Zawgyi/Unicode
အာဖဂန္ နစၥတန္နိုင္ငံမွာ ရွိတဲ့ အေမရိကန္တပ္ေတြကို နိုဝင္ဘာလ အေစာပိုင္းအေရာက္မွာ အင္အား ၈၆၀၀ ကေန ၄၅၀၀ အထိ ေလၽွာ့ခ် သြားမယ္လို႔ အေမရိကန္ စစ္တပ္ ဗဟို ကြပ္ပဲေရး ဌာနခ်ဳပ္က ဗုဒၶဟူးေန႔က ေျပာပါတယ္။အီရတ္မွာ ရွိတဲ့ အေမ ရိကန္ တပ္ေတြကို ဒီလထဲ အင္အား ၃၀၀၀ အထိ ေလၽွာ့ခ်သြားမယ္လို႔ ေၾကညာအၿပီး နာရီပိုင္း အၾကာမွာပဲ အခုလို အာဖဂန္က တပ္ေတြ ေလၽွာ့ခ်မွာကို ေၾကညာလိုက္တာလည္း ျဖစ္ပါတယ္။
အာဖဂန္မွာ တပ္ဖြဲ႕ဝင္ ၄၅၀၀ နဲ႔ အေမရိကန္တို႔ အဓိက လုပ္ေဆာင္ရမယ့္ လုပ္ငန္းေတြကို လုပ္ေဆာင္သြားနိုင္တယ္လို႔လည္း အေမရိကန္ မရိမ္းတပ္ဖြဲ႕ ဗိုလ္ခ်ဳပ္ႀကီး Kenneth “Frank” McKenzie က VOA ကို ေျပာပါတယ္။
အာဖဂန္ တာလီဘန္ေတြက IS အစၥလာမ္မစ္ အၾကမ္းဖက္ အဖြဲ႕နဲ႔ al-Qaida အၾကမ္းဖက္ အဖြဲ႕ေတြကို လက္မခံဘူးဆိုတဲ့အခ်က္ကို အေမရိကန္တို႔ ယုံၾကည္နိုင္မွ အာဖဂန္မွာရွိတဲ့ အေမရိကန္ တပ္ေတြကို သိသိသာသာ ေလၽွာ့ခ်နိုင္မွာလို႔ ဇူလိုင္လ တုန္းကေတာ့ ဗဟို ကြပ္ကဲေရး ဌာနခ်ဳပ္ တပ္မႉးက ေျပာထားခဲ့တာပါ။ အဲဒီ မူဝါဒ ေျပာင္းလဲမႈ ရွိမရွိ ေမးတဲ့အခါမွာေတာ့ ဗိုလ္ခ်ဳပ္ႀကီး McKenzie က တာလီဘန္ေတြက al-Qaida အဖြဲ႕နဲ႔ လုံးဝ အဆက္ျဖတ္ၿပီဆိုတာကို မျပသေသးသလို အာဖဂန္ အစိုးရ လုံျခဳံေရး တပ္ေတြကို လည္း တိုက္ခိုက္ေနတုန္းပဲလို႔ ေျပာပါတယ္။
အာဖဂန္မွာ တိုက္ခိုက္ေနတဲ့ ၿပိဳင္ဖက္ အဖြဲ႕ေတြ အၾကား တိုက္ရိုက္ ေစ့စပ္ေဆြးေႏြးပြဲေတြ ကာတာနိုင္ငံမွာ မၾကာခင္ စလိမ့္မယ္လို႔ ခန္႔မွန္းေနၾကတာ ျဖစ္ပါတယ္။
ၿပီးခဲ့တဲ့ လတုန္းက အေမရိကန္ ကာကြယ္ေရးဝန္ႀကီး Mark Esper က နိုဝင္ဘာလကုန္ အေရာက္မွာ အာဖဂန္မွာ ရွိတဲ့ အေမရိကန္ တပ္ေတြကို ၅၀၀၀ ေအာက္ ေလၽွာ့ခ်သြားမယ္လို႔ ေျပာထားပါတယ္။
အာဖဂန္နစၥတန္က တပ္ေတြ ေလၽွာ့ခ်မယ္လို႔ မေၾကညာခင္ မေန႔ ဗုဒၶဟူးေန႔ အေစာပိုင္းမွာပဲ ဗိုလ္ခ်ဳပ္ႀကီး McKenzie က အီရတ္မွာ ရွိတဲ့ အေမရိကန္ တပ္ဖြဲ႕ဝင္ ၅၂၀၀ ကေန ၃၀၀၀ အထိ ေလၽွာ့ခ် သြားမယ္လို႔ ေၾကညာထားခဲ့တာ ျဖစ္ပါတယ္။
Unicode
အာဖဂန် နစ္စတန်နိုင်ငံမှာ ရှိတဲ့ အမေရိကန်တပ်တွေကို နိုဝင်ဘာလ အစောပိုင်းအရောက်မှာ အင်အား ၈၆၀၀ ကနေ ၄၅၀၀ အထိ လျှော့ချ သွားမယ်လို့ အမေရိကန် စစ်တပ် ဗဟို ကွပ်ပဲရေး ဌာနချုပ်က ဗုဒ္ဓဟူးနေ့က ပြောပါတယ်။အီရတ်မှာ ရှိတဲ့ အမေ ရိကန် တပ်တွေကို ဒီလထဲ အင်အား ၃၀၀၀ အထိ လျှော့ချသွားမယ်လို့ ကြေညာအပြီး နာရီပိုင်း အကြာမှာပဲ အခုလို အာဖဂန်က တပ်တွေ လျှော့ချမှာကို ကြေညာလိုက်တာလည်း ဖြစ်ပါတယ်။
အာဖဂန်မှာ တပ်ဖွဲ့ဝင် ၄၅၀၀ နဲ့ အမေရိကန်တို့ အဓိက လုပ်ဆောင်ရမယ့် လုပ်ငန်းတွေကို လုပ်ဆောင်သွားနိုင်တယ်လို့လည်း အမေရိကန် မရိမ်းတပ်ဖွဲ့ ဗိုလ်ချုပ်ကြီး Kenneth “Frank” McKenzie က VoA ကို ပြောပါတယ်။
အာဖဂန် တာလီဘန်တွေက IS အစ္စလာမ်မစ် အကြမ်းဖက် အဖွဲ့နဲ့ al-Qaida အကြမ်းဖက် အဖွဲ့တွေကို လက်မခံဘူးဆိုတဲ့အချက်ကို အမေရိကန်တို့ ယုံကြည်နိုင်မှ အာဖဂန်မှာရှိတဲ့ အမေရိကန် တပ်တွေကို သိသိသာသာ လျှော့ချနိုင်မှာလို့ ဇူလိုင်လ တုန်းကတော့ ဗဟို ကွပ်ကဲရေး ဌာနချုပ် တပ်မှူးက ပြောထားခဲ့တာပါ။ အဲဒီ မူဝါဒ ပြောင်းလဲမှု ရှိမရှိ မေးတဲ့အခါမှာတော့ ဗိုလ်ချုပ်ကြီး McKenzie က တာလီဘန်တွေက al-Qaida အဖွဲ့နဲ့ လုံးဝ အဆက်ဖြတ်ပြီဆိုတာကို မပြသသေးသလို အာဖဂန် အစိုးရ လုံခြုံရေး တပ်တွေကို လည်း တိုက်ခိုက်နေတုန်းပဲလို့ ပြောပါတယ်။
အာဖဂန်မှာ တိုက်ခိုက်နေတဲ့ ပြိုင်ဖက် အဖွဲ့တွေ အကြား တိုက်ရိုက် စေ့စပ်ဆွေးနွေးပွဲတွေ ကာတာနိုင်ငံမှာ မကြာခင် စလိမ့်မယ်လို့ ခန့်မှန်းနေကြတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ လတုန်းက အမေရိကန် ကာကွယ်ရေးဝန်ကြီး Mark Esper က နိုဝင်ဘာလကုန် အရောက်မှာ အာဖဂန်မှာ ရှိတဲ့ အမေရိကန် တပ်တွေကို ၅ ထောင်အောက် လျှော့ချသွားမယ်လို့ ပြောထားပါတယ်။
အာဖဂန်နစ္စတန်က တပ်တွေ လျှော့ချမယ်လို့ မကြေညာခင် မနေ့ ဗုဒ္ဓဟူးနေ့ အစောပိုင်းမှာပဲ ဗိုလ်ချုပ်ကြီး McKenzie က အီရတ်မှာ ရှိတဲ့ အမေရိကန် တပ်ဖွဲ့ဝင် ၅၂၀၀ ကနေ ၃၀၀၀ အထိ လျှော့ချ သွားမယ်လို့ ကြေညာထားခဲ့တာ ဖြစ်ပါတယ်။