သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်ဒိုနီးရှား လူ ၄ ဦး အသတ်ခံရမှုအတွက် IS တို့အပေါ် သံသယရှိ


အင်ဒိုနီးရှားနိုင်ငံ Sulawesi ပြည်နယ်မှာ အကြမ်းဖက်အဖွဲ့ဝင်တွေကို ရှာဖွေနေတဲ့ ရဲတပ်ဖွဲ့ဝင်များ။ (နိုဝင်ဘာ ၁၇၊ ၂၀၂၀)
အင်ဒိုနီးရှားနိုင်ငံ Sulawesi ပြည်နယ်မှာ အကြမ်းဖက်အဖွဲ့ဝင်တွေကို ရှာဖွေနေတဲ့ ရဲတပ်ဖွဲ့ဝင်များ။ (နိုဝင်ဘာ ၁၇၊ ၂၀၂၀)

(Zawgyi / Unicode)

အင်ဒိုနီးရှားနိုင်ငံ အလယ်ပိုင်း ဝေးလံခေါင်ဖျားဒေသမှာ IS အစ္စလာမ္မစ် စစ်သွေးကြွေ သံသယရှိသူတွေ လက်ချက်နဲ့ လူ ၄ ဦး သေဆုံးခဲ့တယ်လို့ အရာရှိတွေက ဆိုပါတယ်။

နိုင်ငံအလယ်ပိုင်း Sulawesi ပြည်နယ်က လူသူအရောက်အပေါက်နည်းတဲ့ ရွာတရွာမှာ ခုလိုဖြစ်ခဲ့ပြီး သံသယရှိထားတဲ့ ဒီ IS အဖွဲ့နဲ့ ဆက်စပ်တဲ့ အဖွဲ့ဝင်ဖြစ်နိုင်သူတွေကို ရဲတွေက လိုက်လံရှာဖွေနေပါတယ်။

ဒီ အင်ဒိုနီးရှားအရာရှိတွေကပဲ အိမ် ၆ လုံးလည်း မီးရှို့ခံခဲ့ရာမှာ ခရစ်ယာန်ဘုရားကျောင်းအဖြစ် အသုံးပြုခဲ့တဲ့ နေရာတခုလည်း ပါသွားခဲ့တယ်လို့ ဆိုပါတယ်။

Sulawesi ပြည်နယ် ရဲမှူးကြီး Abdul Rakhman Baso က မနေ့က ဗွီအိုအေကို ပြောရာမှာ Sigi မြို့ရှိ ဒီ Lembatan goa ရွာမှာ သောကြာနေ့ မနက် ၉ နာရီက ခုလိုဖြစ်ခဲ့ပြီး တဦးကို ခေါင်းဖြတ်သတ်ကာ နောက်တဦးကိုတော့ မီးရှို့သတ်ခဲ့တာလို့ ဆိုပါတယ်။

မျက်မြင်သက်သေတွေ ထွက်ချက်အရ ဒီတိုက်ခိုက်မှုလုပ်ခဲ့သူ ၈ ဦးဟာ MIT လို့ အတိုကောက်ခေါ်တဲ့ အရှေ့အင်ဒိုနီးရှား Mujahideen အဖွဲ့ကဖြစ်တယ်လို့ စစ်ဆေးရေးအရာရှိတွေက ယူဆထားပါတယ်။

ဒီရဲမှူးကြီးကပဲ အခုလို လူမဆန်တဲ့ စစ်သွေးကြွလုပ်ရပ်အပေါ် လုံးဝရှုတ်ချတယ်၊ ဒေသခံပြည်သူတွေအနေနဲ့ စိုးရိမ်ထိတ်လန့်မှု မရှိအောင် လုံခြုံရေး ဖြည့်ဆည်းပေးသွားမယ်လို့ ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

------------------------

(Unicode)








XS
SM
MD
LG