သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အာဖဂန္ Al-Qaida အေပၚ ကန္သံုးသပ္မႈ ႏိုင္ငံတကာနဲ႔ကဲြလဲြ


အာဖဂန္နစၥတန္မွာ တာဝန္ထမ္းေဆာင္ေနတဲ့ အေမရိကန္စစ္သားအခ်ဳိ႕။ (ႏုိဝင္ဘာ ၃၀၊ ၂၀၁၁)

(Zawgyi / Unicode)

အာဖဂန္နစၥတန္ႏုိင္ငံမွာ al-Qaida အဖြဲ႔ရဲ႕ အင္အားနဲ႔ လႊမ္းမိုးမႈအေပၚ အေမရိကန္ျပည္ေထာင္စုက ေလွ်ာ့တြက္ေနတာနဲ႔ ပတ္သက္ၿပီး စိုးရိမ္မႈေတြ တိုးလာေနပါတယ္။

သမၼတအိမ္ျဖဴေတာ္ကေတာ့ အာဖဂန္မွာခ်ထားတဲ့ အေမရိကန္တပ္ဖြဲ႔ေတြကို ျပန္ေခၚေရး ရက္သတ္မွတ္ဖို႔ကို ရည္မွန္းခ်က္ႀကီးႀကီးနဲ႔ ဆက္ၿပီး ေျပာဆိုေနဆဲပါ။

al-Qaida အဖြဲ႔ဟာ သိသိသာသာကို အားေပ်ာ့သြားၿပီလို႔ အေမရိကန္က သုံးသပ္တာနဲ႔ အာဖဂန္တာဝန္ရွိသူေတြသာမက အၾကမ္းဖက္ဝါဒ တိုက္ဖ်က္ေရး ႏိုင္ငံတကာက တာဝန္ရွိသူေတြကပါ သုံးသပ္တာၾကားမွာ အႀကီးအက်ယ္ကို ကြာဟေနပါတယ္။

al-Qaida အဖြဲ႔ဟာ အႀကိမ္ေပါင္းမ်ားစြာ ထိုးႏွက္ ၿဖိဳခြဲခံခဲ့ရေပမယ့္လည္း အာဖဂန္ႏိုင္ငံတြင္းမွာ အခိုင္အမာ ေျခကုပ္ယူထားႏိုင္ဆဲပဲလို႔ အာဖဂန္တာဝန္ရွိသူေတြနဲ႔ အၾကမ္းဖက္ဝါဒ တိုက္ဖ်က္ေရး ႏိုင္ငံတကာ တာဝန္ရွိသူေတြက သတ္မွတ္ထားတာပါ။

"အႀကီးတန္းေခါင္းေဆာင္ေတြသာမက ရာနဲ႔ခ်ီတဲ့ လက္နက္ကိုင္အဖြဲ႔ဝင္ေတြဟာ အာဖဂန္နစၥတန္မွာ ဆက္ရွိေနဆဲပါပဲ" လို႔ အစၥလာမၼစ္ႏိုင္ငံေတာ္၊ al-Qaida နဲ႔ တာလီဘန္ဆိုင္ရာ ကုလသမဂၢ ေလ့လာေစာင့္ၾကည့္ေရးအဖြဲ႔ရဲ႕ လုပ္ငန္းညႇိႏႈိင္းေရးမွဴး Edmund Fitton-Brown က အာဖဂန္နစၥတန္ အနာဂတ္နဲ႔ ပတ္သက္ၿပီး ေသာၾကာေန႔ကလုပ္တဲ့ အြန္လိုင္းေဆြးေႏြးပြဲအတြင္း ေျပာသြားပါတယ္။

al-Qaida အဖြဲ႔နဲ႔ပတ္သက္ၿပီး သတိေပးတာေတြက အခုမွထြက္လာတာေတာ့ မဟုတ္ပါဘူး။

al-Qaida အဖြဲ႔ဟာ အာဖဂန္ႏုိင္ငံ ျပည္နယ္ ၁၂ ခုမွာ လွ်ဳိ႕ဝွက္လႈပ္ရွားေနၿပီး တပ္ဖြဲ႔ဝင္ ၄၀၀ ကေန ၆၀၀ ထိ ရွိေနႏုိင္တယ္လုိ႔ ၿပီးခဲ့တဲ့ ဇူလိုင္လက ထုတ္ျပန္တဲ့ ကုလသမဂၢ အစီရင္ခံစာတခုမွာ ေဖာ္ျပထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

--------------------

(Unicode)

အာဖဂန် Al-Qaida အပေါ် ကန်သုံးသပ်မှု နိုင်ငံတကာနဲ့ကွဲလွဲ

အာဖဂန်နစ္စတန်နိုင်ငံမှာ al-Qaida အဖွဲ့ရဲ့ အင်အားနဲ့ လွှမ်းမိုးမှုအပေါ် အမေရိကန်ပြည်ထောင်စုက လျှော့တွက်နေတာနဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေ တိုးလာနေပါတယ်။

သမ္မတအိမ်ဖြူတော်ကတော့ အာဖဂန်မှာချထားတဲ့ အမေရိကန်တပ်ဖွဲ့တွေကို ပြန်ခေါ်ရေး ရက်သတ်မှတ်ဖို့ကို ရည်မှန်းချက်ကြီးကြီးနဲ့ ဆက်ပြီး ပြောဆိုနေဆဲပါ။

al-Qaida အဖွဲ့ဟာ သိသိသာသာကို အားပျော့သွားပြီလို့ အမေရိကန်က သုံးသပ်တာနဲ့ အာဖဂန်တာဝန်ရှိသူတွေသာမက အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေး နိုင်ငံတကာက တာဝန်ရှိသူတွေကပါ သုံးသပ်တာကြားမှာ အကြီးအကျယ်ကို ကွာဟနေပါတယ်။

al-Qaida အဖွဲ့ဟာ အကြိမ်ပေါင်းများစွာ ထိုးနှက် ဖြိုခွဲခံခဲ့ရပေမယ့်လည်း အာဖဂန်နိုင်ငံတွင်းမှာ အခိုင်အမာ ခြေကုပ်ယူထားနိုင်ဆဲပဲလို့ အာဖဂန်တာဝန်ရှိသူတွေနဲ့ အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေး နိုင်ငံတကာ တာဝန်ရှိသူတွေက သတ်မှတ်ထားတာပါ။

"အကြီးတန်းခေါင်းဆောင်တွေသာမက ရာနဲ့ချီတဲ့ လက်နက်ကိုင်အဖွဲ့ဝင်တွေဟာ အာဖဂန်နစ္စတန်မှာ ဆက်ရှိနေဆဲပါပဲ" လို့ အစ္စလာမ္မစ်နိုင်ငံတော်၊ al-Qaida နဲ့ တာလီဘန်ဆိုင်ရာ ကုလသမဂ္ဂ လေ့လာစောင့်ကြည့်ရေးအဖွဲ့ရဲ့ လုပ်ငန်းညှိနှိုင်းရေးမှူး Edmund Fitton-Brown က အာဖဂန်နစ္စတန် အနာဂတ်နဲ့ ပတ်သက်ပြီး သောကြာနေ့ကလုပ်တဲ့ အွန်လိုင်းဆွေးနွေးပွဲအတွင်း ပြောသွားပါတယ်။

al-Qaida အဖွဲ့နဲ့ပတ်သက်ပြီး သတိပေးတာတွေက အခုမှထွက်လာတာတော့ မဟုတ်ပါဘူး။

al-Qaida အဖွဲ့ဟာ အာဖဂန်နိုင်ငံ ပြည်နယ် ၁၂ ခုမှာ လျှို့ဝှက်လှုပ်ရှားနေပြီး တပ်ဖွဲ့ဝင် ၄၀၀ ကနေ ၆၀၀ ထိ ရှိနေနိုင်တယ်လို့ ပြီးခဲ့တဲ့ ဇူလိုင်လက ထုတ်ပြန်တဲ့ ကုလသမဂ္ဂ အစီရင်ခံစာတခုမှာ ဖော်ပြထားပါတယ်။

XS
SM
MD
LG