သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးရှား ရွှေ့ပြောင်းအလုပ်သမား တန်းလျားတွေ စံချိန်မမီရင် ဒဏ်ရိုက်မယ်


မလေးရှား Top Glove လက်အိတ်စက်ရုံက အလုပ်သမားတွေကို သူတို့နေထိုင်ရာ အဆောင်ရှေ့မှာ ကိုဗစ်စစ်ဆေးပေးဖို့ ပြင်ဆင်နေတဲ့မြင်ကွင်း။ (နိုဝင်ဘာ ၁၈၊ ၂၀၂၀)
မလေးရှား Top Glove လက်အိတ်စက်ရုံက အလုပ်သမားတွေကို သူတို့နေထိုင်ရာ အဆောင်ရှေ့မှာ ကိုဗစ်စစ်ဆေးပေးဖို့ ပြင်ဆင်နေတဲ့မြင်ကွင်း။ (နိုဝင်ဘာ ၁၈၊ ၂၀၂၀)

(Zawgyi / Unicode)

မလေးရှားနိုင်ငံမှာ ရွှေ့ပြောင်းအလုပ်သမားတွေ အပါအဝင် အလုပ်သမားတွေ နေထိုင်ရတဲ့ အိပ်ခန်းဆောင်တွေကို အစိုးရက သတ်မှတ်ထားတဲ့ စံနှုန်းအတိုင်း အလုပ်ရှင်တွေက လုပ်ဆောင်ပေးထားခြင်း ရှိမရှိဆိုတာ အမြန်စစ်ဆေးဖို့နဲ့ စည်းကမ်းချိုးဖောက်တဲ့ အလုပ်ရှင်တဦးကို အမေရိကန်ဒေါ်လာ ၁၂,၃၀၀ ဒဏ်ရိုက်သွားဖို့ မလေးရှားကာကွယ်ရေးဝန်ကြီး Ismail Sabri Yaakob က ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ကြေညာလိုက်ပါတယ်။

အလုပ်သမားအခွင့်အရေး လှုပ်ရှားသူတွေက လပေါင်းအတန်ကြာ သတိပေးခဲ့တဲ့ကြားကပဲ မလေးရှားနိုင်ငံတွင်း လူပြွတ်သိပ် နေထိုင်ရတဲ့ အလုပ်သမား တန်းလျားတွေကနေ ကိုဗစ်ရောဂါပိုး ကူးစက်ပြန့်ပွားမှု အကြီးကျယ် ဖြစ်ခဲ့ပြီးနောက် မလေးရှားအာဏာပိုင်တွေက အလုပ်ရှင်တွေကို အခုလို ဖိအားပေးလာတာပါ။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၄ တရက်တည်းမှာတင် မလေးရှားနိုင်ငံထဲ ကိုဗစ်ကူးစက်သူ ၂,၂၀၀ နီးပါး စံချိန်တင်ရှိခဲ့ပြီး ကူးစက်သူအများစုဟာ Top Glove ရာဘာလက်အိတ်စက်ရုံ အလုပ်သမားတွေဆီက ဖြစ်ပါတယ်။

လူသားရင်းမြစ်ဝန်ကြီးဌာန ဝန်ကြီး Saravanan Murugan က အလုပ်သမားအိမ်ခန်းတချို့ကို ရှောင်တခင် သွားရောက်လည်ပတ်ခဲ့ပြီးနောက် အလုပ်သမားတွေရဲ့ အိမ်ရာအဆင့်အတန်းဟာ အခြေအနေ ဆိုးဝါးနေကြောင်း တွေ့ရပြီး Top Glove လက်အိတ်စက်ရုံခွဲ ၆ ခုကို စစ်ဆေးရေး ဝင်ခိုင်းတဲ့အခါ အများစုဟာ စံသတ်မှတ်ချက်တွေနဲ့ မညီတဲ့ အိပ်ခန်းတွေ ဖြစ်နေတာကို တွေ့ခဲ့ပါတယ်။

မလေးရှားမှာ အခုချိန်ထိ ကိုဗစ်ကူးစက်ခဲ့သူပေါင်း ၇၂,၆၀၀ ကျော်ရှိပြီး ကိုဗစ်ကြောင့် သေဆုံးသူ ၃၈၂ ဦး ရှိသွားပြီ ဖြစ်ပါတယ်။

မလေးရှား ရွှေ့ပြောင်းအလုပ်သမား တန်းလျားတွေ စံချိန်မမီရင် ဒဏ်ရိုက်မယ်
please wait

No media source currently available

0:00 0:01:11 0:00
တိုက်ရိုက် လင့်ခ်

----------------------

(Unicode)







XS
SM
MD
LG