သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဝီဂါမြတ္ဆလင္ေတြအေရး အေလးေပးဖို႔ ဝန္ႀကီး Pompeo အင္ဒိုနီးရွားမွာ တိုက္တြန္း


အင္ဒိုနီးရွားႏိုင္ငံ Nahdlatul Ulama မွာ မိန္႔ခြန္းေျပာၾကားေနတဲ့ အေမရိကန္ႏုိင္ငံျခားေရး၀န္ႀကီး Mike Pompeo။ (ေအာက္တိုဘာ ၂၉၊ ၂၀၂၀)

[Zawgyi/Unicode]

တ႐ုတ္ႏိုင္ငံက ၀ီဂါမြတ္စလင္ေတြအေပၚ ျပဳမူဆက္ဆံေနတာေတြကို အင္ဒိုနီးရွားႏုိင္ငံသားေတြအေနနဲ႔ အေလးေပးအာ႐ုံစိုက္သင့္တယ္လို႔ အေမရိကန္ႏုိင္ငံျခားေရး၀န္ႀကီး Mike Pompeo က ဒီေန႔ တုိက္တြန္းလိုက္ပါတယ္။ တ႐ုတ္ႏုိင္ငံက ၀ီဂါေတြအေပၚ ဆက္ဆံတာဟာ ဘာသာေရးလြတ္လပ္မႈအတြက္ စိုးရိမ္စရာ အေကာင္းဆုံးၿခိမ္းေျခာက္မႈျဖစ္တယ္လို႔ ၀န္ႀကီး Pompeo က အင္ဒိုနီးရွားႏုိင္ငံကို ေရာက္ရွိေနစဥ္ ေျပာၾကားလိုက္တာျဖစ္ပါတယ္။

အင္ဒိုနီးရွားႏုိင္ငံရဲ႕ အစဥ္အလာအရ သည္းခံမႈရွိတဲ့အေပၚမွာ ခ်ီးက်ဴးလိုက္ေပမဲ့ "ခင္ဗ်ားတုိ႔ရဲ႕ ဘာသာတူ မြတ္စလင္ေတြကို ညွဥ္းပန္းႏွိပ္စက္ေနတာ မ်က္ႏွာလဲႊေနၾကဖို႔ တ႐ုတ္က တြန္းအားေပးတဲ့အေပၚ ျပန္ၿပီး အံတုၾကပါ။" လို႔ ၀န္ႀကီး Pompeo က ေျပာပါတယ္။

တ႐ုတ္နုိင္ငံဟာ ရွင္ဂ်န္းျပည္နယ္မွာရွိတဲ့ ၀ီဂါမြတ္စလင္လူနည္းစုေတြကို ရက္ရက္စက္စက္ ဆက္ဆံခဲ့ၿပီး သူတို႔ကို ထိန္းသိမ္းေရးစခန္းေတြမွာ ပိတ္ေလွာင္ၿပီးေတာ့ အစၥလာမ္ေတြရဲ႕ ဥပုသ္လမွာ တခ်ိဳ႕ေတြကို ၀က္သားအတင္းစားခုိင္းေနတယ္လို႔ ၀န္ႀကီး Pompeo က ေျပာပါတယ္။ ဒါ့အျပင္ အင္ဒိုနီးရွားက လူငယ္ေတြကို မိန္႔ခြန္းေျပာၾကားခဲ့တာမွာေတာ့ ၀န္ႀကီး Pompeo က တ႐ုတ္ႏုိင္ငံဟာ ၀ီဂါကေလးငယ္ေတြကို မိဘေတြနဲ႔ သီးျခားခဲြထားၿပီး သားေၾကာျဖတ္တာေတြလည္း အတင္းလုပ္ေနတယ္လို႔ စြပ္စဲြေျပာဆုိလုိက္ပါတယ္။

တ႐ုတ္နုိင္ငံကေတာ့ ၀ီဂါေတြအေပၚမွာ ညွဥ္းပန္းႏွိပ္စက္တာေတြ မလုပ္ဘူးလို႔ ျငင္းဆုိလိုက္ၿပီး အဲဒီစခန္းေတြဟာလည္း အစြန္းေရာက္၀ါဒတုိက္ဖ်က္ဖို႔ နဲ႔ ဖြံ႕ၿဖိဳးတုိးတက္မႈေတြအတြက္ လိုအပ္တဲ့ သက္ေမြး၀မ္းေက်ာင္းေတြကို သင္ေပးေနတာျဖစ္တယ္လို႔ ေျပာထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ဝီဂါမွတ်ဆလင်တွေအရေး အလေးပေးဖို့ ဝန်ကြီး Pompeo အင်ဒိုနီးရှားမှာ တိုက်တွန်း

တရုတ်နိုင်ငံက ဝီဂါမွတ်စလင်တွေအပေါ် ပြုမူဆက်ဆံနေတာတွေကို အင်ဒိုနီးရှားနိုင်ငံသားတွေအနေနဲ့ အလေးပေးအာရုံစိုက်သင့်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က ဒီနေ့ တိုက်တွန်းလိုက်ပါတယ်။ တရုတ်နိုင်ငံက ဝီဂါတွေအပေါ် ဆက်ဆံတာဟာ ဘာသာရေးလွတ်လပ်မှုအတွက် စိုးရိမ်စရာ အကောင်းဆုံးခြိမ်းခြောက်မှုဖြစ်တယ်လို့ ဝန်ကြီး Pompeo က အင်ဒိုနီးရှားနိုင်ငံကို ရောက်ရှိနေစဉ် ပြောကြားလိုက်တာဖြစ်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံရဲ့ အစဉ်အလာအရ သည်းခံမှုရှိတဲ့အပေါ်မှာ ချီးကျူးလိုက်ပေမဲ့ "ခင်ဗျားတို့ရဲ့ ဘာသာတူ မွတ်စလင်တွေကို ညှဉ်းပန်းနှိပ်စက်နေတာ မျက်နှာလွဲှနေကြဖို့ တရုတ်က တွန်းအားပေးတဲ့အပေါ် ပြန်ပြီး အံတုကြပါ။" လို့ ဝန်ကြီး Pompeo က ပြောပါတယ်။

တရုတ်နိုင်ငံဟာ ရှင်ဂျန်းပြည်နယ်မှာရှိတဲ့ ဝီဂါမွတ်စလင်လူနည်းစုတွေကို ရက်ရက်စက်စက် ဆက်ဆံခဲ့ပြီး သူတို့ကို ထိန်းသိမ်းရေးစခန်းတွေမှာ ပိတ်လှောင်ပြီးတော့ အစ္စလာမ်တွေရဲ့ ဥပုသ်လမှာ တချို့တွေကို ဝက်သားအတင်းစားခိုင်းနေတယ်လို့ ဝန်ကြီး Pompeo က ပြောပါတယ်။ ဒါ့အပြင် အင်ဒိုနီးရှားက လူငယ်တွေကို မိန့်ခွန်းပြောကြားခဲ့တာမှာတော့ ဝန်ကြီး Pompeo က တရုတ်နိုင်ငံဟာ ဝီဂါကလေးငယ်တွေကို မိဘတွေနဲ့ သီးခြားခွဲထားပြီး သားကြောဖြတ်တာတွေလည်း အတင်းလုပ်နေတယ်လို့ စွပ်စွဲပြောဆိုလိုက်ပါတယ်။

တရုတ်နိုင်ငံကတော့ ဝီဂါတွေအပေါ်မှာ ညှဉ်းပန်းနှိပ်စက်တာတွေ မလုပ်ဘူးလို့ ငြင်းဆိုလိုက်ပြီး အဲဒီစခန်းတွေဟာလည်း အစွန်းရောက်ဝါဒတိုက်ဖျက်ဖို့ နဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေအတွက် လိုအပ်တဲ့ သက်မွေးဝမ်းကျောင်းတွေကို သင်ပေးနေတာဖြစ်တယ်လို့ ပြောထားပါတယ်။

XS
SM
MD
LG