သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အေမရိကန္မွာ COVID-19 ကူးစက္မႈႏႈန္း တုန္လႈပ္ဖြယ္ေကာင္း 


COVID-19 ကူးစက္လူနာအား ကုသေပးေနစဥ္

(Zawgyi/Unicode)
က်န္းမာေရးစနစ္္ အထူး ေကာင္းမြန္တဲ့ အေမရိကန္ျပည္ေထာင္စုမွာ COVID-19 ေရာဂါ ကူးစက္မႈေတြ ဆုိးဆိုးရြြားရြား ပ်ံ႕ႏွံ႔ေနတာဟာ ထိတ္လန္႔စရာ ေကာင္းလွတယ္လို႔ ကမၻာ့က်န္းမာေရးအဖြဲ႔ WHO ရဲ႕ အေရးေပၚလုပ္ငန္းမ်ားဆုိင္ရာ ညႊန္ၾကားေရးမွဴးက ေျပာဆိုလိုက္ပါတယ္။

“ျပီးခဲ့တဲ့သီတင္းတပ္ေတြအတြင္း ကမၻာတ၀ွမ္း ကူးစက္မႈေတြရဲ႕ သံုးပံုတပံုဟာ အေမရိကန္ျပည္ေထာင္စုမွာ ရွိေနပါတယ္။ ဒဏ္ခတ္ခံရဲ႕ ကပ္ေဘးတခုလို ျဖစ္ေနျပီး တစ္မိႏွစ္အတြင္း လူ ၁ ေယာက္ကေန ၂ ေယာက္ႏႈန္းနဲ႔ ေသေသနတာ အင္မတန္ ထိတ္လန္႔စရာ ေကာင္းပါတယ္။ က်န္းမာေရးစနစ္ ခိုင္မာအားေကာင္းျပီး အံ့မခန္း နည္းပညာစြမ္းရည္ေတြ ရွိေနတဲ့ ႏုိင္ငံမွာ ခုလို ျဖစ္ေနတာက အင္မတန္ ထိတ္လန္႔စရာပါပဲ"လို႔ WHO ရဲ႕ အေရးေပၚလုပ္ငန္းမ်ားဆိုင္ရာ အၾကီးအကဲ Mike Ryan က တနလၤာေန႔က သတင္းစာရွင္းလင္းပြဲအတြင္း ေျပာသြားတာပါ။

WHO အေနနဲ႔ အေမရိကန္ ေရြးေကာက္ခံသမၼတ ဂ်ဳိးဘိုင္ရဲ႕ အစိုးရတာ၀န္ လႊဲေျပာင္းယူေရး အဖြဲ႔နဲ႔ေတာ့ ဆက္သြယ္ စကားေျပာဆိုတာေတြ မလုပ္ရေသးဘူးလို႔ WHO အၾကီးအကဲ Tedros Adhanom Ghebreyesus က ေျပာပါတယ္။ အေမရိကန္ျပည္ေထာင္စုဟာ ကမၻာေပၚမွာ ဒီေရာဂါ ကူးစက္မႈနဲ႔ ေသဆံုးမႈ အမ်ားဆံုးႏုိင္ငံ ျဖစ္ျပီး ကူးစက္သူ ၁၅ သန္းနီးပါးနဲ႔ ေသဆံုးသူ ၂ သိန္း ၈ ေသာင္းေက်ာ္ ရွိပါတယ္။ ကမၻာတ၀ွမ္း ကူးစက္မႈေပါင္းကေတ့ ၆၇ သန္းေက်ာ္ရွိျပီး ေသဆံုးသူ ၁ သန္းခြဲေက်ာ္ ရွိပါတယ္။

ဒီအေတာအတြင္း ျဗိတိန္ႏိုင္ငံမွာေတာ့ အဂၤါေန႔ကစျပီး ႏုိင္ငံတ၀ွမ္း COVID-19 ကာကြယ္ေဆးထိုး လုပ္ငန္းေတြ စတင္ေနပါျပီ။ အေနာက္ႏုိင္ငံေတြထဲမွာေတာ့ ကိုဗစ္ကာကြယ္ေဆးကို ပထမဆံုး စတင္အသံုးျပဳတဲ့ ႏုိင္ငံျဖစ္ျပီး ဒါဟာ ကပ္ေရာဂါ အဆံုးသတ္ဖို႔ အစျဖစ္တယ္လို႔ ျဗိတိန္က်န္းမာေရး၀န္ၾကီး Matt Hancock က တနလၤာေန႔က ေျပာဆိုခဲ့ပါတယ္။

..................

အမေရိကန်မှာ COVID-19 ကူးစက်မှုနှုန်း တုန်လှုပ်ဖွယ်ကောင်း

(Unicode)
ကျန်းမာရေးစနစ် အထူး ကောင်းမွန်တဲ့ အမေရိကန်ပြည်ထောင်စုမှာ COVID-19 ရောဂါ ကူးစက်မှုတွေ ဆိုးဆိုးရွားရွား ပျံ့နှံ့နေတာဟာ ထိတ်လန့်စရာ ကောင်းလှတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့ အရေးပေါ်လုပ်ငန်းများဆိုင်ရာ ညွှန်ကြားရေးမှူးက ပြောဆိုလိုက်ပါတယ်။

“ပြီးခဲ့တဲ့သီတင်းတပ်တွေအတွင်း ကမ္ဘာတဝှမ်း ကူးစက်မှုတွေရဲ့ သုံးပုံတပုံဟာ အမေရိကန်ပြည်ထောင်စုမှာ ရှိနေပါတယ်။ ဒဏ်ခတ်ခံရဲ့ ကပ်ဘေးတခုလို ဖြစ်နေပြီး တစ်မိနှစ်အတွင်း လူ ၁ ယောက်ကနေ ၂ ယောက်နှုန်းနဲ့ သေသေနတာ အင်မတန် ထိတ်လန့်စရာ ကောင်းပါတယ်။ ကျန်းမာရေးစနစ် ခိုင်မာအားကောင်းပြီး အံ့မခန်း နည်းပညာစွမ်းရည်တွေ ရှိနေတဲ့ နိုင်ငံမှာ ခုလို ဖြစ်နေတာက အင်မတန် ထိတ်လန့်စရာပါပဲ"လို့ WHO ရဲ့ အရေးပေါ်လုပ်ငန်းများဆိုင်ရာ အကြီးအကဲ Mike Ryan က တနင်္လာနေ့က သတင်းစာရှင်းလင်းပွဲအတွင်း ပြောသွားတာပါ။

WHO အနေနဲ့ အမေရိကန် ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ရဲ့ အစိုးရတာဝန် လွှဲပြောင်းယူရေး အဖွဲ့နဲ့တော့ ဆက်သွယ် စကားပြောဆိုတာတွေ မလုပ်ရသေးဘူးလို့ WHO အကြီးအကဲ Tedros Adhanom Ghebreyesus က ပြောပါတယ်။ အမေရိကန်ပြည်ထောင်စုဟာ ကမ္ဘာပေါ်မှာ ဒီရောဂါ ကူးစက်မှုနဲ့ သေဆုံးမှု အများဆုံးနိုင်ငံ ဖြစ်ပြီး ကူးစက်သူ ၁၅ သန်းနီးပါးနဲ့ သေဆုံးသူ ၂ သိန်း ၈ သောင်းကျော် ရှိပါတယ်။ ကမ္ဘာတဝှမ်း ကူးစက်မှုပေါင်းကတေ့ ၆၇ သန်းကျော်ရှိပြီး သေဆုံးသူ ၁ သန်းခွဲကျော် ရှိပါတယ်။ ဒီအတောအတွင်း ဗြိတိန်နိုင်ငံမှာတော့ အင်္ဂါနေ့ကစပြီး နိုင်ငံတဝှမ်း COVID-19 ကာကွယ်ဆေးထိုး လုပ်ငန်းတွေ စတင်နေပါပြီ။ အနောက်နိုင်ငံတွေထဲမှာတော့ ကိုဗစ်ကာကွယ်ဆေးကို ပထမဆုံး စတင်အသုံးပြုတဲ့ နိုင်ငံဖြစ်ပြီး ဒါဟာ ကပ်ရောဂါ အဆုံးသတ်ဖို့ အစဖြစ်တယ်လို့ ဗြိတိန်ကျန်းမာရေးဝန်ကြီး Matt Hancock က တနင်္လာနေ့က ပြောဆိုခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG