သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တာလီဘန်လက်ချက်နဲ့ တပတ်အတွင်း အာဖဂန်တပ်ဖွဲ့ဝင် ၃၀၀ နီးပါး သေဆုံး


တာလီဘန် တပ်ဖွဲ့ဝင်များ
တာလီဘန် တပ်ဖွဲ့ဝင်များ

Zawgyi/Unicode

အာဖဂန်နစ္စတန်နိုင်ငံမှာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း တာလီဘန်တွေရဲ့တိုက်ခိုက်မှုဟာ ၁၉နှစ်ကြာ အာဖဂန်စစ်ပွဲအတွင်း အစိုးရတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးမှု အများဆုံးဖြစ်ခဲ့တဲ့ သီတင်းပတ်ဖြစ်တယ်လို့ အာဖဂန် အမျိုးသားလုံခြုံရေးကောင်စီက ပြောလိုက်ပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်က တာလီဘန်တွေရဲ့ တိုက်ခိုက်မှုတွေအတွင်း အာဖဂန် အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂၉၁ ယောက် သေဆုံးပြီး ၅၅၀ ဒဏ်ရာရခဲ့တယ်လို့ ပြောပါတယ်။

တာလီဘန်တွေဟာ ခရိုင် ၃၂ ခုမှာ တိုက်ခိုက်မှုပေါင်း ၄၂၂ ကြိမ်လုပ်ခဲ့ပြီး အကြမ်းဖက်မှုတွေ လျှော့ချဖို့ ပြောနေတာတွေဟာ အဓိပ္ပါယ်မဲ့မရှိသလို၊ သူတို့ရဲ့ လုပ်ရပ်တွေက ငြိမ်းချမ်းရေးအတွက် သူတို့ပြောနေတာတွေနဲ့ ကိုက်ညီမှုမရှိဘူးလို့ အာဖဂန်အမျိုးသားလုံခြုံရေးကောင်စီရဲ့ ပြောခွင့်ရ Javid Faisal က တွစ်တာမှာ ပြောလိုက်ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ခရိုင် ၁၈ ခုမှာ အာဖဂန်တွေရဲ့ တိုက်ခိုက်မှုအတွင်း အမျိုးသမီးတွေ နဲ့ ကလေးတွေအပါအဝင် အရပ်သား ၄၂ ယောက်သေဆုံးခဲ့ပြီး ၁၀၅ ယောက် ဒဏ်ရာရခဲ့တယ်လို့လည်း အမျိုးသားလုံခြုံရေးကောင်စီရဲ့ ကြေညာချက်မှာ ပြောထားပါတယ်။

အာဖဂန်အစိုးရအပါအဝင် နိုင်ငံရေးအဖွဲ့တွေ၊ လူထုအခြေပြုလူမှုအဖွဲအစည်းတွေက တက်ကြွလှုပ်ရှားသူတွေပါဝင်တဲ့ ကိုယ်စားလှယ်အဖွဲ့ နဲ့ တာလီဘန်အဖွဲ့ကြား ဆွေးနွေးမှုတွေနဲ့ ပတ်သက်ပြီး မျှော်လင့်ချက်တွေ မြင့်တက်နေချိန်မှာ အခုလို ကြေညာချက်ထွက်ပေါ်လာတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်



[Unicode]




XS
SM
MD
LG