သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

IS တို့ရဲ့ အစ္စလာမ်နိုင်ငံတော်မျှော်မှန်းချက် ကျရှုံးသွားပြီလို့ ကန်သမ္မတကြေညာ


IS တွေကြွေးကြော်နေတဲ့ Caliphate အစ္စလာမ်နိုင်ငံတော်ထူထောင်ရေးဆိုတာ ကျရှုံးသွားပြီလို့ အမေရိကန်သမ္မတ Donald Trump က သူ့ တွစ်တာအကောင့်ကနေ ရေးပါတယ်။ ဒါ့အပြင် အဲဒီမှာရှိနေကြတဲ့ IS အကြမ်းဖက်အဖွဲ့ဝင်တွေကို သက်ဆိုင်ရာနိုင်ငံတွေအနေနဲ့ ပြန်လည်ခေါ်ယူ အရေးယူ ထိန်းသိမ်းထားဖို့ကိုလည်း သမ္မတ Trump က အမေရိကန်မဟာမိတ်တွေကို တိုက်တွန်းပါတယ်။

ဒီလိုမှ မလုပ်ရင်တော့ ဒီအကြမ်းဖက်သမားတွေဟာ သူတို့ မူလတိုင်းပြည်တွေကို ပြန်ဝင်ပြီး မငြိမ်မသက် မှုတွေဖြစ်အောင် လုပ်လာနိုင်တယ်လို့ သမ္မတ Trump က သတိပေးပါတယ်။ သမ္မတ Trump ဟာ ဖလော်ရီဒါ မှာရှိတဲ့ Mar-a-Lago သူ့ကိုယ်ပိုင် အပန်းဖြေစခန်းမှာ ရောက်ရှိနေပြီး အဲဒီကနေ တွစ်တာအကောင့်မှာ အခုလို ရေးသားတာပါ။

သောကြာနေ့ အိမ်ဖြူတော်မှာရှိစဉ်တုန်းကတော့ ဆီးရီယားနဲ့ပတ်သက်ပြီး Caliphate အယူအဆကို နှိမ်နင်းအောင်မြင်ခဲ့တဲ့အပေါ် ကြီးကြီးမားမား ကြေညာပြောဆိုစရာရှိတယ်လို့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ အဲဒီနောက် စနေနေ့မှာတော့ IS တို့ရဲ့ Caliphate အစ္စလာမ်နိုင်ငံတော်ထူထောင်ရေးဆိုတာ ကျရှုံးသွားပြီလို့ တွစ်တာကနေ အခုလို ကြေညာပြောဆိုတာပါ။ တချိန်တည်းမှာပဲ သူ့ မဟာမိတ်တွေကိုလည်း တိုက်တွန်းချက် ရေးသားပါတယ်။

ဆီးရီယားမှာ ဖမ်းမိထားတဲ့ ISIS ၈၀၀ ကျော်ကို ပြန်လည်ခေါ်ယူပြီး၊ တရားရုံးတင်အရေးယူဖို့ ဗြိတိန် ပြင်သစ် ဂျာမဏီနဲ့ အခြား ဥရောပမဟာမိတ်တေ ွကို အမေရိကန်ပြည်ထောင်စုအနေနဲ့ တိုက်တွန်းပါတယ်လို့ တွစ်တာအကောင့်ကနေ သမ္မတ Trump ရေးသားခဲ့တာပါ။ ဒါမှမဟုတ်ရင်တော့ သူတို့ကို လွှတ်ပေးရမယ့်အခြေအနေမှာရှိနေပြီး ဒါဟာ အလားအလာကောင်းတော့မဟုတ်ဘူးလို့ သမ္မတ Trump က ရေးပါတယ်။

ဥရောပ ဖက်က လာကြတဲ့ ဒီ ISIS တိုက်ခိုက်ရေးသမားတွေဟာ ဥရောပဖက်ကိုပဲ ပြန်သွားဖွယ်ရှိပြီး၊ ပြန့်ကျဲသွားတဲ့ သူတို့ကို အမေရိကန်အနေနဲ့ စောင့်ကြည့်တာ မလုပ်ချင်ဘူးလို့ သမတ Trump က ရေးပါတယ်။ မနေ့ စနေနေ့ကတော့ အမေရိကန်နောက်ခံပေးထားတဲ့ Syrai Democratic Forces က တပ်မှုးက သတင်းစာရှင်းလင်းပွဲလုပ်ရာမှာ ဆီးရီယားအရှေ့ခြမ်းက IS ရဲ့ နောက်ဆုံးလက်ကျန်နေရာတွေကို ရှင်းလင်းနေရာမှာ၊ အဆုံးသတ်လုပြီလို့ ပြောခဲ့ပါတယ်။

ဒါပေမယ့်လည်း အဆုံးသတ်ရှင်းလင်းရေးမှာ အကြောင်းကြောင်းတွေကြောင့် နှေးကွေးနေပြီး၊ ဆီးရီယားတပ်ရော အမေရိကန်ညွှန်ပေါင်းတပ်က အရာရှိတွေကပါ သတိအတော်ထားနေရပါတယ်။ အရပ်သားဒုက္ခသည်တွေထွက်ပြေးလာတာကြောင့် ရန်သူလား ဒုက္ခသည်လားမသဲမကွဲဖြစ်နေသလို၊ အဲဒီနေရာတွေကို သိမ်းမိရင်လည်း IS စစ်သွေးကြဟာ ပြန့်ကြဲထွက်သွားပြီး အခြားနေရာတွေမှာ အန္တရာယ်ပေးနိုင်မယ့်အနေအထားမျိုးလည်း စိုးရိမ်စရာဖြစ်နေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG