သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေဂ်ာ္ဂ်ီယာမွာ မဲမသမာမႈဆိုင္ရာ သမၼတ Trump ရဲ႕ စြပ္စြဲခ်က္ ပယ္ခ်ခံရ


(Zawgyi / Unicode)

ေဂ်ာ္ဂ်ီယာျပည္နယ္အတြင္း ေရြးေကာက္ပြဲ မသမာမႈေတြ ရွိတယ္ဆိုတဲ့ သမၼတ Donald Trump ရဲ႕ ေျပာၾကားခ်က္ေတြကို ျပည္နယ္ ေရြးေကာက္ပြဲတာဝန္ရွိသူေတြက ပယ္ခ်လိုက္ၿပီး ေရြးေကာက္ခံသမၼတ Joe Biden အႏုိင္ရရွိေၾကာင္း တနဂၤေႏြေန႔က ေၾကညာလိုက္ပါတယ္။

သမၼတ Trump ႐ႈံးနိမ့္လို႔ စိတ္ပ်က္မိေပမယ့္ ျပည္သူေတြက သူတို႔ဆႏၵကို ေဖာ္ထုတ္ခဲ့ၿပီးၿပီျဖစ္လို႔ ျပည္သူေတြရဲ႕ဆႏၵကို ေျပာင္းလဲပစ္ဖို႔မရွိေၾကာင္း ေဂ်ာ္ဂ်ီယာျပည္နယ္ရဲ႕ ေရြးေကာက္ပြဲ ထိပ္တန္းတာဝန္ရွိသူ Brad Raffensperger က ABC သတင္းဌာနရဲ႕ This Week အစီအစဥ္ကို ေျပာပါတယ္။

စေနေန႔တုန္းကေတာ့ သမၼတ Trump က ျပည္နယ္ရဲ႕ ရီပတ္ဘလစ္ကန္ အုပ္ခ်ဳပ္ေရးမွဴး Brian Kemp ကို ဆက္သြယ္စကားေျပာဆိုၿပီး ျပည္နယ္လႊတ္ေတာ္အေနနဲ႔ အထူးအစည္းအေဝးတရပ္ က်င္းပၿပီး လက္ရွိရလဒ္ကို ပယ္ဖ်က္ပစ္ဖို႔နဲ႔ သူ႔ကိုေထာက္ခံတဲ့ သမၼတေရြးခ်ယ္ေရး အဖြဲ႔ဝင္ေတြကို ခန္႔အပ္ေပးဖို႔ ေတာင္းဆိုခဲ့တာပါ။

အုပ္ခ်ဳပ္ေရးမွဴး Kemp က Trump ရဲ႕ ေတာင္းဆိုခ်က္ကို ပယ္ခ်ခဲ့တယ္လို႔ ျပည္နယ္ ဒုတိယအုပ္ခ်ဳပ္ေရးမွဴး Geoff Duncan က CNN သတင္းဌာနကို တနဂၤေႏြေန႔က ေျပာပါတယ္။

“ဒီအေျခအေနမွာ ဂိုးစည္းတိုင္ကို က်ေနာ္တုိ႔ မေရႊ႕မွာ ေသခ်ာပါတယ္” လုိ႔လည္း ျပည္နယ္ ဒုတိယအုပ္ခ်ဳပ္ေရးမွဴး Duncan က ေျပာပါတယ္။

ေဂ်ာ္ဂ်ီယာျပည္နယ္မွာ လက္နဲ႔ေရတြက္တာ အပါအဝင္ မဲႏွစ္ႀကိမ္ အစအဆုံး ေရတြက္အၿပီးမွာ Joe Biden က မဲေပါင္း ၁၂,၀၀၀ ဝန္းက်င္နဲ႔ အနိုင္ရထားတယ္လို႔ ေၾကညာထားတာပါ။

၁၉၉၂ ခုႏွစ္ေနာက္ပိုင္း ဒီမိုကရက္ သမၼတေလာင္းတဦး အေနနဲ႔ ပထမဆုံး အႏုိင္ျပန္ရတာလည္း ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

----------------------

(Unicode)

ဂျော်ဂျီယာမှာ မဲမသမာမှုဆိုင်ရာ သမ္မတ Trump ရဲ့ စွပ်စွဲချက် ပယ်ချခံရ

ဂျော်ဂျီယာပြည်နယ်အတွင်း ရွေးကောက်ပွဲ မသမာမှုတွေ ရှိတယ်ဆိုတဲ့ သမ္မတ Donald Trump ရဲ့ ပြောကြားချက်တွေကို ပြည်နယ် ရွေးကောက်ပွဲတာဝန်ရှိသူတွေက ပယ်ချလိုက်ပြီး ရွေးကောက်ခံသမ္မတ Joe Biden အနိုင်ရရှိကြောင်း တနင်္ဂနွေနေ့က ကြေညာလိုက်ပါတယ်။

သမ္မတ Trump ရှုံးနိမ့်လို့ စိတ်ပျက်မိပေမယ့် ပြည်သူတွေက သူတို့ဆန္ဒကို ဖော်ထုတ်ခဲ့ပြီးပြီဖြစ်လို့ ပြည်သူတွေရဲ့ဆန္ဒကို ပြောင်းလဲပစ်ဖို့မရှိကြောင်း ဂျော်ဂျီယာပြည်နယ်ရဲ့ ရွေးကောက်ပွဲ ထိပ်တန်းတာဝန်ရှိသူ Brad Raffensperger က ABC သတင်းဌာနရဲ့ This Week အစီအစဉ်ကို ပြောပါတယ်။

စနေနေ့တုန်းကတော့ သမ္မတ Trump က ပြည်နယ်ရဲ့ ရီပတ်ဘလစ်ကန် အုပ်ချုပ်ရေးမှူး Brian Kemp ကို ဆက်သွယ်စကားပြောဆိုပြီး ပြည်နယ်လွှတ်တော်အနေနဲ့ အထူးအစည်းအဝေးတရပ် ကျင်းပပြီး လက်ရှိရလဒ်ကို ပယ်ဖျက်ပစ်ဖို့နဲ့ သူ့ကိုထောက်ခံတဲ့ သမ္မတရွေးချယ်ရေး အဖွဲ့ဝင်တွေကို ခန့်အပ်ပေးဖို့ တောင်းဆိုခဲ့တာပါ။

အုပ်ချုပ်ရေးမှူး Kemp က Trump ရဲ့ တောင်းဆိုချက်ကို ပယ်ချခဲ့တယ်လို့ ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူး Geoff Duncan က CNN သတင်းဌာနကို တနင်္ဂနွေနေ့က ပြောပါတယ်။

“ဒီအခြေအနေမှာ ဂိုးစည်းတိုင်ကို ကျနော်တို့ မရွှေ့မှာ သေချာပါတယ်” လို့လည်း ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူး Duncan က ပြောပါတယ်။

ဂျော်ဂျီယာပြည်နယ်မှာ လက်နဲ့ရေတွက်တာ အပါအဝင် မဲနှစ်ကြိမ် အစအဆုံး ရေတွက်အပြီးမှာ Joe Biden က မဲပေါင်း ၁၂,၀၀၀ ဝန်းကျင်နဲ့ အနိုင်ရထားတယ်လို့ ကြေညာထားတာပါ။

၁၉၉၂ ခုနှစ်နောက်ပိုင်း ဒီမိုကရက် သမ္မတလောင်းတဦး အနေနဲ့ ပထမဆုံး အနိုင်ပြန်ရတာလည်း ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG