သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကုိဗစ္ကပ္ေရာဂါၾကားက အင္ဒုိနီးရွား ေရြးေကာက္ပြဲ


(Zawgyi/Unicode)

ကိုရိုနာဗိုင္းရပ္စ္ကူးစက္မႈေတြ ျမင့္မားလာနိုင္တယ္လို ့သတိေပးခ်က္ေတြရွိေနေပမယ့္ သန္းေပါင္းမ်ားစြာေသာ အင္ဒိုနီးရွားနိုင္ငံသားေတြဟာ ဗုဒၶဟူးေနမွာက်င္းပတဲ့ ေဒသဆိုင္ရာ ေရြးေကာက္ပြဲမွာ မဲေပးခဲ့ၾကပါတယ္။ ကနဦးမဲရလဒ္ေတြ အရေတာ့ သမၼတရဲ့ သားနဲ႔ သားမက္ျဖစ္သူတို႔က ပထမအႀကိမ္ အေရြးခ်ယ္ခံရဖို႔ ေရွ႕ကေျပးေနပါတယ္။

ကၽြန္းစုေတြနဲ႔ဖြဲ႔စည္းထားၿပီး လူဦး သန္းေပါင္း ၂၇၀ ေနထုိင္တဲ့ အင္ဒုိနီးရွားႏုိင္ငံဟာ ကမၻာ့ တတိယအႀကီးဆုံး ဒီမုိကေရစီႏုိင္ငံျဖစ္ၿပီး ကမၻာမွာ စတုတၳေျမာက္ လူဦးေရ အမ်ားဆုံး ႏုိင္ငံတခုလည္း ျဖစ္ပါတယ္။ ေရြးေကာက္ပြဲေတြကုိ မူလက စက္တင္ဘာလမွာ က်င္းပဖုိ႔ စီစဥ္ထားခဲ့ေပမယ့္ ကုိရုိနာဗုိင္းရပ္စ္ ကူးစက္ ျပန္႔ပြားမႈေတြ က်ယ္က်ယ္ျပန္႔ျပန္႔ ျဖစ္ေပၚေနတာေၾကာင့္ ေရြးေကာက္ပြဲကုိ ရက္ေရြ႕ဆုိင္းခဲ့တာပါ။

ၿမိဳ႕ေတာ္ ဂ်ာကာတာကေန အားလပ္ရက္ အပန္းေျဖထြက္တဲ့ ဘာလီကၽြန္းအထိ မဲရုံေတြမွာ တာ၀န္က်သူေတြဟာ က်န္းမာေရးဆုိင္ရာ အကာကြယ္၀တ္စုံေတြ ၀တ္ဆင္ထားၾကၿပီး မဲလာေပးၾကသူေတြ အခ်င္းခ်င္းၾကား ခပ္ခြာခြာ ေနၾကဖုိ႔နဲ႔ မဲဆႏၵရွင္ေတြကုိ အပူခ်ိန္တုိင္းတာေတြကုိ ေန႔လည္ ၁ နာရီမွာ မဲရုံေတြမပိတ္ခင္အထိ စီစဥ္ ေဆာင္ရြက္ေပးခဲ့ၾကပါတယ္။

ကမၻာမွာ မြတ္ဆလင္လူဦးေရ အမ်ားဆုံးျဖစ္တဲ့ အင္ဒုိနီးရွားက အစၥလာမ္ဘာသာအေပၚ အေျခခံတဲ့ ႏုိင္ငံေရးပါတီေတြကေတာ့ ႏုိင္ငံအတြင္း ဘာသာေရးအရ ေရွးရုိးစြဲအယူ၀ါဒအေပၚ ယုံၾကည္သက္၀င္မႈေတြ ႀကီးထြားလာေနတာေၾကာင့္ သူတုိ႔ အႏုိင္ရလိမ့္မယ္လုိ႔ ေမွ်ာ္လင့္ေနၾကပါတယ္။

ေရြးေကာက္ပြဲကာလအတြင္း အနည္းဆံုး ကိုယ္စားလွယ္ေလာင္း (၄) ဦး COVID-19 ေၾကာင့္ အသက္ဆံုးရႈံးခဲ့ရၿပီး မဲေပးတဲ့ေန႔ မတိုင္မီမွာပဲ မဲရံု၀န္ထမ္း ၁,၀၀၀ ထက္မနည္း ေရာဂါကူးစက္ခံခဲ့ရတယ္လုိ႔ လြတ္လပ္တဲ့ သုေတသနအဖြဲ ့တခုျဖစ္တဲ့ Laporcovid အဖြဲ႔က ေျပာပါတယ္။

အင္ဒိုနီးရွားႏုိင္ငံမွာ COVID-19 ေရာဂါကူးစက္ခံထားရသူ ၅၈၀,၀၀၀ နဲ ့ ေသဆံုးသူ ၁၈,၀၀၀ ရွိေနပါတယ္။ မဲေပးၿပီးေနာက္ေန႔ေတြမွာ ကူးစက္မႈ တသန္းေက်ာ္သြားနိုင္တယ္လို႔ အင္ဒိုနီးရွား လူထုက်န္းမာေရးကၽြမ္းက်င္သူမ်ားအဖြဲ႔က သတိေပးထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


..............

ကိုဗစ်ကပ်ရောဂါကြားက အင်ဒိုနီးရှား ရွေးကောက်ပွဲ
(Unicode)

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတွေ မြင့်မားလာနိုင်တယ်လို့သတိပေးချက်တွေရှိနေပေမယ့် သန်းပေါင်းများစွာသော အင်ဒိုနီးရှားနိုင်ငံသားတွေဟာ ဗုဒ္ဓဟူးနေမှာကျင်းပတဲ့ ဒေသဆိုင်ရာ ရွေးကောက်ပွဲမှာ မဲပေးခဲ့ကြပါတယ်။ ကနဦးမဲရလဒ်တွေ အရတော့ သမ္မတရဲ့ သားနဲ့ သားမက်ဖြစ်သူတို့က ပထမအကြိမ် အရွေးချယ်ခံရဖို့ ရှေ့ကပြေးနေပါတယ်။

ကျွန်းစုတွေနဲ့ဖွဲ့စည်းထားပြီး လူဦး သန်းပေါင်း ၂၇၀ နေထိုင်တဲ့ အင်ဒိုနီးရှားနိုင်ငံဟာ ကမ္ဘာ့ တတိယအကြီးဆုံး ဒီမိုကရေစီနိုင်ငံဖြစ်ပြီး ကမ္ဘာမှာ စတုတ္ထမြောက် လူဦးရေ အများဆုံး နိုင်ငံတခုလည်း ဖြစ်ပါတယ်။ ရွေးကောက်ပွဲတွေကို မူလက စက်တင်ဘာလမှာ ကျင်းပဖို့ စီစဉ်ထားခဲ့ပေမယ့် ကိုရိုနာဗိုင်းရပ်စ် ကူးစက် ပြန့်ပွားမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေတာကြောင့် ရွေးကောက်ပွဲကို ရက်ရွေ့ဆိုင်းခဲ့တာပါ။

မြို့တော် ဂျာကာတာကနေ အားလပ်ရက် အပန်းဖြေထွက်တဲ့ ဘာလီကျွန်းအထိ မဲရုံတွေမှာ တာဝန်ကျသူတွေဟာ ကျန်းမာရေးဆိုင်ရာ အကာကွယ်ဝတ်စုံတွေ ဝတ်ဆင်ထားကြပြီး မဲလာပေးကြသူတွေ အချင်းချင်းကြား ခပ်ခွာခွာ နေကြဖို့နဲ့ မဲဆန္ဒရှင်တွေကို အပူချိန်တိုင်းတာတွေကို နေ့လည် ၁ နာရီမှာ မဲရုံတွေမပိတ်ခင်အထိ စီစဉ် ဆောင်ရွက်ပေးခဲ့ကြပါတယ်။

ကမ္ဘာမှာ မွတ်ဆလင်လူဦးရေ အများဆုံးဖြစ်တဲ့ အင်ဒိုနီးရှားက အစ္စလာမ်ဘာသာအပေါ် အခြေခံတဲ့ နိုင်ငံရေးပါတီတွေကတော့ နိုင်ငံအတွင်း ဘာသာရေးအရ ရှေးရိုးစွဲအယူဝါဒအပေါ် ယုံကြည်သက်ဝင်မှုတွေ ကြီးထွားလာနေတာကြောင့် သူတို့ အနိုင်ရလိမ့်မယ်လို့ မျှော်လင့်နေကြပါတယ်။

ရွေးကောက်ပွဲကာလအတွင်း အနည်းဆုံး ကိုယ်စားလှယ်လောင်း (၄) ဦး COVID-19 ကြောင့် အသက်ဆုံးရှုံးခဲ့ရပြီး မဲပေးတဲ့နေ့ မတိုင်မီမှာပဲ မဲရုံဝန်ထမ်း ၁,၀၀၀ ထက်မနည်း ရောဂါကူးစက်ခံခဲ့ရတယ်လို့ လွတ်လပ်တဲ့ သုတေသနအဖွဲ့တခုဖြစ်တဲ့ Laporcovid အဖွဲ့က ပြောပါတယ်။

အင်ဒိုနီးရှားနိုင်ငံမှာ COVID-19 ရောဂါကူးစက်ခံထားရသူ ၅၈၀,၀၀၀ နဲ့ သေဆုံးသူ ၁၈,၀၀၀ ရှိနေပါတယ်။ မဲပေးပြီးနောက်နေ့တွေမှာ ကူးစက်မှု တသန်းကျော်သွားနိုင်တယ်လို့ အင်ဒိုနီးရှား လူထုကျန်းမာရေးကျွမ်းကျင်သူများအဖွဲ့က သတိပေးထားပါတယ်။

ဆက္စပ္သတင္းမ်ား ...

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG