သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေတာင္ကိုရီးယားႏုိင္ငံ ကပ္ေရာဂါထိန္းခ်ဳပ္ေရး တင္းက်ပ္မႈမ်ား ထုတ္ျပန္


ေတာင္ကုိရီးယားႏုိင္ငံ အင္ခၽြန္းၿမိဳ႕မွာ ကုိဗစ္ကာကြယ္ေရး ပုိးသတ္ေဆးဖ်န္းေနတဲ့ က်န္းမာေရးဝန္ထမ္းမ်ား။ (စက္တင္ဘာ ၁၇၊ ၂၀၂၀)

(Zawgyi / Unicode)

ေတာင္ကိုရီးယားႏုိင္ငံမွာ ၉ လအတြင္း ဗုိင္းရပ္စ္ကူးစက္မႈေတြ အျမင့္ဆုံး ျပန္ျဖစ္လာေနၿပီး ဒါကို ထိန္းခ်ဳပ္ႏုိင္ဖို႔အတြက္ အာဏာပိုင္ေတြအေနနဲ႔ ႐ုန္းကန္ေနရတာေၾကာင့္ ၿမိဳ႕ေတာ္ ဆိုးလ္ၿမိဳ႕နဲ႔ အနီးနားတဝုိက္မွာ လာမယ့္ အဂၤါေန႔ကစၿပီး တေယာက္နဲ႔တေယာက္ ခပ္ခြာခြာေနဖုိ႔ စည္းမ်ဥ္းေတြကို တင္းတင္းက်ပ္က်ပ္ ခ်မွတ္သြားမယ္လို႔ ေတာင္ကိုရီးယား က်န္းမာေရးအာဏာပိုင္ေတြက ဒီေန႔ ေျပာလိုက္ပါတယ္။

“က်ေနာ္တုိ႔ဟာ အလြန္အႏၱရာယ္မ်ားတဲ့ အေျခအေနမွာ ေရာက္ေနပါတယ္။ အခုေလာေလာဆယ္ အေနအထားက က်ေနာ္တုိ႔ရဲ႕ ေဆး႐ုံေတြမွာ ထိန္းခ်ဳပ္ႏုိင္တဲ့ အေနအထားထက္ ေက်ာ္လြန္ေနပါတယ္” လို႔ ေတာင္ကိုရီးယားႏုိင္ငံရဲ႕ က်န္းမာေရးဝန္ႀကီး Park Neung-hoo က ေျပာသြားတာျဖစ္ပါတယ္။

ဒီအမိန္႔ေၾကာင့္ လာမယ့္အဂၤါေန႔ကစၿပီး လူ ၅၀ ထက္ ပိုမစုရသလို အားကစားေလ့က်င့္ေရး စင္တာေတြ၊ ကာရာအိုေကဆုိင္ေတြ ပိတ္ရမွာျဖစ္ၿပီး ဘာသာေရးပဲြေတြကိုလည္း အင္တာနက္ကေန လုပ္ရမွာျဖစ္သလုိ ေက်ာင္းေတြကိုလည္း လူဦးေရ တင္းတင္းက်ပ္က်ပ္ ကန္႔သတ္သြားမွာ ျဖစ္ပါတယ္။

ဒါ့အျပင္ မေန႔ကလည္း ဆုိင္ေတြကို ည ၉ နာရီမွာပိတ္ဖို႔ အမိန္႔ထုတ္လိုက္ၿပီး အမ်ားျပည္သူ သယ္ယူပုိ႔ေဆာင္ေရး လုပ္ငန္းေတြကိုလည္း ညေနပိုင္းမွာ ၃၀ ရာခုိင္ႏႈန္းအထိ ေလွ်ာ့ခ်သြားဖို႔ ေတာင္ကိုရီးယားအစိုးရက အမိန္႔ထုတ္လိုက္ပါတယ္။

ေတာင္ကိုရီးယားႏုိင္ငံမွာ မေန႔ စေနေန႔က ဗုိင္းရပ္စ္ကူးစက္ခံရသူ ၆၃၁ ေယာက္ရွိခဲ့ၿပီး ဒါဟာ ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီနဲ႔ မတ္လကစၿပီး ေန႔စဥ္ကူးစက္မႈမွာ အမ်ားဆုံးျဖစ္ပါတယ္။ ေရာဂါကူးစက္သူေပါင္း စုစုေပါင္း ၃၇,၅၄၆ ေယာက္နဲ႔ ေသဆုံးသူ ၅၄၅ ေယာက္ရွိသြားၿပီ ျဖစ္ပါတယ္။

အခုေလာေလာဆယ္မွာ ေရာဂါျဖစ္ေန ၇,၈၀၀ ေက်ာ္ရွိၿပီး အဲဒီလူနာေတြကို ကုသဖို႔အတြက္ ေဆး႐ုံကုတင္ေတြကို ထပ္တုိးထားေပမယ့္ အခုလို ကူးစက္မႈေတြ ဆက္တုိးေနမယ္ဆုိရင္ေတာ့ လုံေလာက္မွာမဟုတ္ဘူးလို႔ ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

-----------------------

(Unicode)

တောင်ကိုရီးယားနိုင်ငံ ကပ်ရောဂါထိန်းချုပ်ရေး တင်းကျပ်မှုများ ထုတ်ပြန်

တောင်ကိုရီးယားနိုင်ငံမှာ ၉ လအတွင်း ဗိုင်းရပ်စ်ကူးစက်မှုတွေ အမြင့်ဆုံး ပြန်ဖြစ်လာနေပြီး ဒါကို ထိန်းချုပ်နိုင်ဖို့အတွက် အာဏာပိုင်တွေအနေနဲ့ ရုန်းကန်နေရတာကြောင့် မြို့တော် ဆိုးလ်မြို့နဲ့ အနီးနားတဝိုက်မှာ လာမယ့် အင်္ဂါနေ့ကစပြီး တယောက်နဲ့တယောက် ခပ်ခွာခွာနေဖို့ စည်းမျဉ်းတွေကို တင်းတင်းကျပ်ကျပ် ချမှတ်သွားမယ်လို့ တောင်ကိုရီးယား ကျန်းမာရေးအာဏာပိုင်တွေက ဒီနေ့ ပြောလိုက်ပါတယ်။

“ကျနော်တို့ဟာ အလွန်အန္တရာယ်များတဲ့ အခြေအနေမှာ ရောက်နေပါတယ်။ အခုလောလောဆယ် အနေအထားက ကျနော်တို့ရဲ့ ဆေးရုံတွေမှာ ထိန်းချုပ်နိုင်တဲ့ အနေအထားထက် ကျော်လွန်နေပါတယ်” လို့ တောင်ကိုရီးယားနိုင်ငံရဲ့ ကျန်းမာရေးဝန်ကြီး Park Neung-hoo က ပြောသွားတာဖြစ်ပါတယ်။

ဒီအမိန့်ကြောင့် လာမယ့်အင်္ဂါနေ့ကစပြီး လူ ၅၀ ထက် ပိုမစုရသလို အားကစားလေ့ကျင့်ရေး စင်တာတွေ၊ ကာရာအိုကေဆိုင်တွေ ပိတ်ရမှာဖြစ်ပြီး ဘာသာရေးပွဲတွေကိုလည်း အင်တာနက်ကနေ လုပ်ရမှာဖြစ်သလို ကျောင်းတွေကိုလည်း လူဦးရေ တင်းတင်းကျပ်ကျပ် ကန့်သတ်သွားမှာ ဖြစ်ပါတယ်။

ဒါ့အပြင် မနေ့ကလည်း ဆိုင်တွေကို ည ၉ နာရီမှာပိတ်ဖို့ အမိန့်ထုတ်လိုက်ပြီး အများပြည်သူ သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေကိုလည်း ညနေပိုင်းမှာ ၃၀ ရာခိုင်နှုန်းအထိ လျှော့ချသွားဖို့ တောင်ကိုရီးယားအစိုးရက အမိန့်ထုတ်လိုက်ပါတယ်။

တောင်ကိုရီးယားနိုင်ငံမှာ မနေ့ စနေနေ့က ဗိုင်းရပ်စ်ကူးစက်ခံရသူ ၆၃၁ ယောက်ရှိခဲ့ပြီး ဒါဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီနဲ့ မတ်လကစပြီး နေ့စဉ်ကူးစက်မှုမှာ အများဆုံးဖြစ်ပါတယ်။ ရောဂါကူးစက်သူပေါင်း စုစုပေါင်း ၃၇,၅၄၆ ယောက်နဲ့ သေဆုံးသူ ၅၄၅ ယောက်ရှိသွားပြီ ဖြစ်ပါတယ်။

အခုလောလောဆယ်မှာ ရောဂါဖြစ်နေ ၇,၈၀၀ ကျော်ရှိပြီး အဲဒီလူနာတွေကို ကုသဖို့အတွက် ဆေးရုံကုတင်တွေကို ထပ်တိုးထားပေမယ့် အခုလို ကူးစက်မှုတွေ ဆက်တိုးနေမယ်ဆိုရင်တော့ လုံလောက်မှာမဟုတ်ဘူးလို့ ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG