သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

California ေရွ႕ေနခ်ဳပ္ကို က်န္းမာေရးဝန္ႀကီးထားဖို႔ Joe Biden ေရြးခ်ယ္


က်န္းမာေရးဝန္ႀကီးအျဖစ္ေရြးခ်ယ္ခံခဲ့ရတဲ့ California ျပည္နယ္ေ႐ွ႕ေနခ်ဳပ္ Xavier Becerra။ (မတ္ ၀၅။ ၂၀၁၉)

[Zawgyi/Unicode]

အေမရိကန္ျပည္ေထာင္စု California ျပည္နယ္ေ႐ွ႕ေနခ်ဳပ္ Xavier Becerra ကို က်န္းမာေရးဝန္ႀကီးအျဖစ္ ေ႐ြးေကာက္ခံသမၼတ Joe Biden ကေ႐ြးခ်ယ္လိုက္ပါတယ္။ ႏိုင္ငံရဲ႕ အဓိကျပႆနာႀကီးျဖစ္ေနတဲ့ COVID-19 ကပ္ေရာဂါကို တံု႔ျပန္တိုက္ဖ်က္ေရးနဲ႔ တန္ဖိုးနည္းက်န္းမာေရး အာမခံစနစ္ Affordable Care Act ကိုကာကြယ္ေရးစတဲ့ တာဝန္ေတြကို က်န္းမာေရးဝန္ႀကီးသစ္ ကိုင္တြယ္ရမွာျဖစ္ပါတယ္။

တကယ္လို႔ အထက္လႊတ္ေတာ္ကသာ အတည္ျပဳမယ္ဆိုရင္ Xavier Becerra ဟာ က်န္းမာေရးနဲ႔ လူသားရင္းျမစ္ဌာန HHS မွာ ဝန္ႀကီးတာဝန္ယူရတဲ့ ပထမဆံုး ေတာင္အေမရိကတိုက္ႏြယ္ဘြား တေယာက္ျဖစ္လာမွာ ျဖစ္ပါတယ္။ Harvard ေဆးတကၠသိုလ္က ကူးစက္ေရာဂါဆိုင္ရာပညာ႐ွင္ Dr. Rochelle Walensky ကိုလည္း အေမရိကန္ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ေရးဌာန CDC အႀကီးအကဲအျဖစ္ ခန္႔အပ္ဖို႔ ေရြးေကာက္ခံ သမၼတ Biden က ေ႐ြးခ်ယ္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

California ရှေ့နေချုပ်ကို ကျန်းမာရေးဝန်ကြီးထားဖို့ Joe Biden ရွေးချယ်

အမေရိကန်ပြည်ထောင်စု California ပြည်နယ်ရှေ့နေချုပ် Xavier Becerra ကို ကျန်းမာရေးဝန်ကြီးအဖြစ် ရွေးကောက်ခံသမ္မတ Joe Biden ကရွေးချယ်လိုက်ပါတယ်။ နိုင်ငံရဲ့ အဓိကပြဿနာကြီးဖြစ်နေတဲ့ COVID-19 ကပ်ရောဂါကို တုံ့ပြန်တိုက်ဖျက်ရေးနဲ့ တန်ဖိုးနည်းကျန်းမာရေး အာမခံစနစ် Affordable Care Act ကိုကာကွယ်ရေးစတဲ့ တာဝန်တွေကို ကျန်းမာရေးဝန်ကြီးသစ် ကိုင်တွယ်ရမှာဖြစ်ပါတယ်။

တကယ်လို့ အထက်လွှတ်တော်ကသာ အတည်ပြုမယ်ဆိုရင် Xavier Becerra ဟာ ကျန်းမာရေးနဲ့ လူသားရင်းမြစ်ဌာန HHS မှာ ဝန်ကြီးတာဝန်ယူရတဲ့ ပထမဆုံး တောင်အမေရိကတိုက်နွယ်ဘွား တယောက်ဖြစ်လာမှာ ဖြစ်ပါတယ်။ Harvard ဆေးတက္ကသိုလ်က ကူးစက်ရောဂါဆိုင်ရာပညာရှင် Dr. Rochelle Walensky ကိုလည်း အမေရိကန်ရောဂါ ကာကွယ်ထိန်းချုပ်ရေးဌာန CDC အကြီးအကဲအဖြစ် ခန့်အပ်ဖို့ ရွေးကောက်ခံ သမ္မတ Biden က ရွေးချယ်ထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG