ Raphael Warnock ကို အႏုိင္ရဖို႔ လို္အပ္ပါတယ္။

တကယ္လို႔ ရီပတ္ဘလစ္ကန္ေတြ ႐ႈံးခဲ့မယ္ဆိုရင္ေတာ့ အထက္လႊတ္ေတာ္မွာ အမတ္အေရအတြက္ ၅၀- ၅၀ နဲ႔ တန္းတူျဖစ္သြားႏုိင္ၿပီး ဒီမိုကရက္ ေရြးေကာက္ခံ ဒုတိယသမၼတ Kamala Harris က အဆံုးအျဖတ္မဲ ေပးရမွာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

----------------------------

(Unicode)

ရီပတ်ဘလစ်ကန် အမတ်တွေအတွက် မဲဆွယ်ဖို့ Donald Trump ဂျော်ဂျီယာပြည်နယ်သွား

အမေရိကန်ပြည်ထောင်စု ဂျော်ဂျီယာပြည်နယ်မှာ လာမယ့် ဇန်နဝါရီလထဲ တကျော့ပြန်ကျင်းပမယ့် အထက်လွှတ်တော်အမတ် ရွေးကောက်ပွဲအတွက် ရီပတ်ဘလစ်ကန် အထက်လွှတ်တော်အမတ် ၂ ဦးနဲ့အတူ စည်းရုံးရေးဆင်းဖို့ သမ္မတ Donald Trump စနေနေ့မှာ သွားရောက်ပါတယ်။

ရွေးကောက်ခံသမ္မတ ဒီမိုကရက် Joe Biden စပြီး တာဝန်ယူမယ့်အချိန် အထက်လွှတ်တော်မှာ ဒီမိုကရက်နဲ့ ရီပတ်ဘလစ်ကန် ဘယ်ပါတီက အများစုနဲ့ ထိန်းချုပ်မလဲ ဆိုတာကို ဂျော်ဂျီယာပြည်နယ် အထက်လွှတ်တော်အမတ် ရွေးကောက်ပွဲရလဒ်က အဆုံးအဖြတ်ပေးမှာပါ။

တရားဝင် မကြေညာရသေးတဲ့ ရွေးကောက်ပွဲ ရလဒ်တွေအရ ဒုတိယသမ္မတဟောင်း Biden က ဂျော်ဂျီယာမှာ မဲ ၁၂,၀၀၀ နီးပါးအသာနဲ့ နိုင်ပါတယ်။

ဂျော်ဂျီယာပြည်နယ်တွင်း နိုဝင်ဘာလ ၃ ရက်နေ့ သမ္မတရွေးကောက်ပွဲ ရလဒ်တွေကို ပယ်ဖျက်ပေးဖို့ သောကြာနေ့က တရားစွဲဆိုကြောင်း သမ္မတ Trump ရဲ့ ရွေးကောက်ပွဲ စည်းရုံးရေးအဖွဲ့က ပြောဆိုထားပါတယ်။

ရွေးကောက်ပွဲ ရလဒ်တွေကို ပြန်လည်စစ်ဆေးနိုင်ဖို့၊ နောက် ဂျော်ဂျီယာနဲ့ တခြား အကြိတ်အနယ် ယှဉ်ပြိုင်ရတဲ့ ပြည်နယ်တွေမှာ ဒီမိုကရက် Biden အနိုင်ရထားတာကို ကန့်ကွက်နိုင်ရေး ရွေးကောက်ပွဲလွန်ကာလမှာ ဆက်လက်ကြိုးပမ်းနေတဲ့ ရီပတ်ဘလစ်ကန်သမ္မတ Trump က ဂျော်ဂျီယာကို သွားရောက်တာ ဖြစ်ပါတယ်။

အထက်လွှတ်တော်မှာ အမတ်အများစုနဲ့ ဆက်လက်ထိန်းချုပ်ထားနိုင်ရေးအတွက် ရီပတ်ဘလစ်ကန်ပါတီက အထက်လွှတ်တော်အမတ်တဦး ထပ်ပြီး အနိုင်ရဖို့ လိုအပ်နေပါတယ်။

ဂျော်ဂျီယာပြည်နယ်မှာ ဇန်နဝါရီလ ၅ ရက်နေ့ တကျော့ပြန်ကျင်းပမယ့် ရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကန် အထက်လွှတ်တော်အမတ် David Perdue က ပြိုင်ဘက် ဒီမိုကရက် Jon Ossoff ကို အနိုင်ရဖို့ လိုအပ်ပြီး ရီပတ်ဘလစ်ကန် အထက်လွှတ်တော်အမတ် Kelly Loeffler က ဒီမိုကရက် Raphael Warnock ကို အနိုင်ရဖို့ လိုအပ်ပါတယ်။

တကယ်လို့ ရီပတ်ဘလစ်ကန်တွေ ရှုံးခဲ့မယ်ဆိုရင်တော့ အထက်လွှတ်တော်မှာ အမတ်အရေအတွက် ၅၀- ၅၀ နဲ့ တန်းတူဖြစ်သွားနိုင်ပြီး ဒီမိုကရက် ရွေးကောက်ခံ ဒုတိယသမ္မတ Kamala Harris က အဆုံးအဖြတ်မဲ ပေးရမှာ ဖြစ်ပါတယ်။

XS
SM
MD
LG