သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

9/11 အၾကမ္းဖက္တုိက္ခုိက္မႈ ၁၉ ႏွစ္ ျပည့္ၿပီ


APTOPIX Sept 11 Anniversary

(Zawgyi/Unicode)
စက္တင္ဘာလ ၁၁ ရက္ေန႔ဟာ ၂၀၀၁ ခုႏွစ္က အေမရိကန္ျပည္ေထာင္စု၊ နယူးေယာက္၊ ဗာဂ်ီးနီးယားနဲ႔ Pennsylvani ျပည္နယ္ေတြမွာ အၾကမ္းဖက္ဝါဒီေတြရဲ႕ တိုက္ခိုက္မႈေၾကာင့္ လူေပါင္း ၃,၀၀၀ နီးပါး ေသဆုံးခဲ့ရတဲ့ 9/11 ႏွစ္ပတ္လည္ေန႔ ျဖစ္ပါတယ္။

Al-Qaida အဖြဲ႔၀င္ ၁၉ ဦးက ေလယာဥ္ေတြ ျပန္ေပးဆြဲၿပီး အဲဒီ အၾကမ္းဖက္ တုိက္ခုိက္မႈေတြကုိ ျပဳလုပ္ခဲ့ၾကတာပါ။ အခုဆုိရင္ 9/11 အၾကမ္းဖက္တုိက္ခုိက္မႈျဖစ္သြားခဲ့တာ ၁၉ ႏွစ္ ရွိခဲ့ပါၿပီ။

၁၉၄၁ ခုႏွစ္က ပုလဲဆိပ္ကမ္းကုိ ဂ်ပန္ေတြ ၀င္ေရာက္တုိက္ခုိက္ခဲ့မႈေနာက္ပုိင္း အေမရိကန္သမုိင္းမွာ ျဖစ္ခဲ့တဲ့ ဒီ အဆုိးရြားဆုံး အၾကမ္းဖက္ တုိက္ခုိက္မႈေၾကာင့္ လုံၿခံဳေရးအေပၚ အေမရိကန္ေတြရဲ႕ အျမင္သေဘာထားကုိ ထာ၀ရ ေျပာင္းလဲသြားေစခဲ့တဲ့အျပင္ အဲဒီအခ်ိန္က သမၼတအျဖစ္ တာ၀န္ထမ္းေဆာင္ေနတဲ့ George W. Bush က အၾကမ္းဖက္လုပ္ရပ္အေပၚ စစ္ေၾကညာၿပီး အာဖဂန္နစၥတန္ကုိ ၀င္ေရာက္ တုိက္ခုိက္ခဲ့ပါတယ္။

အေမရိကန္ဦးေဆာင္တဲ့ ညြန္႔ေပါင္းတပ္ဖြဲ႔ေတြက အဲဒီအခ်ိန္က အာဖဂန္မွာ အာဏာရေနတဲ့ တာလီဘန္ေတြကုိ ျဖဳတ္ခ်ႏုိင္ခဲ့ပါတယ္။ ကေန႔အခ်ိန္ထိ အာဖဂန္မွာ စစ္ပြဲေတြ ဆက္လက္ျဖစ္ေပၚေနဆဲဆုိေပမယ့္ အာဖဂန္ပဋိပကၡ အဆုံးသတ္ေရးအတြက္ အေမရိကန္နဲ႔ တာလီဘန္တုိ႔ မၾကာေသးခင္ကဘဲ သေဘာတူ လက္မွတ္ထုိးခဲ့ၾကပါတယ္။

အၾကမ္းဖက္တုိက္ခုိက္မႈ ျဖစ္ပြားခဲ့ၿပီးေနာက္ al-Qaida ေခါင္းေဆာင္ Osama bin Laden ကုိ အေမရိကန္က ႏွစ္အတန္ၾကာ လုိက္လံ ရွာေဖြခဲ့ၿပီးတာမွာ ၂၀၁၁ ခုႏွစ္၊ ေမလက သူပုန္းေနတဲ့ ပါကစၥတန္ႏုိင္ငံ၊ Abbottabad ၿမိဳ႕ေနအိမ္မွာ အေမရိကန္ Navy Seal အထူးတပ္ဖြဲ႔ေတြက ၀င္ေရာက္ စီးႏွင္းၿပီး သူ႔ကုိ အေသဖမ္းမိခဲ့ပါတယ္။

9/11 အၾကမ္းဖက္တုိက္ခုိက္မႈ ၁၉ ႏွစ္ ျပည့္ၿပီ
please wait

No media source currently available

0:00 0:01:17 0:00
တိုက္႐ိုက္ လင့္ခ္


...............

9/11 အကြမ်းဖက်တိုက်ခိုက်မှု ၁၉ နှစ် ပြည့်ပြီ

(Unicode)
စက်တင်ဘာလ ၁၁ ရက်နေ့ဟာ ၂၀၀၁ ခုနှစ်က အမေရိကန်ပြည်ထောင်စု၊ နယူးယောက်၊ ဗာဂျီးနီးယားနဲ့ Pennsylvani ပြည်နယ်တွေမှာ အကြမ်းဖက်ဝါဒီတွေရဲ့ တိုက်ခိုက်မှုကြောင့် လူပေါင်း ၃,၀၀၀ နီးပါး သေဆုံးခဲ့ရတဲ့ 9/11 နှစ်ပတ်လည်နေ့ ဖြစ်ပါတယ်။

Al-Qaida အဖွဲ့ဝင် ၁၉ ဦးက လေယာဉ်တွေ ပြန်ပေးဆွဲပြီး အဲဒီ အကြမ်းဖက် တိုက်ခိုက်မှုတွေကို ပြုလုပ်ခဲ့ကြတာပါ။ အခုဆိုရင် 9/11 အကြမ်းဖက်တိုက်ခိုက်မှုဖြစ်သွားခဲ့တာ ၁၉ နှစ် ရှိခဲ့ပါပြီ။

၁၉၄၁ ခုနှစ်က ပုလဲဆိပ်ကမ်းကို ဂျပန်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့မှုနောက်ပိုင်း အမေရိကန်သမိုင်းမှာ ဖြစ်ခဲ့တဲ့ ဒီ အဆိုးရွားဆုံး အကြမ်းဖက် တိုက်ခိုက်မှုကြောင့် လုံခြုံရေးအပေါ် အမေရိကန်တွေရဲ့ အမြင်သဘောထားကို ထာဝရ ပြောင်းလဲသွားစေခဲ့တဲ့အပြင် အဲဒီအချိန်က သမ္မတအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ George W. Bush က အကြမ်းဖက်လုပ်ရပ်အပေါ် စစ်ကြေညာပြီး အာဖဂန်နစ္စတန်ကို ဝင်ရောက် တိုက်ခိုက်ခဲ့ပါတယ်။

အမေရိကန်ဦးဆောင်တဲ့ ညွန့်ပေါင်းတပ်ဖွဲ့တွေက အဲဒီအချိန်က အာဖဂန်မှာ အာဏာရနေတဲ့ တာလီဘန်တွေကို ဖြုတ်ချနိုင်ခဲ့ပါတယ်။ ကနေ့အချိန်ထိ အာဖဂန်မှာ စစ်ပွဲတွေ ဆက်လက်ဖြစ်ပေါ်နေဆဲဆိုပေမယ့် အာဖဂန်ပဋိပက္ခ အဆုံးသတ်ရေးအတွက် အမေရိကန်နဲ့ တာလီဘန်တို့ မကြာသေးခင်ကဘဲ သဘောတူ လက်မှတ်ထိုးခဲ့ကြပါတယ်။

အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီးနောက် al-Qaida ခေါင်းဆောင် Osama bin Laden ကို အမေရိကန်က နှစ်အတန်ကြာ လိုက်လံ ရှာဖွေခဲ့ပြီးတာမှာ ၂၀၁၁ ခုနှစ်၊ မေလက သူပုန်းနေတဲ့ ပါကစ္စတန်နိုင်ငံ၊ Abbottabad မြို့နေအိမ်မှာ အမေရိကန် Navy Seal အထူးတပ်ဖွဲ့တွေက ဝင်ရောက် စီးနှင်းပြီး သူ့ကို အသေဖမ်းမိခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG