(Zawgyi / Unicode)
အေမရိကန္ျပည္ေထာင္စု စုံစမ္းစစ္ေဆးေရးဗ်ဳ႐ို FBI က အလိုအရွိဆုံး al Qaeda စစ္ေသြးႂကြ အႀကီးတန္းအဖြဲ႔ေခါင္းေဆာင္ Abu Muhsin al-Masri ကို အာဖဂန္ လုံၿခဳံေရးတပ္ဖြဲ႔က သတ္ျဖတ္သုတ္သင္ခဲ့တယ္လို႔ အာဖဂန္ အမ်ိဳးသားလုံၿခဳံေရးအဖြဲ႔ (NDS) က တြစ္တာစာမ်က္ႏွာမွာ စေနေန႔ေႏွာင္းပိုင္းက ေရးသားခဲ့ပါတယ္။
Al-Masri ဟာ ျပည္ပအၾကမ္းဖက္အဖြဲ႕ေတြကို လိုအပ္တဲ့ ပစၥည္းအေထာက္အပံ့ ေပးေနသလို အေမရိကန္ႏုိင္ငံသားေတြကို သတ္ျဖတ္ဖို႔ လွ်ိဳ႕ဝွက္ပူးေပါင္း ႀကံစည္မႈနဲ႔ အေမရိကန္ႏုိင္ငံတြင္း စြဲခ်က္တင္ထားတာပါ။ al Qaeda အဖြဲ႔ ဒုတိယ အႀကီးဆုံးေခါင္းေဆာင္တဦး ျဖစ္တယ္လို႔ ယူဆထားတဲ့ Al-Masri ကို အာဖဂန္ အေရွ႕ပိုင္း Ghazni အထူးစစ္ဆင္ေရး တခုအတြင္း သတ္ျဖတ္ခဲ့တာျဖစ္တယ္လို႔ NDS က ေျပာပါတယ္။
အီဂ်စ္လူမ်ိဳးတဦးျဖစ္တဲ့ Al-Masri ဟာ အိႏၵိယကၽြန္းဆြယ္တဝိုက္ al Qaeda စစ္ေသြးႂကြအဖြဲ႔ အုပ္ခ်ဳပ္သူ ေခါင္းေဆာင္လည္းျဖစ္တယ္လို႔ FBI က ေျပာပါတယ္။
အာဖဂန္မွာ al Qaeda စစ္ေသြးႂကြ ၂၀၀ နီးပါး လႈပ္ရွားမႈေတြ ရွိေနေသးတယ္လို႔ ၿပီးခဲ့တဲ့လကပဲ အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီး Mike Pompeo က ေျပာခဲ့တာပါ။
al Qaeda အဖြဲ႔က ၂၀၀၁ ခုႏွစ္ စက္တင္ဘာ ၁၁ ရက္ေန႔ အေမရိကန္ႏုိင္ငံတြင္း 9/11 အၾကမ္းဖက္တိုက္ခိုက္မႈေတြကို ျပဳလုပ္ခဲ့တာပါ။ al Qaeda စစ္ေသြးႂကြေတြကို အာဖဂန္မွာ ခိုလႈံခြင့္ေပးထားတဲ့ တာလီဘန္ေခါင္းေဆာင္တခ်ိဳ႕ကို တိုက္ထုတ္ဖို႔အတြက္ အာဖဂန္ကို အေမရိကန္က က်ဴးေက်ာ္ဝင္ေရာက္ေနတာ ဒီလအတြင္း ၁၉ ႏွစ္ျပည့္ၿပီလည္း ျဖစ္ပါတယ္။
ေဖေဖာ္ဝါရီလတုန္းက အာဖဂန္နဲ႔ တာလီဘန္အဖြဲ႕ေတြၾကား အေမရိကန္ ဦးေဆာင္မႈနဲ႔ သေဘာတူညီခ်က္တခ်ိဳ႕ ရၿပီးတဲ့ေနာက္ အေမရိကန္က သူ႔ရဲ႕တပ္ေတြကို တျဖည္းျဖည္း ျပန္ၿပီး ႐ုပ္သိမ္းေနၿပီလည္း ျဖစ္ပါတယ္။
---------------------------
(Unicode)
