သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

9/11 တုိက္ခုိက္မႈ ၁၈ ႏွစ္ျပည့္ အေမရိကန္မွာက်င္းပ


ဒီကေန႔ဟာ ၂၀၀၁ ခုႏွစ္၊ စက္တင္ဘာလ ၁၁ ရက္ေန႔က အေမရိကန္ျပည္ေထာင္စု၊ နယူးေယာက္၊ ဗာဂ်ီးနီးယားနဲ႔ ပန္ဆယ္လ္ ေဗးနီးယားျပည္နယ္ေတြမွာ အၾကမ္းဖက္ဝါဒီေတြရဲ႕ တိုက္ခိုက္မႈေၾကာင့္ လူေပါင္း ၃,၀၀၀ နီးပါး ေသဆုံးခဲ့ရတဲ့ ႏွစ္ပတ္လည္ေန႔ ျဖစ္ပါတယ္။

သမၼတ ေဒၚနယ္လ္ဒ္ ထရမ့္ပ္နဲ႔ သမၼတကေတာ္ Melania Trump တို႔ဟာ ဒီကေန႔မနက္ ၈ နာရီ ၄၆ မိနစ္က သမၼတအိမ္ျဖဴေတာ္ မွာလုပ္တဲ့ ဝမ္းနည္းျခင္းအထိမ္းအမွတ္ ေခတၱၿငိမ္သက္ျခင္း အခမ္းအနားကို တက္ေရာက္ပါတယ္။ အဲဒီအခ်ိန္ဟာ နယူးေယာက္ ၿမိဳ႕ WTO ကမာၻ႔ကုန္သြယ္ေရး ညီေနာင္အေဆာက္အဦးကို ျပန္ေပးဆြဲထားတဲ့ ပထမေလယာဥ္တစင္းနဲ႔ ဝင္တိုက္ခဲ့တဲ့အခ်ိန္ပါ။

အဲဒီေနာက္ အယ္လ္ကိုင္းဒါး အၾကမ္းဖက္ဝါဒီေတြက ျပန္ေပးဆြဲထားတဲ့ ေလယာဥ္နဲ႔ ပန္တဂြန္ စစ္ဌာနခ်ဳပ္ အေဆာက္အဦးေပၚ ထိုးခ် တိုက္ခိုက္တာေၾကာင့္ ေသဆုံးသြားရသူေတြအတြက္ အထိမ္းအမွတ္ျပဳ က်င္းပမယ့္ အခမ္းအနားကို သြားတက္မွာပါ။ အထိမ္းအမွတ္ပြဲမတိုင္ခင္ ဒီကေန႔အေစာပိုင္းတုန္းကေတာ့ အေမရိကန္အလံတခုကို ပန္တဂြန္စစ္ဌာနခ်ဳပ္ အေဆာက္အဦးေပၚ ကေန ေဒါင္လိုက္ ျဖန္႔ခ် ခ်ိတ္ဆြဲထားပါတယ္။

နယူးေယာက္ၿမိဳ႕က Ground Zero မွာ က်င္းပတဲ့ အထိမ္းအမွတ္ပြဲမွာေတာ့ ေသဆုံးသြားသူေတြရဲ႕ နာမည္တခုခ်င္းစီကို တက္ေရာက္လာသူေတြက စၿပီးေတာ့ ေခၚဆိုေၾကညာေနၾကပါၿပီ။ အယ္လ္ကိုင္းဒါးေတြက ေလယာဥ္ႏွစ္စင္းနဲ႔ ဝင္တိုက္ခဲ့တဲ့ WTO ကမာၻ႔ကုန္သြယ္ေရး ညီေနာင္အေဆာက္အဦး ရွိခဲ့ဖူးတဲ့ Ground Zero ေနရာမွာ တိုက္ခိုက္မႈကေန အသက္မေသ က်န္ရစ္သူေတြနဲ႔ ေသဆုံးသြားသူေတြရဲ႕ မိသားစုဝင္ေတြ ရာေပါင္းမ်ားစြာစုေဝးၿပီး ေအာက္ေမ့ဖြယ္အခမ္းအနား က်င္းပတာပါ။

ပန္ဆယ္လ္ေဗးနီးယားျပည္နယ္၊ Shanksville ၿမိဳ႕မွာက်င္းပမယ့္ အခမ္းအနားကိုေတာ့ ဒုသမၼတ Mike Pence တက္ေရာက္ဖို႔ရွိပါ တယ္။ အၾကမ္းဖက္ဝါဒီေတြ ျပန္ေပးဆြဲထားခဲ့တဲ့ United Airlines ေလယာဥ္ခရီးစဥ္အမွတ္ ၉၃ ကို ခရီးသည္ေတြက ျပန္ရေအာင္ ထိန္းခ်ဳပ္ယူၿပီးတဲ့ေနာက္မွာမွ အဲဒီၿမိဳ႕နားမွာ ေလယာဥ္ပ်က္က်သြားခဲ့တာပါ။ အယ္လ္ကိုင္းဒါးအဖြဲ႕နဲ႔ ဆက္စပ္သူ အမ်ိဳးသားကိုးဦးက ေလယာဥ္ေလးစင္းကို ျပန္ေပးဆြဲၿပီး အၾကမ္းဖက္တိုက္ခိုက္ခဲ့ၾကတာ ျဖစ္ပါတယ္။

.........

Unicode version

ဒီကနေ့ဟာ ၂၀၀၁ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်နေ့က အမေရိကန်ပြည်ထောင်စု၊ နယူးယောက်၊ ဗာဂျီးနီးယားနဲ့ ပန်ဆယ်လ် ဗေးနီးယားပြည်နယ်တွေမှာ အကြမ်းဖက်ဝါဒီတွေရဲ့ တိုက်ခိုက်မှုကြောင့် လူပေါင်း ၃,၀၀၀ နီးပါး သေဆုံးခဲ့ရတဲ့ နှစ်ပတ်လည်နေ့ ဖြစ်ပါတယ်။

သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်နဲ့ သမ္မတကတော် Melania Trump တို့ဟာ ဒီကနေ့မနက် ၈ နာရီ ၄၆ မိနစ်က သမ္မတအိမ်ဖြူတော် မှာလုပ်တဲ့ ဝမ်းနည်းခြင်းအထိမ်းအမှတ် ခေတ္တငြိမ်သက်ခြင်း အခမ်းအနားကို တက်ရောက်ပါတယ်။ အဲဒီအချိန်ဟာ နယူးယောက် မြို့ WTO ကမ္ဘာ့ကုန်သွယ်ရေး ညီနောင်အဆောက်အဦးကို ပြန်ပေးဆွဲထားတဲ့ ပထမလေယာဉ်တစင်းနဲ့ ဝင်တိုက်ခဲ့တဲ့အချိန်ပါ။

အဲဒီနောက် အယ်လ်ကိုင်းဒါး အကြမ်းဖက်ဝါဒီတွေက ပြန်ပေးဆွဲထားတဲ့ လေယာဉ်နဲ့ ပန်တဂွန် စစ်ဌာနချုပ် အဆောက်အဦးပေါ် ထိုးချ တိုက်ခိုက်တာကြောင့် သေဆုံးသွားရသူတွေအတွက် အထိမ်းအမှတ်ပြု ကျင်းပမယ့် အခမ်းအနားကို သွားတက်မှာပါ။ အထိမ်းအမှတ်ပွဲမတိုင်ခင် ဒီကနေ့အစောပိုင်းတုန်းကတော့ အမေရိကန်အလံတခုကို ပန်တဂွန်စစ်ဌာနချုပ် အဆောက်အဦးပေါ် ကနေ ဒေါင်လိုက် ဖြန့်ချ ချိတ်ဆွဲထားပါတယ်။

နယူးယောက်မြို့က Ground Zero မှာ ကျင်းပတဲ့ အထိမ်းအမှတ်ပွဲမှာတော့ သေဆုံးသွားသူတွေရဲ့ နာမည်တခုချင်းစီကို တက်ရောက်လာသူတွေက စပြီးတော့ ခေါ်ဆိုကြေညာနေကြပါပြီ။ အယ်လ်ကိုင်းဒါးတွေက လေယာဉ်နှစ်စင်းနဲ့ ဝင်တိုက်ခဲ့တဲ့ WTO ကမ္ဘာ့ကုန်သွယ်ရေး ညီနောင်အဆောက်အဦး ရှိခဲ့ဖူးတဲ့ Ground Zero နေရာမှာ တိုက်ခိုက်မှုကနေ အသက်မသေ ကျန်ရစ်သူတွေနဲ့ သေဆုံးသွားသူတွေရဲ့ မိသားစုဝင်တွေ ရာပေါင်းများစွာစုဝေးပြီး အောက်မေ့ဖွယ်အခမ်းအနား ကျင်းပတာပါ။

ပန်ဆယ်လ်ဗေးနီးယားပြည်နယ်၊ Shanksville မြို့မှာကျင်းပမယ့် အခမ်းအနားကိုတော့ ဒုသမ္မတ Mike Pence တက်ရောက်ဖို့ရှိပါ တယ်။ အကြမ်းဖက်ဝါဒီတွေ ပြန်ပေးဆွဲထားခဲ့တဲ့ United Airlines လေယာဉ်ခရီးစဉ်အမှတ် ၉၃ ကို ခရီးသည်တွေက ပြန်ရအောင် ထိန်းချုပ်ယူပြီးတဲ့နောက်မှာမှ အဲဒီမြို့နားမှာ လေယာဉ်ပျက်ကျသွားခဲ့တာပါ။ အယ်လ်ကိုင်းဒါးအဖွဲ့နဲ့ ဆက်စပ်သူ အမျိုးသားကိုးဦးက လေယာဉ်လေးစင်းကို ပြန်ပေးဆွဲပြီး အကြမ်းဖက်တိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။

တိုက္႐ိုက္ လင့္ခ္
XS
SM
MD
LG