သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

California မှာ အိမ်ပြင်မထွက်ရကန့်သတ်ချက်စတင်


California ပြည်နယ် San Francisco မြို့မှာ တွေ့ရတဲ့ မြင်ကွင်း။ (ဒီဇင်ဘာ ၀၆၊ ၂၀၂၀)
California ပြည်နယ် San Francisco မြို့မှာ တွေ့ရတဲ့ မြင်ကွင်း။ (ဒီဇင်ဘာ ၀၆၊ ၂၀၂၀)

[Zawgyi/Unicode]

အမေရိကန်ပြည်ထောင်စု California ပြည်နယ်တောင်ပိုင်းမှာ ဒေသခံ ၂၃ သန်းလောက်အပေါ်အကျုံးဝင်တဲ့ မလိုအပ်ရင် အိမ်ပြင်မထွက်က တင်းကြပ်တဲ့ ကန်သတ်ချက်တွေကို တနင်္ဂနွေနေ့ညက စလို့ ထုတ်ပြန်ထားပါတယ်။ နိုင်ငံထဲက လူဦးရေအများဆုံးပြည်နယ်ဖြစ်တဲ့ California ပြည်နယ်ထဲမှာ COVID-19 အတည်ပြုလူနာ စံချိန်တင်အောင် မြင့်တက်နေတာကြောင့် ခုလို တင်းကြပ်တဲ့ ကန့်သတ်ချက်တွေကို ပြည်နယ်အုပ်ချုပ်ရေးမှူး Gavin Newsom က ထုတ်ပြန်ထားတာဖြစ်ပါတယ်။

ကန့်သတ်ချက်မှာ ပါဝင်တဲ့ နေရာတွေမှာ တနင်္ဂနွေနေ့ ည ၁၁ နာရီ ၅၉ မိနစ်ကစလို့ အရက်ဘားတွေ၊ ဆံပင်ညှပ်ဆိုင်တွေအပြင် အပြင်ဘက်ထိုင်စားနိုင်တဲ့ စားသောက်ဆိုင်တွေကိုပါ ပိတ်ထားရပါတယ်။ Christmas အားလပ်ရက်ပါအကျုံးဝင်တဲ့ သီတင်း ၃ ပတ်ထုတ်ပြန်ထားတဲ့ ကန့်သတ်ချက်တွေအရ ဒေသခံတွေအနေနဲ့ မလိုအပ်ရင် အိမ်ပြင်မထွက်ဘဲ အိမ်ထဲမှာပဲ နေကြရမှာဖြစ်ပါတယ်။

ဈေးဆိုင်တွေကိုတော့ ဖွင့်ထားပေမဲ့ ဈေးဝယ်သူပမာဏကို တချိန်မှာ ၂၀% သာ ခွင့်ပြုရမှာဖြစ်ပါတယ်။ ပန်းခြံနဲ့ ပင်လယ်ကမ်းခြေတွေကိုတော့ ဖွင့်ခွင့်ပြုထားပါတယ်။ San Francisco Bay Area ဒေသမှာလည်း တနင်္ဂနွေနေ့ ည ၁၀ နာရီကစပြီး မလိုအပ်ရင် အိမ်ပြင်မထွက်ရ သီးခြားကန့်သတ်ချက်တွေကို မြို့တော်ဝန် London Breed ကထုတ်ပြန်ခဲ့ပါတယ်။ ခုလို California ပြည်နယ်ရဲ့ ၈၅% လောက် အကြုံးဝင်တဲ့ Lockdown အမိန့်ထုတ်ပြန်တဲ့အပေါ် တချို့ ကတော့ မကျေမနပ် ဖြစ်နေကြပါတယ်။ California ပြည်နယ်မှာ Lockdown အမိန့် ထုတ်ပြန်တာ ဒုတိယအကြိမ် ဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုဟာ ကမ္ဘာမှာ ကိုဗစ်ကပ်ရောဂါ အတည်ပြုလူနာအများဆုံးဖြစ်ပြီး တနင်္ဂနွေနေ့အထိ အတည်ပြုလူနာ ၁၄,၇၆၀,၀၀၀ ကျော်ရှိပါတယ်။ သေဆုံးသူကလည်း ၂၈၀,၀၀၀ ကျော်ဖြစ်ပါတယ်။

California မှာ အိမ်ပြင်မထွက်ရကန့်သတ်ချက်စတင်
please wait

No media source currently available

0:00 0:01:25 0:00
တိုက်ရိုက် လင့်ခ်

[Unicode Version]






XS
SM
MD
LG