FBI အလိုရှိသူ al Qaeda ခေါင်းဆောင် အာဖဂန်လုံခြုံရေးတပ် သုတ်သင်
အမေရိကန်ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗျုရို FBI က အလိုအရှိဆုံး al Qaeda စစ်သွေးကြွ အကြီးတန်းအဖွဲ့ခေါင်းဆောင် Abu Muhsin al-Masri ကို အာဖဂန် လုံခြုံရေးတပ်ဖွဲ့က သတ်ဖြတ်သုတ်သင်ခဲ့တယ်လို့ အာဖဂန် အမျိုးသားလုံခြုံရေးအဖွဲ့ (NDS) က တွစ်တာစာမျက်နှာမှာ စနေနေ့နှောင်းပိုင်းက ရေးသားခဲ့ပါတယ်။
Al-Masri ဟာ ပြည်ပအကြမ်းဖက်အဖွဲ့တွေကို လိုအပ်တဲ့ ပစ္စည်းအထောက်အပံ့ ပေးနေသလို အမေရိကန်နိုင်ငံသားတွေကို သတ်ဖြတ်ဖို့ လျှို့ဝှက်ပူးပေါင်း ကြံစည်မှုနဲ့ အမေရိကန်နိုင်ငံတွင်း စွဲချက်တင်ထားတာပါ။ al Qaeda အဖွဲ့ ဒုတိယ အကြီးဆုံးခေါင်းဆောင်တဦး ဖြစ်တယ်လို့ ယူဆထားတဲ့ Al-Masri ကို အာဖဂန် အရှေ့ပိုင်း Ghazni အထူးစစ်ဆင်ရေး တခုအတွင်း သတ်ဖြတ်ခဲ့တာဖြစ်တယ်လို့ NDS က ပြောပါတယ်။
အီဂျစ်လူမျိုးတဦးဖြစ်တဲ့ Al-Masri ဟာ အိန္ဒိယကျွန်းဆွယ်တဝိုက် al Qaeda စစ်သွေးကြွအဖွဲ့ အုပ်ချုပ်သူ ခေါင်းဆောင်လည်းဖြစ်တယ်လို့ FBI က ပြောပါတယ်။
အာဖဂန်မှာ al Qaeda စစ်သွေးကြွ ၂၀၀ နီးပါး လှုပ်ရှားမှုတွေ ရှိနေသေးတယ်လို့ ပြီးခဲ့တဲ့လကပဲ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က ပြောခဲ့တာပါ။
al Qaeda အဖွဲ့က ၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက်နေ့ အမေရိကန်နိုင်ငံတွင်း 9/11 အကြမ်းဖက်တိုက်ခိုက်မှုတွေကို ပြုလုပ်ခဲ့တာပါ။ al Qaeda စစ်သွေးကြွတွေကို အာဖဂန်မှာ ခိုလှုံခွင့်ပေးထားတဲ့ တာလီဘန်ခေါင်းဆောင်တချို့ကို တိုက်ထုတ်ဖို့အတွက် အာဖဂန်ကို အမေရိကန်က ကျူးကျော်ဝင်ရောက်နေတာ ဒီလအတွင်း ၁၉ နှစ်ပြည့်ပြီလည်း ဖြစ်ပါတယ်။
ဖေဖော်ဝါရီလတုန်းက အာဖဂန်နဲ့ တာလီဘန်အဖွဲ့တွေကြား အမေရိကန် ဦးဆောင်မှုနဲ့ သဘောတူညီချက်တချို့ ရပြီးတဲ့နောက် အမေရိကန်က သူ့ရဲ့တပ်တွေကို တဖြည်းဖြည်း ပြန်ပြီး ရုပ်သိမ်းနေပြီလည်း ဖြစ်ပါတယ်။