သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

IS နဲ့သွားပူးပေါင်းခဲ့သူ အမျိုးသမီး ကန် ပြန်လည်လက်ခံမည် မဟုတ်


IS နဲ့သွားပူးပေါင်းခဲ့သူ Hoda Muthana
IS နဲ့သွားပူးပေါင်းခဲ့သူ Hoda Muthana

IS စစ်သွေးကြွတွေနဲ့ ဆီးရီးယားနိုင်ငံမှာ သွားရောက်ပူးပေါင်းခဲ့သူ အမေရိကန်ဖွား အမျိုးသမီးတဦးကို အမေရိကန်ပြည် ထောင်စုကိုပြန်လာဖို့ လက်မခံသင့်သလို၊ သူဟာ အမေရိကန်နိုင်ငံသား လည်းမဟုတ်ဘူးလို့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး Mike Pompeo ကပြောလိုက်ပါတယ်။ သူ့ရဲ့ဖခင်ဟာ ယီမင်သံတမန်တဦးဖြစ်ခဲ့တာကြောင့် သူဟာအမေရိကန်နိုင်ငံ သား မဟုတ်ဘူးလို့ ဆိုပါတယ်။

အသက်၂၄နှစ်အရွယ် Hoda Muthana ဆိုတဲ့အမျိုးသမီးဟာ အမေရိကန်ရဲ့တရား စီရင်မှု ကို ခံလိုကြောင်း သူ့ရဲ့ရှေ့နေကပြောတယ်ဆိုပေမယ့် သူဟာ အနောက်တိုင်းသားတွေကို သတ်ဖြတ်မယ်လို့ သူ့ရဲ့အင်တာ နက်လူမှုကွန်ယက်မှာကြွေးကြော်ပြီး ဆီးရီးယားနိုင်ငံကို ထွက်ခွာသွားသူဖြစ်ကြောင်း၊ သူ့ကိုအမေရိကန် ပြန်လာခွင့်မပေးဖို့ နိုင်ငံခြားရေးဝန်ကြီးပွန်ပီယိုကို အမိန့်ပေးထားတယ်လို့ သမ္မတဒေါ်နလ်ထရမ့် ကပြောပါတယ်။

ဒီအမျိုးသမီးဟာ အမေရိကန်မှာမွေးဖွားတာ ဟုတ်ချင်ဟုတ်မယ်၊ ဒါပေမဲ့ အမေရိကန်နိုင်ငံသား မဟုတ်သလို အမေရိကန်နိုင်ငံသားအဖြစ်အကျုံးဝင် တဲ့သူလည်းမဟုတ်ဘူး၊ သူ့ရဲ့ဖခင်က သံတမန်တဦးဖြစ်တာကြောင့်လို့ ဝန်ကြီးပွန်ပီယိုကပြောပါတယ်။ Hoda Muthana ဟာ IS စစ်သွေးကြွသုံးဦးနဲ့ လက်ထပ်ပေါင်းသင်းထားပြီး ကလေးတဦးမွေးဖွါးထားပါတယ်။

IS နဲ့သွားပူးပေါင်းခဲ့သူ အမျိုးသမီး ကန် ပြန်လည်လက်ခံမည် မဟုတ်
please wait

No media source currently available

0:00 0:00:59 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG