သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဗစ် Lockdown အမိန့်နဲ့ ကယ်လီဖိုးနီးယား မြန်မာနွယ်ဖွားတွေရဲ့ အတွေ့အကြုံ


San Francisco မြို့ lockdown
San Francisco မြို့ lockdown

(Zawgyi/Unicode)

COVID-19 ရောဂါ ကူးစက်မှု စံချိန်တင်မြင့်တက်လာနေတဲ့အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယား ပြည်နယ်မှာ ဒုတိယအကြိမ် Lockdown မလိုအပ်ရင် အိမ်ပြင်မထွက်ရ တင်းကြပ်တဲ့ ကန့် သတ်ချက်တွေကို ပြည်နယ်အုပ်ချုပ်ရေးမှူး Gavin Newsom က တနင်္ဂနွေနေ့ညက ထုတ်ပြန်လိုက်ပါပြီ။

ဒီအမိန့်ကို ကောင်တီ တချို့ နဲ့ မြို့တော်ဝန် တချို့ လက်ခံခြင်း မရှိသေးဘူးလို့တောင်ပိုင်း ကယ်လီဖိုးနီးယား မြန်မာအသင်း ဥက္ကဌ ဦးအောင်မျိုးသူ က ဗွီအိုအေကို ပြောပါတမအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။

အင်ကြင်းနိုင်။။ ကယ်လီဖိုးနီးယား မှာ အခု ကိုဗစ်-၁၉ ကူးစက်မှု အရမ်းကို ပြန်ပြီး မြင့်တက်လာနေတဲ့ အနေအထားမှာ ပြည်နယ်အုပ်ချုပ်ရေးမှူးဘက်က ညမထွက်ရ အမိန့်တွေ၊Lockdown တွေ ပြန်လုပ်မယ့် အမိန့်တွေ ချက်ချင်းထုတ်ပြန်လာတော့ အဲဒီမှာရှိတဲ့ မြန်မာတွေရဲ့ အခြေအနေတွေ ဘယ်လိုတွေရှိနေလဲရှင့်။

ဦးအောင်မျိုးသူ။ ။ ကျနော်တို့ ဒီနေ့သတင်းမှာပဲ LA ကောင်တီတခုမှာပဲ ကူးစက်တဲ့ New case ကို ၁ သောင်းကျော်ပါတယ်ခင်ဗျ။ ဒါပေမယ့် သူတို့ရဲ့ ဆုံးရှုံးမှု လူဦးရေကတော့ ၂၅ ယောက်ဆိုတော့ နံပတ်အနေနဲ့တော့ အရမ်းနည်းပေမယ့် ကူးစက်မှုက အရမ်းများတော့ ကျနော်တု့ိဒီမှာရှိနေတဲ့ မြန်မာလူမျိုးတွေအတွက် တယောက်နဲ့တယောက်တွေ့ရင်သတိထားဖို့ လူကြီးတွေ အပြင်မထွက်ဖို့ အားလုံးကတော့ Pressure နဲ့ စိတ်ပင်ပန်းစွာနဲ့ နေရတဲ့အခြေအနေတခုတော့ ဖြစ်နေပါတယ်။

မအင်ကြင်းနိုင်။ ။ အခုဆိုရင် အမေရိကန်မှာ အထူးသဖြင့် ကယ်လီဖိုးနီးယားမှာ ပြန်ကူးစက်တဲ့နှုန်းက မြင့်တက်တဲ့အနေအထားဖြစ်နေတာပေါ့နော်။ ကယ်လီဖိုးနီးယားမှာ နေထိုင်သူတွေအတွက်ရော ဘယ်လိုအခက်အခဲတွေကြုံရသလဲရှင့်။ အလုပ်လက်မဲ့တွေဖြစ်သွားသလား ဒါမှမဟုတ် ဘယ်လို အကန့်အသက်တွေ ရှိနေသလဲ အခက်အခဲတွေ ရှိနေသလဲရှင့်။

ဦးအောင်မျိုးသူ။ ။ ကျနော့်ပတ်ဝန်းကျင်မှာ တော်တော်များများ သူတို့အလုပ်မှာ layoff တွေဖြစ်လာတယ်ဆိုတာတို့ ။ ကံကောင်းလို့ ငါမပါသွားသေးဘူး ပေါ့နော် အဲဒီလို ကျနော်တို့ ပတ်ဝန်းကျင်မှာ ကျနော့်မိတ်ဆွေ ၁၄-၁၅ ယောက်ရဲ့ ပတ်ဝန်းကျင်မှာ တော်တော်များများနေရာမှာ Layoff တွေရှိတယ်ဆိုတာ ကျနော်ကြားရတယ်။ ကျနော်ကတော့ ကံကောင်းထောက်မစွာပဲ ကျနော့်လုပ်ငန်းသည် အစားအသောက်လုပ်ငန်းဖြစ်နေတဲ့အတွက် ကျနော်တို့အလုပ်ရဲ့ ကုမ္ပဏီမှာ အခုအချိန်အထိ Layoff တယောက်မှလည်း မတွေ့ရသေးသလို ကျနော်တို့အလုပ်သည် သွားရ လာရတာကတော့ နည်းနည်း အခက်အခဲရှိတာပေါ့နော် Social distance တို့ ဘာတို့နဲ့ ၊ လုပ်ရကိုင်ရတာ နည်းနည်း အခက်အခဲရှိတယ်။ ကျနော်တို့ ရုံးတွေမှာလည်း ၂၀ ရာခိုင်နှုန်းပဲ ရုံးကို လာလို့ရတဲ့အတွက် လူတွေ အဝေးကနေ အလုပ်လုပ်ရတာဆိုတော့ တော်တော်တော့ အခက်အခဲရှိပါတယ်။ ကျနော်တို့ တယောက်နဲ့တယောက် ဆက်သွယ်မှုတို့ ၊ အလုပ်က တော်တော်ကြီးကို Delay လည်းဖြစ်ပါတယ်။ ဒီလိုအလုပ်လုပ်ရတာတော့ အဆင်မပြေတာတော့ အမှန်ပဲခင်ဗျ။

မအင်ကြင်းနိုင်။ ။ အခုလို California ပြည်နယ်မှာ Lockdown အမိန့်ထုတ်လိုက်တာက ပြည်နယ်တခုလုံးရဲ့ ၈၅ ရာခိုင်နှုန်းလောက်ကို အကျူံးဝင်မှာဆိုတော့ Lockdown ထုတ်ပြန်မှုအပေါ် ဒေသခံတွေရဲ့ တုံ့ပြန်မှုရော ဘယ်လိုတွေ့ရသလဲရှင့်။

ဦးအောင်မျိုးသူ။ ။ကျနော်တွေ့ရသလောက်ကတော့ ကျနော်တို့ဘက်မှာရှိတဲ့ Pasadena city ဆိုရင် အဲဒီ ဥပဒေကို Ban လုပ်ပါတယ်။ သူတို့လက်မခံပါဘူး ဘာဖြစ်လို့လဲဆိုတော့ စီးပွားရေး များသောအားဖြင့် သူတို့က အဲဒီမှာ restaurant တွေများတယ် downtown က တကယ့်စည်းကားတဲ့နေရာတခုပေါ့နော်။ စားသောက်ကုန်လုပ်ငန်းတွေ ပထမက outdoor ကို လက်ခံပါတယ်လို့ ပြောတဲ့အခါမှာ သူတို့ outdoor မှာစားလို့ရအောင်အတွက် သေသေချာချာ ပိုက်ဆံပေါင်း သောင်းချီပြင်ဆင် ပြီးတော့မှ အခုဒီအမိန့်ကို ထုတ်လိုက်တဲ့အခါကျတော့ သူတို့စီးပွားရေးအရ ဒီ Restaurant က စားသောက်ကုန်အလုပ်သမားတွေက သူတို့ Mayor နဲ့ တွေ့ဆုံပြီးတော့ ကျနော်သိသလောက်ကတော့ အခု Pasadena city က အဲဒီအမိန့်ကို Ban လုပ်ပါတယ်၊ လက်မခံပါဘူး။ Orange county ကလည်း လက်မခံဘူးလို့ လောလောဆည် ကျနော်တို့ ကြားနေရပါတယ်။ ပြည်သူူတွေကတော့ စီးပွားရေးပေါ့နော် လူတွေကလည်း အလုပ်လက်မဲ့ဖြစ်နေပြီ အခက်အခဲတွေလည်း ရှိလာတယ် ။ စားဖို့ သောက်ဖို့ နေဖို့ကလည်း ရှိနေတဲ့အခါကျတော့ ကျန်းမာရေးသည် အရေးကြီးသော်လည်း မိသားစု စားဝတ်နေရေးကို ပြန်ပြီးတော့ စဉ်းစားလာတဲ့အခါကျတော့ ကျနော်တွေ့ရသလောက်ကတော့ ၃၀ ရာခိုင်နှုန်းလောက် လူတွေက တော်တော်ကို လက်မခံနိုင်ဘူးဖြစ်နေတယ်ပေါ့နော်။ သတိထားနေရင်း ၊ Social distance လုပ်လို့ ရောဂါမကူးဘူးဆိုတာမှန်ရင် ဘာဖြစ်လို့ Lockdown လုပ်စရာလိုလဲ ဒါမျိုးလေးတွေ စကားတွေကတော့ ထွက်လာပါတယ်။

မအင်ကြင်းနိုင်။ ။ California မှာရော ကျမတို့ မြန်မာမိသားစုတွေကြားမှာ ၊ မြန်မာအသိုင်းအဝိုင်းတွေကြားမှာ COVID ကူးစက်ခံရပြီးတော့ ပြန်ကောင်းလာတာရှိသလို ၊ COVID ကူးစက်ခံရပြီးတော့ ဆုံးပါးသွားတာ အဲဒါမျိုးတွေရော ဘယ်လောက်အထိ ရှိနေသလဲရှင့်။

ဦးအောင်မျိုးသူ။ ။ ကျနော့်ပတ်ဝန်းကျင်မှာ COVID ကူးစက်ခံရပြီးတော့ ပြန်ကောင်းလာတဲ့ လူဆိုတာ ဟုတ်ကဲ့ ကျနော်တို့ တွေ့ရပါတယ်၊ ကြားရပါတယ်။ဒါပေမယ့် ကျနော့်ပတ်ဝန်းကျင်မှာ COVID ကြောင့်ဆုံးပါးသွားတာကတော့ ကျနော်မကြားရသေးပါဘူး မြန်မာအသိုင်းအဝိုင်းထဲကလေ။ ဆိုတော့ အသက်ကြီးလို့ လူကြီးရောဂါနဲ့ပဲ ဆုံးသွားတာ ကျနော်တို့ တွေ့ရပါသေးတယ်။

မအင်ကြင်းနိုင်။ ။ COVID-19 ရောဂါအတွက် ကာကွယ်ဆေးတွေ ဒီဇင်ဘာထဲမှာ ထွက်လာတော့မှာပေါ့နော် ဆိုတော့ ကာကွယ်ဆေးနဲ့ ပတ်သက်ပြီးတော့ အဲဒီဘက်မှာ California ဒေသခံတွေရဲ့ မျှော်လင့်ချက်တွေဘယ်လိုရှိသလဲရှင့်။

ဦးအောင်မျိုးသူ။ ။ဒီဆေးနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ရဲ့ Governor ကိုယ်တိုင်က ဒီ Federal ကနေ approve လုပ်တာတောင်မှ သူ့ရဲ့ Medical team က approve မလုပ်ရင် ကျနော်တို့California လူထုကို မလုပ်ဘူးလို့ ပြောတယ်ခင်ဗျ။ officially သူ မိန့်ခွန်းမှာ ပြောထားပါတယ်။ ဆိုတော့ ကျနော်ထင်တယ် Federal က ခွင့်ပြုတာတောင်မှ ကျနော်တို့ရဲ့ Governor team ရဲ့ ခွင့်ပြုချက်ကို ကျနော်တို့ ပြန်စောင့်ရလိမ့်မယ်လို့ ထင်တယ်။ ဒါကြောင့်မို့လို့ ကျနော်တို့ကတော့ မြန်မြန်ထွက်ပါစေလို့ ဆုတောင်းပေမယ့် သူများ State ထက်စာရင်တော့ ကျနော်တို့ဘက်မှာ နည်းနည်းကြာမလားလို့ ကျနော် စိုးရိမ်စိတ်ဖြစ်မိပါတယ်။

တိုက်ရိုက် လင့်ခ်


..............


(Unicode)













XS
SM
MD
LG