သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တရုတ္ကို ရင္ဆိုင္ဖို႔ ကန္-အိႏၵိယ စစ္ေရးအခ်က္အလက္ဖလွယ္ေရး သေဘာတူ


(Zawgyi/Unicode)

အေမရိကန္နဲ႔ အိႏၵိယႏွစ္နိုင္ငံအၾကား စစ္ေရး သတင္းအခ်က္အလက္ ဖလွယ္ေရး သမိုင္းဝင္ သေဘာတူစာခ်ဳပ္ တစ္ရပ္ကို လက္မွတ္ ေရးထိုးလိုက္ၾကၿပီ ျဖစ္ပါတယ္။ ေဒသ ပထဝီဝင္ သတင္းအခ်က္အလက္ေတြ ရရွိဖို႔ အတူလက္တြဲလုပ္ေဆာင္ေရး ပူးေပါင္းေဆာင္ရြက္ မႈနဲ႔ အခ်က္အလက္ ဖလွယ္မႈ သေဘာတူညီခ်က္(BECA)ကို အဂၤါေန႔က ႏွစ္နိုင္ငံ လက္မွတ္ေရးထိုးခဲ့ၾကတာပါ။ သေဘာတူ စာခ်ဳပ္ ကို လက္မွတ္ေရးထိုးၾကသလို ႏွစ္နိုင္ငံ လုံျခဳံေရးနဲ႔ မဟာဗ်ဴဟာဆက္ဆံေရး တိုးျမႇင့္ဖို႔ၾကဖို႔ကိုလည္း သေဘာတူညီခဲ့ၾကပါတယ္။

အင္ဒို- ပစိဖိတ္ေဒသမွာ တ႐ုတ္နိုင္ငံရဲ့ အင္အားသုံးျပဳမူမႈေတြအေပၚ တုန္႔ျပန္ဖို႔အေရး အိႏၵိယနိုင္ငံနဲ႔ ပူးေပါင္း ေဆာင္ရြက္ ေရး ျမႇင့္တင္ ဖို႔ အေမရိကန္နိုင္ငံျခားေရး ဝန္ႀကီးနဲ႔ ကာကြယ္ေရး ဝန္ႀကီးတို႔ ႏွစ္ဦးစလုံးက အေလးထား ေဆြးေႏြးခဲ့ၾကပါတယ္။

“တ႐ုတ္ ကြန္ျမဴနစ္ ပါတီဟာ ဒီမိုကေရစီ စနစ္၊ တရားဥပေဒ စိုးမိုးေရးနဲ႔ ပြင့္လင္းျမင္သာမႈေတြရဲ့ မိတ္ေဆြမဟုတ္သလို လြတ္လပ္စြာ ေရေၾကာင္းသြားလာေရးနဲ႔ ပြင့္လင္းၿပီး ႀကီးပြားတိုးတက္မယ့္ အင္ဒို-ပစိဖိတ္ ေဒသအတြက္လည္း မိတ္ေဆြ မဟုတ္ဘူးဆိုတာကို ကၽြန္ေတာ္တို႔ ေခါင္းေဆာင္ေတြနဲ႔ ျပည္သူေတြ ပိုၿပီး ရွင္းရွင္းလင္းလင္း သေဘာေပါက္လာၾကၿပီ ျဖစ္ေၾကာင္း” အေမရိကန္ နိုင္ငံျခား ေရး ဝန္ႀကီး Mike Pompeo က အဂၤါေန႔က နယူးေဒလီမွာ ျပဳလုပ္တဲ့ သတင္းစာ ရွင္းလင္းပြဲမွာ ေျပာသြား တာ ျဖစ္ပါတယ္။

Pompeoနဲ႔ အတူ ရွိေနတဲ့ အေမရိကန္ ကာကြယ္ေရး ဝန္ႀကီးMark Esperကလည္း တ႐ုတ္နိုင္ငံရဲ့ အင္ဒို-ပစိဖိတ္ေဒသတြင္း မတည္မၿငိမ္ ျဖစ္ေစ တဲ့ ျပဳမူ လႈပ္ရွားမႈေတြေအာက္မွာ နိုင္ငံေတြ ပိတ္ဆို႔မႈမရွိဘဲ လြတ္လပ္မႈရွိေစေရး အားလုံးနဲ႔ ရင္ေဘာင္တန္း ရပ္တည္ သြား မယ္လို႔ ေျပာပါတယ္။

အိႏၵိယနိုင္ငံက အေမရိကန္နိုင္ငံျခားေရး ဝန္ႀကီးPompeoရဲ့ အာရွ ေလးနိုင္ငံ ခရီးစဥ္ရဲ့ ပထမ ခရီးတစ္ေထာက္ျဖစ္ပါတယ္။ ဒီ ခရီး စဥ္ဟာ တ႐ုတ္ရဲ့ ၿခိမ္းေျခာက္မႈကို တန္ျပန္ဖို႔ ရည္ရြယ္လာေရာက္တာလည္း ျဖစ္ပါတယ္။

ႏွစ္နိုင္ငံ ခ်ဳပ္ဆိုခဲ့တဲ့ BECA စာခ်ဳပ္အရ ဒုံးက်ည္ေတြနဲ႔ လက္နက္တပ္ဆင္ထားတဲ့dronesယာဥ္ေတြကို ပစ္မွတ္ ထား ရွာေဖြရာမွာ အေရးပါတဲ့ ပထဝီဝင္နဲ႔ ေလေၾကာင္းဆိုင္ရာ အခ်က္အလက္ေတြကို အိႏၵိယနိုင္ငံက ရယူနိုင္မွာ ျဖစ္ပါတယ္။

ဝန္ႀကီးPompeoက အိႏၵိယကေန သီရိလကၤာ၊ ေမာ္လဒိုက္နဲ႔ အင္ဒိုနီးရွားနိုင္ငံေတြကို ဆက္လက္သြားေရာက္မွာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္



................

တရုတ်ကို ရင်ဆိုင်ဖို့ ကန်-အိန္ဒိယ စစ်ရေးအချက်အလက်ဖလှယ်ရေး သဘောတူ

(Unicode)

အမေရိကန်နဲ့ အိန္ဒိယနှစ်နိုင်ငံအကြား စစ်ရေး သတင်းအချက်အလက် ဖလှယ်ရေး သမိုင်းဝင် သဘောတူစာချုပ် တစ်ရပ်ကို လက်မှတ် ရေးထိုးလိုက်ကြပြီ ဖြစ်ပါတယ်။ ဒေသ ပထဝီဝင် သတင်းအချက်အလက်တွေ ရရှိဖို့ အတူလက်တွဲလုပ်ဆောင်ရေး ပူးပေါင်းဆောင်ရွက် မှုနဲ့ အချက်အလက် ဖလှယ်မှု သဘောတူညီချက်(BECA)ကို အင်္ဂါနေ့က နှစ်နိုင်ငံ လက်မှတ်ရေးထိုးခဲ့ကြတာပါ။ သဘောတူ စာချုပ် ကို လက်မှတ်ရေးထိုးကြသလို နှစ်နိုင်ငံ လုံခြုံရေးနဲ့ မဟာဗျူဟာဆက်ဆံရေး တိုးမြှင့်ဖို့ကြဖို့ကိုလည်း သဘောတူညီခဲ့ကြပါတယ်။

အင်ဒို- ပစိဖိတ်ဒေသမှာ တရုတ်နိုင်ငံရဲ့ အင်အားသုံးပြုမူမှုတွေအပေါ် တုန့်ပြန်ဖို့အရေး အိန္ဒိယနိုင်ငံနဲ့ ပူးပေါင်း ဆောင်ရွက် ရေး မြှင့်တင် ဖို့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးနဲ့ ကာကွယ်ရေး ဝန်ကြီးတို့ နှစ်ဦးစလုံးက အလေးထား ဆွေးနွေးခဲ့ကြပါတယ်။

“တရုတ် ကွန်မြူနစ် ပါတီဟာ ဒီမိုကရေစီ စနစ်၊ တရားဥပဒေ စိုးမိုးရေးနဲ့ ပွင့်လင်းမြင်သာမှုတွေရဲ့ မိတ်ဆွေမဟုတ်သလို လွတ်လပ်စွာ ရေကြောင်းသွားလာရေးနဲ့ ပွင့်လင်းပြီး ကြီးပွားတိုးတက်မယ့် အင်ဒို-ပစိဖိတ် ဒေသအတွက်လည်း မိတ်ဆွေ မဟုတ်ဘူးဆိုတာကို ကျွန်တော်တို့ ခေါင်းဆောင်တွေနဲ့ ပြည်သူတွေ ပိုပြီး ရှင်းရှင်းလင်းလင်း သဘောပေါက်လာကြပြီ ဖြစ်ကြောင်း” အမေရိကန် နိုင်ငံခြား ရေး ဝန်ကြီးMike Pompeoက အင်္ဂါနေ့က နယူးဒေလီမှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွား တာ ဖြစ်ပါတယ်။

Pompeoနဲ့ အတူ ရှိနေတဲ့ အမေရိကန် ကာကွယ်ရေး ဝန်ကြီးMark Esperကလည်း တရုတ်နိုင်ငံရဲ့ အင်ဒို-ပစိဖိတ်ဒေသတွင်း မတည်မငြိမ် ဖြစ်စေ တဲ့ ပြုမူ လှုပ်ရှားမှုတွေအောက်မှာ နိုင်ငံတွေ ပိတ်ဆို့မှုမရှိဘဲ လွတ်လပ်မှုရှိစေရေး အားလုံးနဲ့ ရင်ဘောင်တန်း ရပ်တည် သွား မယ်လို့ ပြောပါတယ်။

အိန္ဒိယနိုင်ငံက အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးPompeoရဲ့ အာရှ လေးနိုင်ငံ ခရီးစဉ်ရဲ့ ပထမ ခရီးတစ်ထောက်ဖြစ်ပါတယ်။ ဒီ ခရီး စဉ်ဟာ တရုတ်ရဲ့ ခြိမ်းခြောက်မှုကို တန်ပြန်ဖို့ ရည်ရွယ်လာရောက်တာလည်း ဖြစ်ပါတယ်။

နှစ်နိုင်ငံ ချုပ်ဆိုခဲ့တဲ့ BECA စာချုပ်အရ ဒုံးကျည်တွေနဲ့ လက်နက်တပ်ဆင်ထားတဲ့dronesယာဉ်တွေကို ပစ်မှတ် ထား ရှာဖွေရာမှာ အရေးပါတဲ့ ပထဝီဝင်နဲ့ လေကြောင်းဆိုင်ရာ အချက်အလက်တွေကို အိန္ဒိယနိုင်ငံက ရယူနိုင်မှာ ဖြစ်ပါတယ်။

ဝန်ကြီးPompeoက အိန္ဒိယကနေ သီရိလင်္ကာ၊ မော်လဒိုက်နဲ့ အင်ဒိုနီးရှားနိုင်ငံတွေကို ဆက်လက်သွားရောက်မှာ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG