သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန်မှာ အကြီးတန်း IS စစ်သွေးကြွခေါင်းဆောင် ၃ ဦး ဖမ်းမိ


Laghman က isis စစ်သွေးကြွများ
Laghman က isis စစ်သွေးကြွများ

Zawgyi/Unicode

အာရှတိုက် ဒေသတချို့က အကြမ်းဖက်အုပ်စုတွေရဲ့ လှုပ်ရှားမှုကို ညွှန်ကြားခိုင်းစေနေတဲ့ IS အကြီးတန်း စစ်သွေးကြွခေါင်းဆောင် (၃)ဦးကို ဖမ်းဆီး ရမိထားတယ်လို့ အာဖဂန် ထောက်လှမ်းရေးဌာနက တနင်္လာနေ့မှာ ကြေညာလိုက်ပါတယ်။

အဲဒီ (၃)ဦးထဲမှာ Abu Omar Khorasani လို့ သိကြတဲ့ အာဖဂန်နိုင်ငံသားတဦး ပါဝင်ပြီး သူဟာ တောင်အာရှနဲ့ အာရှအရှေ့ဖျားဒေသကို တာဝန်ယူရသူ ဖြစ်တယ်ဆိုတာ ဖေါ်ထုတ် နိုင်ခဲ့ကြောင်း NDS ခေါ် အာဖဂန် အမျိုးသား ထောက်လှမ်းရေး အဖွဲ့က ပြောပါတယ်။ ကျန်သူ ၂ ဦးကတော့ IS တပ်ဖွဲ့ရဲ့ တောင်အာရှဆိုင်ရာ ပြည်သူ့ဆက်ဆံရေးနဲ့ ထောက်လှမ်းရေး အကြီးအကဲတွေ ဖြစ်ပါတယ်။

မကြာသေးခင်က ဖမ်းမိခဲ့တဲ့ IS တပ်ဖွဲ့ဝင်တွေရဲ့ ထုတ်ဖေါ် ပြောကြားချက်အရ အကြမ်းဖက်မှု တိုက်ဖျက်ရေးအဖွဲ့က Kabul မြို့တော်ထဲက နေရာတချို့ကို ဝင်ရောက် စီးနင်းခဲ့ပြီးနောက်မှာ ဒီခေါင်းဆောင် ၃ ဦးကို အခုလို ဖမ်းမိခဲ့တာလို့ အာဖဂန်ထောက်လှမ်းရေးက ပြောပါတယ်။

IS အတွက် လျှို့ဝှက်လှုပ်ရှားနေတယ်လို့ သံသယရှိသူတွေကို ဖေါ်ထုတ်နိုင်ဖို့ NDS အဖွဲ့ဟာ အာဖဂန်မြို့တော် ကာဘူးမှာ ဝင်ရောက်စီးနင်းရှာဖွေမှု မကြာခန လုပ်လေ့ရှိပါတယ်။ အဲဒီလိုရှာ ဖွေမှုအတွင်း Abdullah Orakzai လို့ လူသိကြတဲ့ ခေါင်းဆောင်တဦးကို သူ့နောက်လိုက် (၁၉)ဦးနဲ့အတူ ပြီးခဲ့တဲ့လက ဖမ်းမိခဲ့ပါတယ်။

[Unicode]





တိုက်ရိုက် လင့်ခ်


XS
SM
MD
LG