သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

၉/၁၁ ႏွစ္ပတ္လည္ ေအာက္ေမ့ဖြယ္အခမ္းအနား အြန္လိုင္းက လုပ္မယ္


World Trade စင္တာမွာ ခ်ိတ္ဆဲြထားတဲ့ အေမရိကန္အလံ။ (စက္တင္ဘာ ၁၁၊ ၂၀၁၉)

[Zawgyi/Unicode]

အေမရိကန္ျပည္ေထာင္စုမွာ 9/11 အၾကမ္းဖက္ဝါဒစြဲ တုိက္ခုိက္ခံရမႈ ႏွစ္ပတ္လည္ေန႔ျဖစ္တဲ့ ဒီကေန႔မွာ ဝါရွင္တန္ ဒီစီၿမိဳ႕ေတာ္အနီးက ဗာဂ်ီးနီးယားျပည္နယ္၊ Arlington မွာ ႏွစ္ပတ္လည္ ေအာက္ေမ့ဖြယ္အခမ္းအနားကို အြန္လိုင္းကေနပဲ က်င္းပဖို႔ စီစဥ္ထားပါတယ္။

လြန္ခဲ့တဲ့ ၁၉ ႏွစ္က ျပန္ေပးဆြဲခံခဲ့ရတဲ့ အေမရိကန္ေလေၾကာင္းလိုင္းအမွတ္ ၇၇ ေလယာဥ္ဟာ ပန္တဂြန္စစ္ဌာနခ်ဳပ္ အေဆာက္အဦး အေနာက္ဘက္ျခမ္းမွာ ပ်က္က်ခဲ့တာေၾကာင့္ လူေပါင္း ၁၈၄ ဦးေသဆုံးခဲ့ပါတယ္။ ကိုရိုနာဗုိင္းရပ္စ္ ကပ္ေရာဂါေၾကာင့္ အြန္လိုင္းကေန ဒီကေန႔က်င္းပမယ့္ ေအာက္ေမ့ဖြယ္အခမ္းအနားကို ခ႐ိုင္အစိုးရ အင္တာနက္စာမ်က္ႏွာကေန တုိက္႐ိုက္ထုတ္လႊင့္ျပသမွာလည္းျဖစ္ပါတယ္။

မနက္ ၉ နာရီခြဲမွာ စတင္မယ့္ အခမ္းအနားကို ခရိုင္ဂုဏ္ျပဳတပ္ဖြဲ႔က အလံကိုင္ခ်ီတက္သ႐ုပ္ျပၿပီး ပန္းေခြခ်တာ၊ ေလယာဥ္ ၀င္တုိက္ခဲ့တဲ့ မနက္ ၉ နာရီ ၃၇ မိနစ္မွာ ခဏတာ ၿငိမ္သက္တာမ်ိဳးေတြလည္း ပါ၀င္မွာျဖစ္ပါတယ္။

နယူးေယာက္ၿမိဳ ႔က မိုးေမ ွ်ာ္ညီေနာင္ တုိက္ခိုက္ခံရတဲ့ေနရာမွာလည္း ေအာက္ေမ့ဖြယ္အခမ္းအနားကို ႀကိဳတင္ရိုက္ကူးထားတဲ့ ဗြီဒီယိုေတြကို 9/11 ျပတုိက္ အင္တာနက္စာမ်က္ႏွာမွာ ဒီကေန႔မနက္ထုတ္လႊင့့္ျပသရင္း က်င္းပမွာျဖစ္ပါတယ္။ 9/11 မွာေသဆုံးခဲ့တဲ့သူေတြရဲ ႔မိသားစု၀င္ေတြကိုေတာ့ အထိမ္းအမွတ္ေနရာမွာ မနက္ပိုင္းမွာ လာေရာက္ခြင့္ျပဳထားၿပီး ေန႔လည္ပိုင္းက်ရင္ေတာ့ အမ်ားျပည္သူေတြအတြက္ ဖြင့္ေပးမွာျဖစ္ပါတယ္။

၂၀၀၁ ခုႏွစ္ စက္တင္ဘာလ ၁၁ ရက္ေန႔မွာ နယူးေယာက္၊ ဗာဂ်ီးနီးယားနဲ႔ Pennsylvani ျပည္နယ္ေတြမွ Al-Qaida အဖြဲ႔၀င္ ၁၉ ဦးက ေလယာဥ္ေတြ ျပန္ေပးဆြဲၿပီး တိုက္ခိုက္ခဲ့တာေၾကာင့္ လူေပါင္း ၃,၀၀၀ နီးပါး ေသဆုံးခဲ့ရတာျဖစ္ပါတယ္။

[Unicode Version]

၉/၁၁ နှစ်ပတ်လည် အောက်မေ့ဖွယ်အခမ်းအနား အွန်လိုင်းက လုပ်မယ်

အမေရိကန်ပြည်ထောင်စုမှာ 9/11 အကြမ်းဖက်ဝါဒစွဲ တိုက်ခိုက်ခံရမှု နှစ်ပတ်လည်နေ့ဖြစ်တဲ့ ဒီကနေ့မှာ ဝါရှင်တန် ဒီစီမြို့တော်အနီးက ဗာဂျီးနီးယားပြည်နယ်၊ Arlington မှာ နှစ်ပတ်လည် အောက်မေ့ဖွယ်အခမ်းအနားကို အွန်လိုင်းကနေပဲ ကျင်းပဖို့ စီစဉ်ထားပါတယ်။

လွန်ခဲ့တဲ့ ၁၉ နှစ်က ပြန်ပေးဆွဲခံခဲ့ရတဲ့ အမေရိကန်လေကြောင်းလိုင်းအမှတ် ၇၇ လေယာဉ်ဟာ ပန်တဂွန်စစ်ဌာနချုပ် အဆောက်အဦး အနောက်ဘက်ခြမ်းမှာ ပျက်ကျခဲ့တာကြောင့် လူပေါင်း ၁၈၄ ဦးသေဆုံးခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် အွန်လိုင်းကနေ ဒီကနေ့ကျင်းပမယ့် အောက်မေ့ဖွယ်အခမ်းအနားကို ခရိုင်အစိုးရ အင်တာနက်စာမျက်နှာကနေ တိုက်ရိုက်ထုတ်လွှင့်ပြသမှာလည်းဖြစ်ပါတယ်။

မနက် ၉ နာရီခွဲမှာ စတင်မယ့် အခမ်းအနားကို ခရိုင်ဂုဏ်ပြုတပ်ဖွဲ့က အလံကိုင်ချီတက်သရုပ်ပြပြီး ပန်းခွေချတာ၊ လေယာဉ် ဝင်တိုက်ခဲ့တဲ့ မနက် ၉ နာရီ ၃၇ မိနစ်မှာ ခဏတာ ငြိမ်သက်တာမျိုးတွေလည်း ပါဝင်မှာဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၁၉ နှစ်က ပြန်ပေးဆွဲခံခဲ့ရတဲ့ အမေရိကန်လေကြောင်းလိုင်းအမှတ် ၇၇ လေယာဉ်ဟာ ပန်တဂွန်စစ်ဌာနချုပ် အဆောက်အဦး အနောက်ဘက်ခြမ်းမှာ ပျက်ကျခဲ့တာကြောင့် လူပေါင်း ၁၈၄ ဦးသေဆုံးခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် အွန်လိုင်းကနေ ဒီကနေ့ကျင်းပမယ့် အောက်မေ့ဖွယ်အခမ်းအနားကို ခရိုင်အစိုးရ အင်တာနက်စာမျက်နှာကနေ တိုက်ရိုက်ထုတ်လွှင့်ပြသမှာလည်းဖြစ်ပါတယ်။

၂၀၀၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့မှာ နယူးယောက်၊ ဗာဂျီးနီးယားနဲ့ Pennsylvani ပြည်နယ်တွေမှ Al-Qaida အဖွဲ့ဝင် ၁၉ ဦးက လေယာဉ်တွေ ပြန်ပေးဆွဲပြီး တိုက်ခိုက်ခဲ့တာကြောင့် လူပေါင်း ၃,၀၀၀ နီးပါး သေဆုံးခဲ့ရတာဖြစ်ပါတယ်။

XS
SM
MD
LG