သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိုင်အက်စ်အဖွဲ့ရဲ့ အာဖဂန်ဒေသဆိုင်ရာ ခေါင်းဆောင်ကို ဖမ်းမိ


အာဖဂန်အထူးတပ်ဖွဲ့က ဖမ်းမိခဲ့သည့် အိုင်အက်စ် စစ်သွေးကြွခေါင်းဆောင် Abdullah Orakzai.
အာဖဂန်အထူးတပ်ဖွဲ့က ဖမ်းမိခဲ့သည့် အိုင်အက်စ် စစ်သွေးကြွခေါင်းဆောင် Abdullah Orakzai.

(Zawgyi / Unicode)

အိုင်အက်စ် စစ်သွေးကြွအဖွဲ့ရဲ့ အာဖဂန်ဒေသတွင်း ခေါင်းဆောင်နဲ့ စစ်ဆင်ရေးတွေမှာ အဓိကလှုပ်ရှားနေသူ ၁၉ ဦးကို ဖမ်းဆီးရမိကြောင်း အာဖဂန် ထောက်လှမ်းရေးအဖွဲ့က စနေနေ့မှာ ကြေညာပါတယ်။

ဒီ စစ်သွေးကြွခေါင်းဆောင်ဟာ Aslam Farooqi လို့ လူသိများတဲ့ ပါကစ္စတန်နိုင်ငံသား Abdullah Orakzai ဖြစ်ပြီး သူနဲ့ သူ့အဖွဲ့သားတွေကို အာဖဂန် အထူးတပ်ဖွဲ့တွေရဲ့ စစ်ဆင်ရေးအတွင်း ဖမ်းမိတာဖြစ်ကြောင်း NDS နိုင်ငံတော် လုံခြုံရေးဌာနက ပြောပါတယ်။ အခုလို ဖမ်းဆီးရမိတာကို ဗွီဒီယိုနဲ့တကွ ထုတ်ပြန်ပေမယ့် ဘယ်အချိန်က ဖမ်းမိတယ် ဆိုတာတော့ ထုတ်မပြောပါဘူး။

အာဖဂန်၊ ပါကစ္စတန်နဲ့ ဒေသတွင်းမှာ လှုပ်ရှားနေတဲ့ အရှေ့အလယ်ပိုင်းဒေသ အကြမ်းဖက်အဖွဲ့နဲ့ ဆက်နွှယ်နေတဲ့ Khorasan ဒေသ အိုင်အက်စ် စစ်သွေးကြွအဖွဲ့ ISKP ကို တိုက်ထုတ်ဖို့ အာဖဂန်တပ်တွေက စစ်ဆင်ရေးလုပ်နေတာ ဖြစ်ပါတယ်။

အာဖဂန်မြို့တော် ကဘူးလ်မှာ လူနည်းစု ဆစ်ခ်တွေရဲ့ ဘုရားကျောင်းကို အသေခံဗုံးဖောက်ခွဲတာ ခံခဲ့ရပြီး ဝတ်ပြုသူ အနည်းဆုံး ၂၅ ဦး သေဆုံးခဲ့ရတဲ့ လွန်ခဲ့တဲ့ သီတင်း ၂ ပတ်က တိုက်ခိုက်မှုကို သူတို့လုပ်ဆောင်တာ ဖြစ်ကြောင်း ISKP အဖွဲ့က ကြေညာထားတာပါ။

ပါကစ္စတန်စစ်သွေးကြွ အများစုပါတဲ့ ဒီအဖွဲ့ကို အာဖဂန်နိုင်ငံထဲမှာ အမြစ်ပြတ်ရှင်းလင်းနိုင်ခဲ့တယ်လို့ အာဖဂန် အစိုးရကရော တာလီဘန်တွေကပါ ထပ်တလဲလဲ ပြောခဲ့တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

------------------------------------

(Unicode)







XS
SM
MD
LG