သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန်မှာရှိတဲ့ ကန် တပ်ဖွဲ့တွေ စီစဉ်ထားတဲ့အတိုင်း ဇူလိုင်လမှာ ရုပ်သိမ်းမည်


(Zawgyi/Unicode)

အာဖဂန်နစ္စတန်နိုင်ငံမှာ အကြမ်းဖက်မှုတွေဖြစ်ပွားနေပြီး အာဖဂန်အစိုးရနဲ့ တာလီဘန်တို့ကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ပြန်မစနိုင်ပဲ ဖြစ်နေပေမဲ့လည်း အမေရိကန် အစိုးရက အာဖဂန်မှာရှိတဲ့ အမေရိကန်တပ်သား ထောင်ပေါင်းများစွာကို ပြန်ရုပ်သိမ်းပေးမယ်လို့ ဖေဖေါ်ဝါရီလတုန်းက သဘောတူထားတဲ့ အတိုင်း လုပ်ဆောင်ဖို့ ရှိနေပါတယ်။

အမေရိကန်ဘက်က ကတိပေးထားတဲ့ အတိုင်း ဇူလိုင်လလယ်လောက်မှာ တပ်သား ၈၆၀၀ လောက်ပဲချန်ထားမှာ ဖြစ်ပြီး လာမယ့် နွေဦးရာသီမှာ အမေရိကန်နဲ့ မဟာမိတ်တပ်တွေအားလုံး အာဖဂန်က ထွက်ခွာပြီး အမေရိကန်တွေ ကာလအကြာရှည်ဆုံး ပါဝင်နေတဲ့ စစ်ပွဲ အဆုံးသတ်ဖို့ လုပ်ဆောင်မှာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း အာဖဂန်နစ္စတန်နိုင်ငံမှာ ငြိမ်းချမ်းရေးရဖို့ ကတော့ မရေမရာရှိနေဆဲပါ။ အာဖဂန်မှာ အရပ်သားတွေ အတိုက်ခိုက်ခံရမှု ဆက်တိုက်ဖြစ်ပွားခဲ့တဲ့နောက်ပိုင်း အာဖဂန်သမ္မတ Ashraf Ghani က တာလီဘန်တွေကို ပြန်ပြီးထိုးစစ်ဆင်နေတယ်လို့ ပြောခဲ့တာပါ။

အာဖဂန်ကနေ အခုလို အမေရိကန်တပ်တွေ ပြန်ရုပ်သိမ်းတာက စစ်ပွဲကို အဆုံးသတ်စေမှာ မဟုတ်ကြောင်းနဲ့ အမေရိကန်ကိုတိုက်ခိုက်နေတဲ့ အယ်လ်ကိုင်းဒါးနဲ့ အိုင်အက်စ် စစ်သွေးကြွတွေရဲ့ အာဖဂန် အကြမ်းဖက်အဆက်အနွယ်တွေ အန္တရာယ်ကို ကာကွယ်ဖို့ အမေရိကန်တပ်တွေ ထားရှိဖို့ လိုတယ်လို့ အမေရိကန် အောက်လွှတ်တော် လက်ကိုင်အဖွဲ့များဆိုင်ရာ ကော်မတီဝင်တချို့က ထောက်ပြနေကြပါတယ်။

တိုက်ရိုက် လင့်ခ်


..............


(Unicode)





XS
SM
MD
LG